ရုရှားပိုင်နက်တွေကို တိုက်ခိုက်မယ့် ယူကရိန်းရဲ့လုပ်ရပ်များကို အားပေးထောက်ခံမှာမဟုတ်ကြောင်း အမေရိကန်အစိုးရပြော

 2558

ဂျန်ဇက် (NP News) - မေ ၃၁

အမေရိကန်နိုင်ငံအနေနဲ့ ရုရှားပိုင်နက်တွေကိုတိုက်ခိုက်မယ့် ယူကရိန်းရဲ့တိုက်ခိုက်မှုတွေကို အားပေးထောက်ခံမှာ မဟုတ်ကြောင်း၊ ယူကရိန်းပိုင်နက်အတွင်းရှိ ရုရှားသိမ်းယူထားတဲ့နယ်မြေများ ပြန်လည်ရရှိရေးအတွက်သာ အားပေးထောက်ခံမှာဖြစ်ကြောင်း အမေရိကန်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အမေရိကန်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူက "ရုရှားကို ဒရုန်းနဲ့တိုက်ခိုက်မှုဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး သတင်း အချက်လက်များကို စုံစမ်းနေတယ်။ ကျွန်တော်တို့ဟာ ရုရှားပိုင်နက်တွေကို ပစ်မှတ်ထားတဲ့ ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေကို ထောက်ခံမှာမဟုတ်ဘူး။ အမေရိကန်အစိုးရဟာ ယူကရိန်းကို သိမ်းပိုက်ခံထားရတဲ့နယ်မြေ တွေ ပြန်လည်ရရှိစေဖို့ လေ့ကျင့်သင်ကြားမှုတွေ၊ စစ်လက်နက်ပစ္စည်းကူညီထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်" လို့ ပြောပါတယ်။

ရုရှားက ယူကရိန်းဟာ မေလ ၃ဝ ရက်မှာ ရုရှားပိုင်နက်နယ်မြေအချို့ကို ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ကြောင်း၊ အဲဒီ တိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြောပါတယ်။ ရုရှားသမ္မတပူတင်က ရုရှားပိုင်နက်တွေကိုတိုက်ခိုက်တဲ့ ယူကရိန်းရဲ့တိုက်ခိုက်မှုဟာ ရုရှားပြည်သူတွေကို စိုးရိမ်ကြောက်ရွံ့မှု ဖြစ်စေဖို့နဲ့ ရုရှားကို ရန်စနေခြင်းမျိုးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရုရှားရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာ မော်စကိုမြို့ဝန်းကျင်နားမှာ ပိုမိုဖြန့်ကြတ်ချထားပြီး ယူကရိန်းရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုတွေကို အကောင်းဆုံး တုံ့ပြန် နိုင်ခဲ့တယ်လို့ သိရပါတယ်။

အမေရိကန် နဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ ယူကရိန်းကို ရုရှားနိုင်ငံပိုင်နက်တွေကို သွားရောက်မတိုက်ခိုက်ဖို့ အစောပိုင်းကတည်းက သတိပေးထားကြောင်း သိရပါတယ်။ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေ ဟာ ရုရှားတို့သိမ်းပိုက်ခံထားရတဲ့ပိုင်နက်များ ပြန်လည်ရရှိစေဖို့ ယူကရိန်းကို စစ်ရေးအကူအညီများပေးနေကြောင်း သိရပါတယ်။

ယူကရိန်းဟာ ဒီလအစောပိုင်းတုန်းကလည်း ရုရှားသမ္မတပူတင်ကို ဒရုန်းနဲ့ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့ပြီး မေလ ၃ဝ ရက်က ပြုလုပ်ခဲ့တဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုဟာ ရုရှားသမ္မတပူတင် နဲ့ ရုရှားအစိုးရတာဝန်ရှိသူများကို လုပ်ကြံ ဖို့ ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version;
႐ုရွားပိုင္နက္ေတြကို တိုက္ခိုက္မယ့္ ယူကရိန္းရဲ႕လုပ္ရပ္မ်ားကို အားေပးေထာက္ခံမွာမဟုတ္ေၾကာင္း အေမရိကန္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - ေမ ၃၁

