တရုတ်နှင့် အမေရိကန်နိုင်ငံကြား တင်းမာမှုများရှိနေချိန်တွင် အီလွန်မတ်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး

 809

Pika (NP News) - မေ ၃၁

တရုတ်နိုင်ငံခြားရေးဝန်ကြီးကျင်ဂန်းသည် Tesla ကုမ္ပဏီ၏ စီအီးအိုဖြစ်သလို တွစ်တာပိုင်ရှင်ဖြစ်သော အီလွန်မတ် နှင့် တွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံသည် အမေရိကန်နှင့် ဆက်ဆံရေးများဆိုးရွားနေသော်လည်း တရုတ်နိုင်ငံအတွင်း နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များ လာရောက်လုပ်ကိုင်မည်ကို ကြိုဆိုကြောင်း ပြောဆိုခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန က "အဆင့်မြင့်တဲ့ ပွင့်လင်းမြင်သာမှုတွေကို ပိုမိုမြှင့်တင်ပြီးတော့ ဥပဒေအခြေခံ တဲ့ နိုင်ငံတကာစီးပွားရေးပတ်ဝန်းကျင်ကို တရုတ်နိုင်ငံက ဖော်ဆောင်သွားမှာပါ။ တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု က ကမ္ဘာကြီးအတွက် အခွင့်အလမ်းတစ်ခုပါပဲ" ဟု ပြောဆိုခဲ့သည်။

Tesla ကုမ္ပဏီသည် ၎င်း၏ လျှပ်စစ်ကားများ ထုတ်လုပ်ရာအချက်အခြာနှင့် ဒုတိယအကြီးဆုံးဈေးကွက်အဖြစ် တရုတ်နိုင်ငံကို မှီခိုနေရပြီး တရုတ်နိုင်ငံတွင် လည်ပတ်နေသော ထိပ်တန်းနိုင်ငံခြားစီးပွားရေးလုပ်ငန်းများထဲမှ တစ်ခုဖြစ်ကြောင်း သိရသည်။ Forbes မဂ္ဂဇင်း၏ ခန့်မှန်းချက်အရ အမေရိကန်ဒေါ်လာ(၂ဝဝ)ဘီလျံနီးပါး ချမ်းသာ ကြွယ်ဝသည့် အီလွန်မတ်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီးကျင်ဂန်းနှင့် ဆွေးနွေးမှုအပြီးတွင် အခြားသော တရုတ်အရာရှိများနှင့်တွေ့ဆုံပြီးနောက် ရှန်ဟိုင်းမြို့ရှိ Tesla စက်ရုံသို့ သွားရောက်လည်ပတ်ရန် စီစဉ်ထားကြောင်း သိရသည်။

ထိုင်ဝမ်အရေးကိစ္စနှင့်ပတ်သက်ပြီး အမေရိကန်နှင့် တရုတ်နိုင်ငံကြား ဆက်ဆံရေးတင်းမာမှုများရှိနေသည့်အချိန် တွင် အီလွန်မတ်သည် တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ခြင်းဖြစ်သည်။ ထိုင်ဝမ်အရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံသည် အမေရိကန်နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုအပြင်၊ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်မှုကို ဖြတ်တောက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် စင်ကာပူနိုင်ငံတွင် ပြုလုပ်မည့် အာရှကာကွယ်ရေးထိပ်သီးအစည်းအဝေးကျင်းပပြီးနောက် အနားယူချိန် အတွင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နှင့် တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်ဖု တို့ တွေ့ဆုံ ရန် အမေရိကန်၏ အဆိုပြုချက်ကို တရုတ်နိုင်ငံက ပယ်ချခဲ့ကြောင်းလည်း သိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးမာအိုနင်က "အမေရိကန်ဟာ တရုတ်ရဲ့ အချုပ် အခြာအာဏာ၊ လုံခြုံရေး နဲ့ အကျိုးစီးပွားဆိုင်ရာကိစ္စရပ်တွေကို လေးစားသင့်ပြီး သူတို့ရဲ့မှားယွင်းတဲ့ အလေ့ အကျင့်တွေကို ချက်ချင်းပြုပြင်သင့်ပါတယ်" ဟု ပြောဆိုခဲ့သည်။

