မြောက်ကိုရီးယား၏ ပထမဆုံးစစ်ဖက်သုံးစပိုင်ဂြိုလ်တု လွှတ်တင်ပြီးနောက် ပျက်ကျခဲ့ဟုဆို

 1440

Pika (NP News) - မေ ၃၁

မြောက်ကိုရီးယားနိုင်ငံ၏ ပထမဆုံးစစ်ဖက်သုံးစပိုင်ဂြိုလ်တုသည် လွှတ်တင်ခဲ့ပြီးနောက် အဆိုပါဂြိုလ်တုကို သယ်ဆောင်လာသော ဒုံးပျံ အင်ဂျင်ချို့ယွင်းသွားခဲ့ခြင်းကြောင့် ပင်လယ်ဝါထဲသို့ ပျက်ကျသွားခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရက ပြောကြားခဲ့သည်။

မေလ(၃၁)ရက်က လွှတ်တင်လိုက်သော စစ်ဖက်သုံးစပိုင်ဂြိုလ်တုသယ်ဆောင်ထားသည့် ဒုံးပျံသည် အင်ဂျင် ချို့ယွင်းမှုကြောင့် တွန်းအားဆုံးရှုံးသွားကာ ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း KCNA သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

အင်ဂျင်နီယာများသည် ဒုံးပျံ၏ ချို့ယွင်းချက်များကို လေ့လာသုံးသပ်ခဲ့ပြီး နောက်ထပ်ပစ်လွှတ်မှုကို တတ်နိုင်သမျှ အမြန်ဆုံးကြိုးပမ်းသွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရတာဝန်ရှိသူများက ပြောကြားခဲ့သည်။ မြောက်ကိုရီးယားသည် စစ်ဖက်သုံး စပိုင်ဂြိုလ်တုသယ်ဆောင်ထားသည့် ဒုံးပျံကို လွှတ်တင်ခဲ့ကြောင်း တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များက အတည်ပြုခဲ့ပြီး အဆိုပါဒုံးပျံသည် Eocheong ကျွန်း၏ အနောက်ဘက် ကီလိုမီတာ(၂ဝဝ) အကွာတွင် ပျက်ကျခဲ့ကြောင်း ပြောကြားခဲ့သည်။

မေလ(၃၁)ရက် အစောပိုင်းက တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် အချက်ပေးဥဩသံများ ထွက်ပေါ်လာခဲ့သော် လည်း သတိပေးချက်ကို မှားယွင်းစွာဖွင့်ခဲ့မိခြင်းဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများက နောက်ပိုင်းတွင် ပြောကြားခဲ့ သည်။ ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါစီရင်စုတွင်လည်း အရေးသတိပေးချက်စနစ်နှင့်ပတ်သက်ပြီး သတိပေး ချက်များ ထုတ်ပြန်ထားကြောင်းလည်း သိရသည်။

အဆိုပါဒုံးပျံသည် ဂျပန်နိုင်ငံပိုင်နက်ကို ဖြတ်ကျော်ပျံသန်းခဲ့ခြင်းမျိုးမရှိကြောင်း ဂျပန်အစိုးရက နောက်ပိုင်းတွင် ပြောကြားခဲ့သည်။ စစ်ဖက်သုံးစပိုင်ဂြိုလ်တုကို မေလ(၃၁)ရက်မှ ဇွန်လ(၁၁)ရက်အတွင်း လွှတ်တင်သွားမည်ဖြစ် ကြောင်း မြောက်ကိုရီးယားအစိုးရက ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ကို မေလ(၂၉)ရက်က သတိပေးပြောဆိုခဲ့သည်။

Zawgyi Version;
ေျမာက္ကိုရီးယား၏ ပထမဆုံးစစ္ဖက္သုံးစပိုင္ၿဂိဳလ္တု လႊတ္တင္ၿပီးေနာက္ ပ်က္က်ခဲ့ဟုဆို
Pika (NP News) - ေမ ၃၁

