မြန်မာရွှေ့ပြောင်းအလုပ်သမားများ လိုက်ပါလာသော ပစ်ကပ်ကားတစ်စီး ထိုင်းနိုင်ငံတွင် တိမ်းမှောက်မှုဖြစ်ပွားပြီး (၁)ဦးသေဆုံးကာ (၁ဝ)ဦး ဖမ်းဆီးခံရဟု ဆို

 729

Pika (NP News) - ဇွန် ၂

ထိုင်းနိုင်ငံ Sangkhla Buri ခရိုင်တွင် မေလ(၃၁)ရက် ညပိုင်းက တရားမဝင်ရွှေ့ပြောင်း မြန်မာအလုပ်သမားများ တင်ဆောင်လာသော ပစ်ကပ်ကားတစ်စီး တိမ်းမှောက်ခဲ့ပြီးနောက် (၁)ဦးသေဆုံးခဲ့ပြီး အခြားလူ(၁ဝ)ဦးကို ဖမ်းဆီး ခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားခဲ့သည်။

တရားမဝင်ရွှေ့ပြောင်းအလုပ်သမားများ လိုက်ပါလာသော ပစ်ကပ်ကား(၃)စီးအနက် တစ်စီး၏ ဝင်တိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မေလ(၃၁)ရက်က ည(၁ဝ)နာရီအချိန်တွင် စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များ နှင့် နယ်မြေခံအာဏာပိုင်များသည် Nong Lu မြို့ Sanehpong ရွာ ရပ်ကွက်လမ်းတစ်လျှောက် အရှိန်ပြင်းပြင်းမောင်းနှင်လာသော မသင်္ကာဖွယ်ကောင်းသည့် ပစ်ကပ်ကား(၃)စီးကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တာဝန်ရှိသူများသည် ရှာဖွေမှုများလုပ်ဆောင်ရန်အတွက် ပစ်ကပ်ကားများကို ရပ်တန့််ရန် အချက်ပြခဲ့သော်လည်း ယာဉ်မောင်းများသည် ရပ်မပေးဘဲ အရှိန်မြှင့်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ အဆိုပါ ထွက်ပြေး မောင်းနှင်သွားသော ကားသည် Nong Lu မြို့အနီးရှိ လမ်းဘေးမြောင်းတစ်ခုထဲသို့ ထိုးကျကာ တိမ်းမှောက်ခဲ့သည် ဆိုသောသတင်းကို ထပ်မံရရှိခဲ့ပြီးနောက် သွားရောက်စစ်ဆေးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ထိုင်းရဲတပ်ဖွဲ့၏ အဆိုအရ အဆိုပါယာဉ်သည် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ခေါ်ဆောင်လာသော ကားသုံးစီးထဲမှ တစ်စီးဖြစ်ကြောင်း အပျက်အစီးများအောက်တွင် တရားမဝင်ရွှေ့ပြောင်း မြန်မာအလုပ်သမား (၁)ဦးကို သေဆုံးလျက်တွေ့ရှိခဲ့ကြောင်းသိရသည်။

ထို့နောက် တာဝန်ရှိသူများသည် ကားတိမ်းမှောက်ရာ နေရာအနီးတစ်ဝိုက်ကိုရှာဖွေမှုများ ဆက်လက် လုပ်ဆောင်ခဲ့ရာ တောအုပ်ထဲတွင် ပုန်းနေသော မြန်မာနိုင်ငံသား(၁ဝ)ဦးကို ထပ်မံတွေ့ရှိ ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။ အဆိုပါ လူအားလုံးသည် မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူများဖြစ် ကြောင်း ထိုင်းရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။

ဖမ်းဆီးရမိသူများထဲတွင် အမျိုးသား(၈)ဦးနှင့် အမျိုးသမီး(၂)ဦးပါဝင်ပြီး တိမ်းမှောက်မှုကြောင့် သေဆုံးသူမှာ အသက်(၂၂)နှစ်အရွယ်ရှိသူဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Zawgyi Version;
ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ား လိုက္ပါလာေသာ ပစ္ကပ္ကားတစ္စီး ထိုင္းႏိုင္ငံတြင္ တိမ္းေမွာက္မႈျဖစ္ပြားၿပီး (၁)ဦးေသဆုံးကာ (၁ဝ)ဦး ဖမ္းဆီးခံရဟု ဆို
Pika (NP News) - ဇြန္ ၂