အီလွန်မတ်က Tesla ကုမ္ပဏီသည် အမေရိကန်နှင့် တရုတ်နိုင်ငံကြား စီးပွားရေးခွဲခြားခြင်းကို ဆန့်ကျင်သည်ဟု ပြောဆိုခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။Tesla ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးအခွင့်အလမ်းများကို အသုံးချကာ တရုတ်နိုင်ငံတွင် ၎င်း၏ လုပ်ငန်းများကို တိုးချဲ့ရန် ဆန္ဒရှိပြီး တရုတ် နိုင်ငံသားများ၏ လုံ့လဝီရိယနှင့် ညဏ်ရည်ညဏ်သွေးကို အလေးအနက်ထားကြောင်း အီလွန်မတ်က ပြောဆိုခဲ့သည်။

Zawgyi Version;
တ႐ုတ္ႏွင့္ အေမရိကန္ႏိုင္ငံၾကား တင္းမာမႈမ်ားရွိေနခ်ိန္တြင္ အီလြန္မတ္ႏွင့္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးတို႔ ေတြ႕ဆုံေဆြးေႏြး
Pika (NP News) - ေမ ၃၁

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးက်င္ဂန္းသည္ Tesla ကုမၸဏီ၏ စီအီးအိုျဖစ္သလို တြစ္တာပိုင္ရွင္ျဖစ္ေသာ အီလြန္မတ္ ႏွင့္ ေတြ႕ဆုံခဲ့ၿပီး တ႐ုတ္ႏိုင္ငံသည္ အေမရိကန္ႏွင့္ ဆက္ဆံေရးမ်ားဆိုး႐ြားေနေသာ္လည္း တ႐ုတ္ႏိုင္ငံအတြင္း ႏိုင္ငံျခားစီးပြားေရးလုပ္ငန္းရွင္မ်ား လာေရာက္လုပ္ကိုင္မည္ကို ႀကိဳဆိုေၾကာင္း ေျပာဆိုခဲ့သည္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန က "အဆင့္ျမင့္တဲ့ ပြင့္လင္းျမင္သာမႈေတြကို ပိုမိုျမႇင့္တင္ၿပီးေတာ့ ဥပေဒအေျခခံ တဲ့ ႏိုင္ငံတကာစီးပြားေရးပတ္ဝန္းက်င္ကို တ႐ုတ္ႏိုင္ငံက ေဖာ္ေဆာင္သြားမွာပါ။ တ႐ုတ္ႏိုင္ငံရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈ က ကမာၻႀကီးအတြက္ အခြင့္အလမ္းတစ္ခုပါပဲ" ဟု ေျပာဆိုခဲ့သည္။

Tesla ကုမၸဏီသည္ ၎၏ လွ်ပ္စစ္ကားမ်ား ထုတ္လုပ္ရာအခ်က္အျခာႏွင့္ ဒုတိယအႀကီးဆုံးေဈးကြက္အျဖစ္ တ႐ုတ္ႏိုင္ငံကို မွီခိုေနရၿပီး တ႐ုတ္ႏိုင္ငံတြင္ လည္ပတ္ေနေသာ ထိပ္တန္းႏိုင္ငံျခားစီးပြားေရးလုပ္ငန္းမ်ားထဲမွ တစ္ခုျဖစ္ေၾကာင္း သိရသည္။ Forbes မဂၢဇင္း၏ ခန႔္မွန္းခ်က္အရ အေမရိကန္ေဒၚလာ(၂ဝဝ)ဘီလ်ံနီးပါး ခ်မ္းသာ ႂကြယ္ဝသည့္ အီလြန္မတ္သည္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးက်င္ဂန္းႏွင့္ ေဆြးေႏြးမႈအၿပီးတြင္ အျခားေသာ တ႐ုတ္အရာရွိမ်ားႏွင့္ေတြ႕ဆုံၿပီးေနာက္ ရွန္ဟိုင္းၿမိဳ႕ရွိ Tesla စက္႐ုံသို႔ သြားေရာက္လည္ပတ္ရန္ စီစဥ္ထားေၾကာင္း သိရသည္။

