နယ်ဆန် အဝင်နည်းပြီး ဆန်ဈေး မြင့်တက်နေ

 490

NP News ဇွန်လ ၂

ရန်ကုန်ကို နယ်မှဆန်ဝင်ရောက်မှုနည်းနေတဲ့အပြင် စပါးဈေးတွေလည်းမြင့်တက်နေတာကြောင့် ဆန်ဈေးဟာ အမြင့်ဈေးနဲ့ပဲ ဆက်လက်ရပ်တည်နေတယ်လို့ဆန်ကုန်သည်တွေက ပြောသည်။

ဈေးကွက်ထဲ ဈေးတင်ရောင်းချဖို့ ရည်ရွယ်ချက်တွေနဲ့ ဆန်ဝယ်ယူသိုလှောင်တဲ့သူများလာတဲ့အတွက်လည်း ဆန်ဈေး ဆက်တိုက်ဆိုသလို မြင့်တက်နေတယ်လို့ ဆန်ဈေးကွက်အတွင်းမှသိရသည်။

“ဆန်ဈေးက လွဲမှားတဲ့သတင်းတွေနဲ့ ဈေးတက်အောင် တမင်လုပ်နေကြတာလည်း ရှိတယ်။ တကယ်လည်း မုန်တိုင်းပြီးတော့ ကုန်ရှားမယ်ဆိုတဲ့စိုးရိမ်စိတ်နဲ့ ဝယ်နိုင်တဲ့သူတွေက ဆန်ကို လိုတာထပ် ပိုဝယ်လှောင်ထားကြတော့ ဈေးက အတက်ဈေးနဲ့ ငြိမ်နေတယ်” လို့ ဆန်ကုန်သည်တစ်ဦးက ပြောသည်။

မုန်တိုင်းမဖြစ်ပေါ်မီကတည်းက ပြည်တွင်းဆန်ဈေးကမြင့်တက်လာတာဖြစ်ပြီး မုန်တိုင်းပြီးတဲ့အခါမှာလည်း ဆန်အဝင်နည်းနိုင်တဲ့သတင်းတွေကြောင့် ဆန်အမျိုးအစားအလိုက် တစ်အိတ်ကို ပျမ်းမျှ ကျပ် ၇ဝဝဝ မှ ၁၅ဝဝဝ အထိ မြင့်တက်မှုဖြစ်ခဲ့ကာ အမြင့်ဈေးမှာပဲ ဆက်ငြိမ်နေကြောင်းသိရသည်။

လက်ရှိမှာ မီးပျက်ချိန်များတဲ့အတွက် ဆန်စက်တွေ ပုံမှန်လည်ပတ်ချိန်မရကြောင်း၊ ဈေးကွက်ထဲကို ဆန်ဝင်ရောက်မှုနည်းပါးနေကြောင်း ဆန်စက်ပိုင်ရှင်တစ်ဦးက ပြောသည်။
နွေစပါးပေါ်ချိန်ရောက်နေသော်လည်း စပါးဈေးတက်နေပြီး၊ ရွှေဘိုပေါ်ဆန်းစပါးတင်း ၁ဝဝ ကို ကျပ်သိန်း ၃ဝ ကျော်အထိ ပေါက်ဈေးရှိကြောင်း သိရသည်။

Zawgyi Version;
နယ္ဆန္ အဝင္နည္းၿပီး ဆန္ေဈး ျမင့္တက္ေန
NP News ဇြန္လ ၂

ရန္ကုန္ကို နယ္မွဆန္ဝင္ေရာက္မႈနည္းေနတဲ့အျပင္ စပါးေဈးေတြလည္းျမင့္တက္ေနတာေၾကာင့္ ဆန္ေဈးဟာ အျမင့္ေဈးနဲ႔ပဲ ဆက္လက္ရပ္တည္ေနတယ္လို႔ဆန္ကုန္သည္ေတြက ေျပာသည္။

ေဈးကြက္ထဲ ေဈးတင္ေရာင္းခ်ဖို႔ ရည္႐ြယ္ခ်က္ေတြနဲ႔ ဆန္ဝယ္ယူသိုေလွာင္တဲ့သူမ်ားလာတဲ့အတြက္လည္း ဆန္ေဈး ဆက္တိုက္ဆိုသလို ျမင့္တက္ေနတယ္လို႔ ဆန္ေဈးကြက္အတြင္းမွသိရသည္။

“ဆန္ေဈးက လြဲမွားတဲ့သတင္းေတြနဲ႔ ေဈးတက္ေအာင္ တမင္လုပ္ေနၾကတာလည္း ရွိတယ္။ တကယ္လည္း မုန္တိုင္းၿပီးေတာ့ ကုန္ရွားမယ္ဆိုတဲ့စိုးရိမ္စိတ္နဲ႔ ဝယ္ႏိုင္တဲ့သူေတြက ဆန္ကို လိုတာထပ္ ပိုဝယ္ေလွာင္ထားၾကေတာ့ ေဈးက အတက္ေဈးနဲ႔ ၿငိမ္ေနတယ္” လို႔ ဆန္ကုန္သည္တစ္ဦးက ေျပာသည္။

မုန္တိုင္းမျဖစ္ေပၚမီကတည္းက ျပည္တြင္းဆန္ေဈးကျမင့္တက္လာတာျဖစ္ၿပီး မုန္တိုင္းၿပီးတဲ့အခါမွာလည္း ဆန္အဝင္နည္းႏိုင္တဲ့သတင္းေတြေၾကာင့္ ဆန္အမ်ိဳးအစားအလိုက္ တစ္အိတ္ကို ပ်မ္းမွ် က်ပ္ ၇ဝဝဝ မွ ၁၅ဝဝဝ အထိ ျမင့္တက္မႈျဖစ္ခဲ့ကာ အျမင့္ေဈးမွာပဲ ဆက္ၿငိမ္ေနေၾကာင္းသိရသည္။

လက္ရွိမွာ မီးပ်က္ခ်ိန္မ်ားတဲ့အတြက္ ဆန္စက္ေတြ ပုံမွန္လည္ပတ္ခ်ိန္မရေၾကာင္း၊ ေဈးကြက္ထဲကို ဆန္ဝင္ေရာက္မႈနည္းပါးေနေၾကာင္း ဆန္စက္ပိုင္ရွင္တစ္ဦးက ေျပာသည္။
ေႏြစပါးေပၚခ်ိန္ေရာက္ေနေသာ္လည္း စပါးေဈးတက္ေနၿပီး၊ ေ႐ႊဘိုေပၚဆန္းစပါးတင္း ၁ဝဝ ကို က်ပ္သိန္း ၃ဝ ေက်ာ္အထိ ေပါက္ေဈးရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.