အမေရိကန်နိုင်ငံတွင် အကြမ်းဖက်ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားခဲ့ပြီး ချီကာဂိုမြို့တွင် ပစ်ခတ်မှုများကြောင့် အနည်းဆုံး (၁၁)ဦး သေဆုံး

 492

Pika (NP News) - မေ ၃၁

အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ် ချီကာဂိုမြို့တွင် အားလပ်ရက် သီတင်းပတ်အတွင်း သေနတ်ပစ်ခတ်မှုများ ကြောင့် အနည်းဆုံး လူ(၅၈)ဦး သေနတ်ထိမှန်ခဲ့ပြီး လူ(၁၁)ဦးသေဆုံးခဲ့ကြောင်း သိရသည်။

သေနတ်ပစ်ခတ်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် နေအိမ်အတွင်းတွင် ပစ်ခတ်ခံရမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကလေးငယ် (၂)ဦးလည်း ပါဝင်ကြောင်းသိရသည်။ ပစ်ခတ်မှုအားလုံးသည် မေလ(၂၆) ရက်၊ ညနေ(၆)နာရီအချိန်မှ မေလ(၂၉)ရက် ည(၁၁)နာရီ (၅၉)မိနစ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံး သူများမှာ အသက်(၂)နှစ်အရွယ်မှ အသက်(၇၇)နှစ်အရွယ်အထိ ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သိရသည်။

အဆိုပါပစ်ခတ်မှုသည် ချီကာဂိုမြို့တွင် (၈)နှစ်အတွင်း လူအသေအပျောက် အများဆုံး အားလပ်ရက်သီတင်းပတ် ဖြစ်ခဲ့ပြီး ယခုလအစောပိုင်းတွင် မြို့တော်ဝန်ဘရန်ဒန်ဂျွန်ဆင် တာဝန်ယူပြီးနောက် လူအသေအပျောက်များသော ပထမဆုံး အားလပ်ရက်သီတင်းပတ်တစ်ခုဖြစ်ခဲ့သည်။

အဆိုပါအကြမ်းဖက်မှုများတွင် သေနတ်ဖြင့် ပစ်ခတ်မှုတင်မဟုတ်ဘဲ ဓါးဖြင့် ထိုးမှုများလည်း ပါဝင်ကြောင်း သိရသည်။ မေလ(၂၇)ရက် အစောပိုင်းက Austin ရပ်ကွက်ရှိ မြို့တော်ဝန်ဘရန်ဒန်ဂျွန်ဆင်၏ နေအိမ်မှ (၂)ဘလောက်အကွာတွင် ဓါးဖြင့်ထိုးသတ်ခံထားရသော အမျိုးသမီးကို တွေ့ရှိခဲ့သည်။

ထို့အပြင် မေလ(၂၉)ရက် ညနေပိုင်းက မြို့တော်ဝန်နေအိမ်မှ (၅)ဘလောက်အကွာခန့်တွင် အသက်(၃၆)နှစ်အရွယ် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မေလ(၂၈)ရက်က ဖြစ်ပွားခဲ့သော ပစ်ခတ်မှုတွင် အသက်(၂)နှစ်အရွယ် ကလေးငယ်များလည်းပါဝင်ခဲ့ကြောင်း သိရသည်။ အသက်(၃၄) နှစ်အရွယ် ဝီလျံဟဲ အပါအဝင် လူအများအပြားသည် လမ်းဘေးတွင် ရပ်နေစဉ် သေနတ်သမားများ သည် ကားပေါ်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသား၏ အစ်ကိုဖြစ်သူမက်သရူးဟဲ က "ကျွန်တော့်ညီရဲ့နေအိမ်ကနေ သုံးဘလောက်အကွာမှာ ကားတစ်စီးမောင်းနှင်လာခဲ့ပြီး လမ်းဘေးမှာ ရပ်နေတဲ့လူတွေကို သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ သေနတ်သံ နှစ်ချက် ကြားခဲ့ရပါတယ်။ သူတို့က ပိုက်ဆံလည်း မတောင်းပါဘူး။ ဘာအကြောင်းပြချက်မှမရှိဘဲ ပစ်ခတ်ခဲ့ကြတာ ပါ" ဟု ပြောဆိုခဲ့သည်။

အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်ပြီး သံသယရှိသူများကို ဖမ်းဆီးနိုင်ခြင်းမျိုး မရှိသေးကြောင်း သိရသည်။ အားလပ်ရပ် သီတင်းပတ်တွင် အမေရိကန်နိုင်ငံတစ်ဝှမ်း ပစ်ခတ်မှုများကြောင့် အနည်းဆုံးလူ(၁၆)ဦးသေဆုံးခဲ့ပြီး ဒါဇင်ချီ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖလော်ရီဒါပြည်နယ် ဟောလီးဝုဒ်တွင် မေလ(၂၉)ရက် ညနေပိုင်းက ကမ်းခြေတစ်ခုတွင် လူအုပ်စုနှစ်ခုကြား ခိုက်ရန်ဖြစ်ပွားမှုများကြောင့် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး လူ(၉) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ချီကာဂိုမြို့တွင် အားလပ်ရက်သီတင်းပတ်အတွင်း ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ် အောက်မေ့ဖွယ်သီတင်းပတ်ကုန်က ချီကာဂိုမြို့တွင် သေနတ်ပစ်ခတ်မှုများကြောင့် လူ(၉)ဦး သေဆုံးခဲ့ပြီး အခြားလူ(၄၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အမေရိကန်နိုင်ငံတွင် သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားမှုမြင့်တက်လျက်ရှိနေပြီး ယခုနှစ်အတွင်း ပစ်ခတ်မှုပေါင်း(၂ဝဝ) ကျော်ဖြစ်ပွားခဲ့ပြီး လူပေါင်း အနည်းဆုံး (၃၅ဝ) ကျော် သေဆုံးထားကြောင်းသိရသည်။

Zawgyi Version;
အေမရိကန္ႏိုင္ငံတြင္ အၾကမ္းဖက္ပစ္ခတ္မႈမ်ား ထပ္မံျဖစ္ပြားခဲ့ၿပီး ခ်ီကာဂိုၿမိဳ႕တြင္ ပစ္ခတ္မႈမ်ားေၾကာင့္ အနည္းဆုံး (၁၁)ဦး ေသဆုံး
Pika (NP News) - ေမ ၃၁

အေမရိကန္ႏိုင္ငံ အီလီႏြိဳက္ျပည္နယ္ ခ်ီကာဂိုၿမိဳ႕တြင္ အားလပ္ရက္ သီတင္းပတ္အတြင္း ေသနတ္ပစ္ခတ္မႈမ်ား ေၾကာင့္ အနည္းဆုံး လူ(၅၈)ဦး ေသနတ္ထိမွန္ခဲ့ၿပီး လူ(၁၁)ဦးေသဆုံးခဲ့ေၾကာင္း သိရသည္။

ေသနတ္ပစ္ခတ္မႈမ်ားေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားထဲတြင္ ေနအိမ္အတြင္းတြင္ ပစ္ခတ္ခံရမႈမ်ားေၾကာင့္ ထိခိုက္ဒဏ္ရာရရွိခဲ့သည့္ ကေလးငယ္ (၂)ဦးလည္း ပါဝင္ေၾကာင္းသိရသည္။ ပစ္ခတ္မႈအားလုံးသည္ ေမလ(၂၆) ရက္၊ ညေန(၆)နာရီအခ်ိန္မွ ေမလ(၂၉)ရက္ ည(၁၁)နာရီ (၅၉)မိနစ္အတြင္း ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ထိခိုက္ေသဆုံး သူမ်ားမွာ အသက္(၂)ႏွစ္အ႐ြယ္မွ အသက္(၇၇)ႏွစ္အ႐ြယ္အထိ ျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕၏ ေျပာၾကားခ်က္အရ သိရသည္။

အဆိုပါပစ္ခတ္မႈသည္ ခ်ီကာဂိုၿမိဳ႕တြင္ (၈)ႏွစ္အတြင္း လူအေသအေပ်ာက္ အမ်ားဆုံး အားလပ္ရက္သီတင္းပတ္ ျဖစ္ခဲ့ၿပီး ယခုလအေစာပိုင္းတြင္ ၿမိဳ႕ေတာ္ဝန္ဘရန္ဒန္ဂြၽန္ဆင္ တာဝန္ယူၿပီးေနာက္ လူအေသအေပ်ာက္မ်ားေသာ ပထမဆုံး အားလပ္ရက္သီတင္းပတ္တစ္ခုျဖစ္ခဲ့သည္။

အဆိုပါအၾကမ္းဖက္မႈမ်ားတြင္ ေသနတ္ျဖင့္ ပစ္ခတ္မႈတင္မဟုတ္ဘဲ ဓါးျဖင့္ ထိုးမႈမ်ားလည္း ပါဝင္ေၾကာင္း သိရသည္။ ေမလ(၂၇)ရက္ အေစာပိုင္းက Austin ရပ္ကြက္ရွိ ၿမိဳ႕ေတာ္ဝန္ဘရန္ဒန္ဂြၽန္ဆင္၏ ေနအိမ္မွ (၂)ဘေလာက္အကြာတြင္ ဓါးျဖင့္ထိုးသတ္ခံထားရေသာ အမ်ိဳးသမီးကို ေတြ႕ရွိခဲ့သည္။