ထိုင္းႏိုင္ငံ Sangkhla Buri ခ႐ိုင္တြင္ ေမလ(၃၁)ရက္ ညပိုင္းက တရားမဝင္ေ႐ႊ႕ေျပာင္း ျမန္မာအလုပ္သမားမ်ား တင္ေဆာင္လာေသာ ပစ္ကပ္ကားတစ္စီး တိမ္းေမွာက္ခဲ့ၿပီးေနာက္ (၁)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၁ဝ)ဦးကို ဖမ္းဆီး ခဲ့ေၾကာင္း ထိုင္းအာဏာပိုင္မ်ားက ေျပာၾကားခဲ့သည္။

တရားမဝင္ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ား လိုက္ပါလာေသာ ပစ္ကပ္ကား(၃)စီးအနက္ တစ္စီး၏ ဝင္တိုက္မႈေၾကာင့္ ရဲတပ္ဖြဲ႕ဝင္တစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။ ေမလ(၃၁)ရက္က ည(၁ဝ)နာရီအခ်ိန္တြင္ စစ္သားမ်ား၊ ရဲတပ္ဖြဲ႕ဝင္မ်ား ႏွင့္ နယ္ေျမခံအာဏာပိုင္မ်ားသည္ Nong Lu ၿမိဳ႕ Sanehpong ႐ြာ ရပ္ကြက္လမ္းတစ္ေလွ်ာက္ အရွိန္ျပင္းျပင္းေမာင္းႏွင္လာေသာ မသကၤာဖြယ္ေကာင္းသည့္ ပစ္ကပ္ကား(၃)စီးကို ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

တာဝန္ရွိသူမ်ားသည္ ရွာေဖြမႈမ်ားလုပ္ေဆာင္ရန္အတြက္ ပစ္ကပ္ကားမ်ားကို ရပ္တန္႔္ရန္ အခ်က္ျပခဲ့ေသာ္လည္း ယာဥ္ေမာင္းမ်ားသည္ ရပ္မေပးဘဲ အရွိန္ျမႇင့္ကာ ေမာင္းႏွင္ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။ အဆိုပါ ထြက္ေျပး ေမာင္းႏွင္သြားေသာ ကားသည္ Nong Lu ၿမိဳ႕အနီးရွိ လမ္းေဘးေျမာင္းတစ္ခုထဲသို႔ ထိုးက်ကာ တိမ္းေမွာက္ခဲ့သည္ ဆိုေသာသတင္းကို ထပ္မံရရွိခဲ့ၿပီးေနာက္ သြားေရာက္စစ္ေဆးခဲ့ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။

ထိုင္းရဲတပ္ဖြဲ႕၏ အဆိုအရ အဆိုပါယာဥ္သည္ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားကို ေခၚေဆာင္လာေသာ ကားသုံးစီးထဲမွ တစ္စီးျဖစ္ေၾကာင္း အပ်က္အစီးမ်ားေအာက္တြင္ တရားမဝင္ေ႐ႊ႕ေျပာင္း ျမန္မာအလုပ္သမား (၁)ဦးကို ေသဆုံးလ်က္ေတြ႕ရွိခဲ့ေၾကာင္းသိရသည္။

ထို႔ေနာက္ တာဝန္ရွိသူမ်ားသည္ ကားတိမ္းေမွာက္ရာ ေနရာအနီးတစ္ဝိုက္ကိုရွာေဖြမႈမ်ား ဆက္လက္ လုပ္ေဆာင္ခဲ့ရာ ေတာအုပ္ထဲတြင္ ပုန္းေနေသာ ျမန္မာႏိုင္ငံသား(၁ဝ)ဦးကို ထပ္မံေတြ႕ရွိ ဖမ္းဆီးမိခဲ့ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က အတည္ျပဳခဲ့သည္။ အဆိုပါ လူအားလုံးသည္ ျမန္မာႏိုင္ငံမွ တရားမဝင္ ဝင္ေရာက္လာသူမ်ားျဖစ္ ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က အတည္ျပဳခဲ့သည္။

ဖမ္းဆီးရမိသူမ်ားထဲတြင္ အမ်ိဳးသား(၈)ဦးႏွင့္ အမ်ိဳးသမီး(၂)ဦးပါဝင္ၿပီး တိမ္းေမွာက္မႈေၾကာင့္ ေသဆုံးသူမွာ အသက္(၂၂)ႏွစ္အ႐ြယ္ရွိသူျဖစ္ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.