UEC နှင့် ရုရှား ဗဟိုရွေးကောက်ပွဲကော်မရှင်တို့အကြား ရွေးကောက်ပွဲကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ရန် MOU ရေးထိုးနိုင်ရေးပြင်ဆင်နေ

 422

မျိုးကြီး (NP News) - မေ ၃၁

UEC နှင့် ရုရှားနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်တို့အကြား ရွေးကောက်ပွဲကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ရန် MOU ရေးထိုးနိုင်ရေး ဆောင်ရွက်နေကြောင်း ကော်မရှင်ဥက္ကဋ္ဌဦးသိန်းစိုးက ပြောသည်။

၎င်းက ယမန်နေ့(မေလ ၃ဝ ရက်)တွင် နေပြည်တော်ရှိ ကော်မရှင်ရုံး၌ ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော်ဒုဥက္ကဋ္ဌ H.E. Mr. Sholban Kara-Ool ဦးဆောင်အဖွဲ့နှင့်တွေ့ဆုံစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာ၌ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှု၊ ကျင်းပမည့်ရွေးကောက်ပွဲများတွင် အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးဆောင်ရွက်မည့်အခြေအနေများကိုလည်း ဥက္ကဋ္ဌဦးသိန်းစိုးက ရှင်းလင်းပြောဆိုခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရုရှားနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်တို့အကြား ရွေး ကောက်ပွဲဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်နိုင်ရန် နားလည်မှုစာချွန်လွှာ(MOU) လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်နေကြောင်းလည်း ၎င်းက ဆက်လက်အသိပေးပြောဆိုခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ရွေးကောက်ပွဲများကျင်းပရာ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၊ လွှတ် တော်ကိုယ်စားလှယ်လောင်းများနှင့် မဲဆန္ဒရှင်ပြည်သူများက ယုံကြည်လက်ခံသော လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲများဖြစ်ရန် ဆောင်ရွက်မည်ကြောင်း ကော်မရှင်ဘက်က ကြေညာထားသည်။

ထို့ပြင် ၎င်းက ပြီးခဲ့သော ရွေးကောက်ပွဲများ၏ အားနည်းချက်များကို လေ့လာသုံးသပ်ကာ လာမည့်ရွေးကောက်ပွဲများတွင် မဲမသမာမှုများမဖြစ်ရန် ဥပဒေများကို ဆောင်ရွက်ထားကြောင်းလည်း ပြောဆိုထားသည်။

လာမည့်ရွေးကောက်ပွဲများတွင် နိုင်ငံရေးပါတီများအနေဖြင့် မဲစာရင်းပြုစုခြင်းလုပ်ငန်းစဉ်များကို လေ့လာစောင့်ကြည့်ခွင့်နှင့် ပူးပေါင်းဆောင်ရွက်ခွင့်များကို ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီအားလုံးကို ဥပဒေနှင့်အညီဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံရေးပါတီများအား တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များပြုရာတွင်လည်း ပြဋ္ဌာန်းထားသော ဥပဒေနှင့်အညီဆောင်ရွက်ထားခြင်း ရှိ၊ မရှိကို စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၌ ကျင်းပမည့် ရွေးကောက်ပွဲအား ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဒူးမားလွှတ်တော်ဒုဥက္ကဋ္ဌက နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အသိပေးပြောဆိုခဲ့သည်။

zawgyi version
UEC ႏွင့္ ႐ုရွား ဗဟိုေ႐ြးေကာက္ပြဲေကာ္မရွင္တို႔အၾကား ေ႐ြးေကာက္ပြဲကိစၥရပ္မ်ားကို ပူးေပါင္းေဆာင္႐ြက္ရန္ MOU ေရးထိုးႏိုင္ေရး ျပင္ဆင္ေန

မ်ိဳးႀကီး (NP News) - ေမ ၃၁

UEC ႏွင့္ ႐ုရွားႏိုင္ငံ၊ ဗဟိုေ႐ြးေကာက္ပြဲေကာ္မရွင္တို႔အၾကား ေ႐ြးေကာက္ပြဲကိစၥရပ္မ်ားကို ပူးေပါင္းေဆာင္႐ြက္ရန္ MOU ေရးထိုးႏိုင္ေရး ေဆာင္႐ြက္ေနေၾကာင္း ေကာ္မရွင္ဥကၠ႒ဦးသိန္းစိုးက ေျပာသည္။