ထို႔အျပင္ ေမလ(၂၉)ရက္ ညေနပိုင္းက ၿမိဳ႕ေတာ္ဝန္ေနအိမ္မွ (၅)ဘေလာက္အကြာခန႔္တြင္ အသက္(၃၆)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ေသနတ္ျဖင့္ ပစ္ခတ္ခံရျခင္းေၾကာင့္ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။ ေမလ(၂၈)ရက္က ျဖစ္ပြားခဲ့ေသာ ပစ္ခတ္မႈတြင္ အသက္(၂)ႏွစ္အ႐ြယ္ ကေလးငယ္မ်ားလည္းပါဝင္ခဲ့ေၾကာင္း သိရသည္။ အသက္(၃၄) ႏွစ္အ႐ြယ္ ဝီလ်ံဟဲ အပါအဝင္ လူအမ်ားအျပားသည္ လမ္းေဘးတြင္ ရပ္ေနစဥ္ ေသနတ္သမားမ်ား သည္ ကားေပၚမွ ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ျခင္းလည္း ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသား၏ အစ္ကိုျဖစ္သူမက္သ႐ူးဟဲ က "ကြၽန္ေတာ့္ညီရဲ႕ေနအိမ္ကေန သုံးဘေလာက္အကြာမွာ ကားတစ္စီးေမာင္းႏွင္လာခဲ့ၿပီး လမ္းေဘးမွာ ရပ္ေနတဲ့လူေတြကို ေသနတ္နဲ႔ ပစ္ခတ္ခဲ့ပါတယ္။ ေသနတ္သံ ႏွစ္ခ်က္ ၾကားခဲ့ရပါတယ္။ သူတို႔က ပိုက္ဆံလည္း မေတာင္းပါဘူး။ ဘာအေၾကာင္းျပခ်က္မွမရွိဘဲ ပစ္ခတ္ခဲ့ၾကတာ ပါ" ဟု ေျပာဆိုခဲ့သည္။

အဆိုပါပစ္ခတ္မႈႏွင့္ပတ္သက္ၿပီး သံသယရွိသူမ်ားကို ဖမ္းဆီးႏိုင္ျခင္းမ်ိဳး မရွိေသးေၾကာင္း သိရသည္။ အားလပ္ရပ္ သီတင္းပတ္တြင္ အေမရိကန္ႏိုင္ငံတစ္ဝွမ္း ပစ္ခတ္မႈမ်ားေၾကာင့္ အနည္းဆုံးလူ(၁၆)ဦးေသဆုံးခဲ့ၿပီး ဒါဇင္ခ်ီ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။ ဖေလာ္ရီဒါျပည္နယ္ ေဟာလီးဝုဒ္တြင္ ေမလ(၂၉)ရက္ ညေနပိုင္းက ကမ္းေျခတစ္ခုတြင္ လူအုပ္စုႏွစ္ခုၾကား ခိုက္ရန္ျဖစ္ပြားမႈမ်ားေၾကာင့္ ပစ္ခတ္မႈမ်ားျဖစ္ပြားခဲ့ၿပီး လူ(၉) ဦး ထိခိုက္ ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

ခ်ီကာဂိုၿမိဳ႕တြင္ အားလပ္ရက္သီတင္းပတ္အတြင္း ပစ္ခတ္မႈမ်ား မၾကာခဏျဖစ္ပြားေလ့ရွိေၾကာင္း သိရသည္။ ၿပီးခဲ့သည့္ႏွစ္ ေအာက္ေမ့ဖြယ္သီတင္းပတ္ကုန္က ခ်ီကာဂိုၿမိဳ႕တြင္ ေသနတ္ပစ္ခတ္မႈမ်ားေၾကာင့္ လူ(၉)ဦး ေသဆုံးခဲ့ၿပီး အျခားလူ(၄၂)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။ အေမရိကန္ႏိုင္ငံတြင္ ေသနတ္ပစ္ခတ္မႈမ်ား ျဖစ္ပြားမႈျမင့္တက္လ်က္ရွိေနၿပီး ယခုႏွစ္အတြင္း ပစ္ခတ္မႈေပါင္း(၂ဝဝ) ေက်ာ္ျဖစ္ပြားခဲ့ၿပီး လူေပါင္း အနည္းဆုံး (၃၅ဝ) ေက်ာ္ ေသဆုံးထားေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.