အေမရိကန္ႏိုင္ငံအေနနဲ႔ ႐ုရွားပိုင္နက္ေတြကိုတိုက္ခိုက္မယ့္ ယူကရိန္းရဲ႕တိုက္ခိုက္မႈေတြကို အားေပးေထာက္ခံမွာ မဟုတ္ေၾကာင္း၊ ယူကရိန္းပိုင္နက္အတြင္းရွိ ႐ုရွားသိမ္းယူထားတဲ့နယ္ေျမမ်ား ျပန္လည္ရရွိေရးအတြက္သာ အားေပးေထာက္ခံမွာျဖစ္ေၾကာင္း အေမရိကန္အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။

အေမရိကန္အစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူက "႐ုရွားကို ဒ႐ုန္းနဲ႔တိုက္ခိုက္မႈျဖစ္ပြားခဲ့တာနဲ႔ပတ္သက္ၿပီး သတင္း အခ်က္လက္မ်ားကို စုံစမ္းေနတယ္။ ကြၽန္ေတာ္တို႔ဟာ ႐ုရွားပိုင္နက္ေတြကို ပစ္မွတ္ထားတဲ့ ယူကရိန္းရဲ႕ တိုက္ခိုက္မႈေတြကို ေထာက္ခံမွာမဟုတ္ဘူး။ အေမရိကန္အစိုးရဟာ ယူကရိန္းကို သိမ္းပိုက္ခံထားရတဲ့နယ္ေျမ ေတြ ျပန္လည္ရရွိေစဖို႔ ေလ့က်င့္သင္ၾကားမႈေတြ၊ စစ္လက္နက္ပစၥည္းကူညီေထာက္ပံ့ေပးေနတာ ျဖစ္ပါတယ္" လို႔ ေျပာပါတယ္။

႐ုရွားက ယူကရိန္းဟာ ေမလ ၃ဝ ရက္မွာ ႐ုရွားပိုင္နက္နယ္ေျမအခ်ိဳ႕ကို ဒ႐ုန္းေတြနဲ႔တိုက္ခိုက္ခဲ့ေၾကာင္း၊ အဲဒီ တိုက္ခိုက္မႈေၾကာင့္ အရပ္သားႏွစ္ဦး ထိခိုက္ဒဏ္ရာရခဲ့ေၾကာင္း ေျပာပါတယ္။ ႐ုရွားသမၼတပူတင္က ႐ုရွားပိုင္နက္ေတြကိုတိုက္ခိုက္တဲ့ ယူကရိန္းရဲ႕တိုက္ခိုက္မႈဟာ ႐ုရွားျပည္သူေတြကို စိုးရိမ္ေၾကာက္႐ြံ႕မႈ ျဖစ္ေစဖို႔နဲ႔ ႐ုရွားကို ရန္စေနျခင္းမ်ိဳးျဖစ္တယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ ႐ုရွားရဲ႕ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြဟာ ေမာ္စကိုၿမိဳ႕ဝန္းက်င္နားမွာ ပိုမိုျဖန႔္ၾကတ္ခ်ထားၿပီး ယူကရိန္းရဲ႕ ဒ႐ုန္းနဲ႔တိုက္ခိုက္မႈေတြကို အေကာင္းဆုံး တုံ႔ျပန္ ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

အေမရိကန္ နဲ႔ အေနာက္အုပ္စုႏိုင္ငံေတြဟာ ယူကရိန္းကို ႐ုရွားႏိုင္ငံပိုင္နက္ေတြကို သြားေရာက္မတိုက္ခိုက္ဖို႔ အေစာပိုင္းကတည္းက သတိေပးထားေၾကာင္း သိရပါတယ္။ အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံေတြ ဟာ ႐ုရွားတို႔သိမ္းပိုက္ခံထားရတဲ့ပိုင္နက္မ်ား ျပန္လည္ရရွိေစဖို႔ ယူကရိန္းကို စစ္ေရးအကူအညီမ်ားေပးေနေၾကာင္း သိရပါတယ္။

ယူကရိန္းဟာ ဒီလအေစာပိုင္းတုန္းကလည္း ႐ုရွားသမၼတပူတင္ကို ဒ႐ုန္းနဲ႔ လုပ္ႀကံသတ္ျဖတ္ဖို႔ ႀကိဳးပမ္းခဲ့ၿပီး ေမလ ၃ဝ ရက္က ျပဳလုပ္ခဲ့တဲ့ ဒ႐ုန္းနဲ႔တိုက္ခိုက္မႈဟာ ႐ုရွားသမၼတပူတင္ နဲ႔ ႐ုရွားအစိုးရတာဝန္ရွိသူမ်ားကို လုပ္ႀကံ ဖို႔ ရည္႐ြယ္ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.