၎က ယမန္ေန႔(ေမလ ၃ဝ ရက္)တြင္ ေနျပည္ေတာ္ရွိ ေကာ္မရွင္႐ုံး၌ ႐ုရွားႏိုင္ငံ၊ ဒူးမားလႊတ္ေတာ္ဒုဥကၠ႒ H.E. Mr. Sholban Kara-Ool ဦးေဆာင္အဖြဲ႕ႏွင့္ေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

ထိုသို႔ေတြ႕ဆုံရာ၌ လြတ္လပ္ၿပီးတရားမွ်တေသာ ေ႐ြးေကာက္ပြဲက်င္းပေပးႏိုင္ေရးအတြက္ ျပင္ဆင္ေဆာင္႐ြက္ေနမႈ၊ က်င္းပမည့္ေ႐ြးေကာက္ပြဲမ်ားတြင္ အခ်ိဳးက်ကိုယ္စားျပဳစနစ္ က်င့္သုံးေဆာင္႐ြက္မည့္အေျခအေနမ်ားကိုလည္း ဥကၠ႒ဦးသိန္းစိုးက ရွင္းလင္းေျပာဆိုခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ႏွင့္ ႐ုရွားႏိုင္ငံ၊ ဗဟိုေ႐ြးေကာက္ပြဲေကာ္မရွင္တို႔အၾကား ေ႐ြး ေကာက္ပြဲဆိုင္ရာကိစၥရပ္မ်ားႏွင့္စပ္လ်ဥ္း၍ ပူးေပါင္းေဆာင္႐ြက္ႏိုင္ရန္ နားလည္မႈစာခြၽန္လႊာ(MOU) လက္မွတ္ေရးထိုးႏိုင္ေရး ေဆာင္႐ြက္ေနေၾကာင္းလည္း ၎က ဆက္လက္အသိေပးေျပာဆိုခဲ့သည္။

ျမန္မာႏိုင္ငံအေနျဖင့္ ေ႐ြးေကာက္ပြဲမ်ားက်င္းပရာ၌ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ႏိုင္ငံေရးပါတီမ်ား၊ လႊတ္ ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားႏွင့္ မဲဆႏၵရွင္ျပည္သူမ်ားက ယုံၾကည္လက္ခံေသာ လြတ္လပ္ၿပီးတရားမွ်တသည့္ ေ႐ြးေကာက္ပြဲမ်ားျဖစ္ရန္ ေဆာင္႐ြက္မည္ေၾကာင္း ေကာ္မရွင္ဘက္က ေၾကညာထားသည္။

ထို႔ျပင္ ၎က ၿပီးခဲ့ေသာ ေ႐ြးေကာက္ပြဲမ်ား၏ အားနည္းခ်က္မ်ားကို ေလ့လာသုံးသပ္ကာ လာမည့္ေ႐ြးေကာက္ပြဲမ်ားတြင္ မဲမသမာမႈမ်ားမျဖစ္ရန္ ဥပေဒမ်ားကို ေဆာင္႐ြက္ထားေၾကာင္းလည္း ေျပာဆိုထားသည္။

လာမည့္ေ႐ြးေကာက္ပြဲမ်ားတြင္ ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ မဲစာရင္းျပဳစုျခင္းလုပ္ငန္းစဥ္မ်ားကို ေလ့လာေစာင့္ၾကည့္ခြင့္ႏွင့္ ပူးေပါင္းေဆာင္႐ြက္ခြင့္မ်ားကို ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေ႐ြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ ႏိုင္ငံေရးပါတီအားလုံးကို ဥပေဒႏွင့္အညီေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ႏိုင္ငံေရးပါတီမ်ားအား တည္ေထာင္ခြင့္ႏွင့္ မွတ္ပုံတင္ခြင့္မ်ားျပဳရာတြင္လည္း ျပ႒ာန္းထားေသာ ဥပေဒႏွင့္အညီေဆာင္႐ြက္ထားျခင္း ရွိ၊ မရွိကို စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။

႐ုရွားႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံ၌ က်င္းပမည့္ ေ႐ြးေကာက္ပြဲအား ကူညီေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ဒူးမားလႊတ္ေတာ္ဒုဥကၠ႒က နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္အား အသိေပးေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.