ေျမာက္ကိုရီးယားႏိုင္ငံ၏ ပထမဆုံးစစ္ဖက္သုံးစပိုင္ၿဂိဳလ္တုသည္ လႊတ္တင္ခဲ့ၿပီးေနာက္ အဆိုပါၿဂိဳလ္တုကို သယ္ေဆာင္လာေသာ ဒုံးပ်ံ အင္ဂ်င္ခ်ိဳ႕ယြင္းသြားခဲ့ျခင္းေၾကာင့္ ပင္လယ္ဝါထဲသို႔ ပ်က္က်သြားခဲ့ေၾကာင္း ေျမာက္ကိုရီးယားအစိုးရက ေျပာၾကားခဲ့သည္။

ေမလ(၃၁)ရက္က လႊတ္တင္လိုက္ေသာ စစ္ဖက္သုံးစပိုင္ၿဂိဳလ္တုသယ္ေဆာင္ထားသည့္ ဒုံးပ်ံသည္ အင္ဂ်င္ ခ်ိဳ႕ယြင္းမႈေၾကာင့္ တြန္းအားဆုံးရႈံးသြားကာ ပ်က္က်သြားခဲ့ျခင္းျဖစ္ေၾကာင္း KCNA သတင္းဌာန၏ ေဖာ္ျပခ်က္အရ သိရသည္။

အင္ဂ်င္နီယာမ်ားသည္ ဒုံးပ်ံ၏ ခ်ိဳ႕ယြင္းခ်က္မ်ားကို ေလ့လာသုံးသပ္ခဲ့ၿပီး ေနာက္ထပ္ပစ္လႊတ္မႈကို တတ္ႏိုင္သမွ် အျမန္ဆုံးႀကိဳးပမ္းသြားမည္ျဖစ္ေၾကာင္း ေျမာက္ကိုရီးယားအစိုးရတာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။ ေျမာက္ကိုရီးယားသည္ စစ္ဖက္သုံး စပိုင္ၿဂိဳလ္တုသယ္ေဆာင္ထားသည့္ ဒုံးပ်ံကို လႊတ္တင္ခဲ့ေၾကာင္း ေတာင္ကိုရီးယားပူးတြဲစစ္ဦးစီးခ်ဳပ္မ်ားက အတည္ျပဳခဲ့ၿပီး အဆိုပါဒုံးပ်ံသည္ Eocheong ကြၽန္း၏ အေနာက္ဘက္ ကီလိုမီတာ(၂ဝဝ) အကြာတြင္ ပ်က္က်ခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။

ေမလ(၃၁)ရက္ အေစာပိုင္းက ေတာင္ကိုရီးယားႏိုင္ငံ ဆိုးလ္ၿမိဳ႕တြင္ အခ်က္ေပးဥဩသံမ်ား ထြက္ေပၚလာခဲ့ေသာ္ လည္း သတိေပးခ်က္ကို မွားယြင္းစြာဖြင့္ခဲ့မိျခင္းျဖစ္ေၾကာင္း အစိုးရတာဝန္ရွိသူမ်ားက ေနာက္ပိုင္းတြင္ ေျပာၾကားခဲ့ သည္။ ဂ်ပန္ႏိုင္ငံေတာင္ပိုင္း အိုကီနာဝါစီရင္စုတြင္လည္း အေရးသတိေပးခ်က္စနစ္ႏွင့္ပတ္သက္ၿပီး သတိေပး ခ်က္မ်ား ထုတ္ျပန္ထားေၾကာင္းလည္း သိရသည္။

အဆိုပါဒုံးပ်ံသည္ ဂ်ပန္ႏိုင္ငံပိုင္နက္ကို ျဖတ္ေက်ာ္ပ်ံသန္းခဲ့ျခင္းမ်ိဳးမရွိေၾကာင္း ဂ်ပန္အစိုးရက ေနာက္ပိုင္းတြင္ ေျပာၾကားခဲ့သည္။ စစ္ဖက္သုံးစပိုင္ၿဂိဳလ္တုကို ေမလ(၃၁)ရက္မွ ဇြန္လ(၁၁)ရက္အတြင္း လႊတ္တင္သြားမည္ျဖစ္ ေၾကာင္း ေျမာက္ကိုရီးယားအစိုးရက ဂ်ပန္ကမ္းေျခေစာင့္တပ္ဖြဲ႕ကို ေမလ(၂၉)ရက္က သတိေပးေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.