ထိုင္ဝမ္အေရးကိစၥႏွင့္ပတ္သက္ၿပီး အေမရိကန္ႏွင့္ တ႐ုတ္ႏိုင္ငံၾကား ဆက္ဆံေရးတင္းမာမႈမ်ားရွိေနသည့္အခ်ိန္ တြင္ အီလြန္မတ္သည္ တ႐ုတ္ႏိုင္ငံသို႔ သြားေရာက္လည္ပတ္ခဲ့ျခင္းျဖစ္သည္။ ထိုင္ဝမ္အေရးႏွင့္ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံသည္ အေမရိကန္ႏွင့္ စစ္ေရးပူးေပါင္းေဆာင္႐ြက္မႈအျပင္၊ ရာသီဥတုေျပာင္းလဲမႈတိုက္ဖ်က္ေရးဆိုင္ရာ လုပ္ငန္းမ်ားကို ပူးေပါင္းေဆာင္႐ြက္မႈကို ျဖတ္ေတာက္ခဲ့ေၾကာင္း သိရသည္။

ထို႔အျပင္ စင္ကာပူႏိုင္ငံတြင္ ျပဳလုပ္မည့္ အာရွကာကြယ္ေရးထိပ္သီးအစည္းအေဝးက်င္းပၿပီးေနာက္ အနားယူခ်ိန္ အတြင္း အေမရိကန္ကာကြယ္ေရးဝန္ႀကီး လြိဳက္ေအာ္စတင္ႏွင့္ တ႐ုတ္ကာကြယ္ေရးဝန္ႀကီး လီရွန္ဖု တို႔ ေတြ႕ဆုံ ရန္ အေမရိကန္၏ အဆိုျပဳခ်က္ကို တ႐ုတ္ႏိုင္ငံက ပယ္ခ်ခဲ့ေၾကာင္းလည္း သိရသည္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ အမ်ိဳးသမီးမာအိုနင္က "အေမရိကန္ဟာ တ႐ုတ္ရဲ႕ အခ်ဳပ္ အျခာအာဏာ၊ လုံၿခဳံေရး နဲ႔ အက်ိဳးစီးပြားဆိုင္ရာကိစၥရပ္ေတြကို ေလးစားသင့္ၿပီး သူတို႔ရဲ႕မွားယြင္းတဲ့ အေလ့ အက်င့္ေတြကို ခ်က္ခ်င္းျပဳျပင္သင့္ပါတယ္" ဟု ေျပာဆိုခဲ့သည္။

အီလြန္မတ္က Tesla ကုမၸဏီသည္ အေမရိကန္ႏွင့္ တ႐ုတ္ႏိုင္ငံၾကား စီးပြားေရးခြဲျခားျခင္းကို ဆန႔္က်င္သည္ဟု ေျပာဆိုခဲ့ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။Tesla ကုမၸဏီသည္ တ႐ုတ္ႏိုင္ငံ၏ ဖြံ႕ၿဖိဳး တိုးတက္ေရးအခြင့္အလမ္းမ်ားကို အသုံးခ်ကာ တ႐ုတ္ႏိုင္ငံတြင္ ၎၏ လုပ္ငန္းမ်ားကို တိုးခ်ဲ႕ရန္ ဆႏၵရွိၿပီး တ႐ုတ္ ႏိုင္ငံသားမ်ား၏ လုံ႔လဝီရိယႏွင့္ ညဏ္ရည္ညဏ္ေသြးကို အေလးအနက္ထားေၾကာင္း အီလြန္မတ္က ေျပာဆိုခဲ့သည္။

Picture

moemoe aye

01/06/2023 07:34

👏👏👏👏👏

Related news

© 2021. All rights reserved.