မကာအိုနှင့် ကွမ်တုံဒေသကုန်အမှတ်တံဆိပ် ထုတ်ကုန်ပြပွဲသို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ဟုဆို

 449

စော (NP News) - ဇွန် ၂

မကာအိုနှင့် ကွမ်တုံဒေသ ကုန်အမှတ်တံဆိပ်ထုတ်ကုန်ပြပွဲတွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များလည်း ပါဝင်ပြသနိုင်ကြောင်း သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝန်ရေးဝန်ကြီးဌာနမှ ယမန်နေ့(ဇွန်လ ၁ ရက်‌) တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထား ခြင်းဖြစ်သည်။

မကာအိုမြို့ရှိ Galaxy International Convention Center ၌ ဇူလိုင် (၂၇)မှ (၃ဝ)ရက်အထိ (၁၅)ကြိမ်မြောက် ကျင်းပမည့် မကာအိုနှင့် ကွမ်တုံဒေသ ကုန်အမှတ်တံဆိပ်ထုတ်ကုန်ပြပွဲ(Guangdong and Macao Branded Products Fair 2023) တွင် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ ၂ဝ၂၃( GMBPF)ပြပွဲ၏ မြန်မာနိုင်ငံဆိုင်ရာပြခန်းတွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအတွက် ပြခန်းပေါင်း(၂ဝ)ထားရှိမည်ဖြစ်ပြီး တစ်ဦးလျှင် ပြခန်းတစ်ခန်းရရှိမည်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ပြခန်းတစ်ခန်းအတွက် မကာအိုဒေါ်လာ(၁၄ဝဝ) ဖြစ်ပြီး အမေရိကန်ဒေါ်လာအနေဖြင့် (၁၇၄ ဒသမ ၄၅) ဒေါ်လာ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ခွင့်ပြုထားသောပြခန်းတစ်ခန်းစီအတွက် လာရောက်ပြသမည့်ကုန်စည်များ တင်ပို့ရန် မကာအိုဒေါ်လာ (၃ဝဝဝ)ထောက်ပံ့မည်ဖြစ်ပြီး အပြန်သယ်ယူစရိတ်မပါကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါထောက်ပံ့ငွေများအား ပြပွဲစီစဉ်သူများထံ ကုန်တင်ပို့သည့်ပြေစာများ ပြသပြီး ပြန်လည်ထုတ်ယူနိုင်ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ တရုတ်နိုင်ငံ၊ ဟူနန်ပြည်နယ်ရှိ Hainan International Convention and Exhibition Center တွင် အောက်တိုဘာ ၁၂ ရက်မှ ၂၅ ရက်အထိ ပထမဆုံးအကြိမ်ကျင်းပမည့် ဟိုင်နန်အပြည်ပြည်ဆိုင်ရာ အပူပိုင်း အစားအစာများဆိုင်ရာ ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်နိုင်ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် နိုင်ငံတကာအဆင့်မီ ပြခန်း‌ပေါင်း (၂၅ဝဝ) ပါဝင်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ ဒေသထွက် စားသောက်ကုန်များ ပါဝင်ပြသနိုင်ကြောင်း သိရသည်။

Zawgyi Version;
မကာအိုႏွင့္ ကြမ္တုံေဒသကုန္အမွတ္တံဆိပ္ ထုတ္ကုန္ျပပြဲသို႔ ျမန္မာႏိုင္ငံမွ စီးပြားေရးလုပ္ငန္းရွင္မ်ား ပါဝင္ျပသ ႏိုင္ဟုဆို
ေစာ (NP News) - ဇြန္ ၂

မကာအိုႏွင့္ ကြမ္တုံေဒသ ကုန္အမွတ္တံဆိပ္ထုတ္ကုန္ျပပြဲတြင္ ျမန္မာႏိုင္ငံမွ စီးပြားေရးလုပ္ငန္းရွင္မ်ားလည္း ပါဝင္ျပသႏိုင္ေၾကာင္း သိရသည္။

စီးပြားေရးႏွင့္ကူးသန္းေရာင္းဝန္ေရးဝန္ႀကီးဌာနမွ ယမန္ေန႔(ဇြန္လ ၁ ရက္‌) တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထား ျခင္းျဖစ္သည္။

မကာအိုၿမိဳ႕ရွိ Galaxy International Convention Center ၌ ဇူလိုင္ (၂၇)မွ (၃ဝ)ရက္အထိ (၁၅)ႀကိမ္ေျမာက္ က်င္းပမည့္ မကာအိုႏွင့္ ကြမ္တုံေဒသ ကုန္အမွတ္တံဆိပ္ထုတ္ကုန္ျပပြဲ(Guangdong and Macao Branded Products Fair 2023) တြင္ ျမန္မာႏိုင္ငံမွ လုပ္ငန္းရွင္မ်ား ပါဝင္ျပသႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။

အဆိုပါ ၂ဝ၂၃( GMBPF)ျပပြဲ၏ ျမန္မာႏိုင္ငံဆိုင္ရာျပခန္းတြင္ ျမန္မာႏိုင္ငံမွ စီးပြားေရးလုပ္ငန္းရွင္မ်ားအတြက္ ျပခန္းေပါင္း(၂ဝ)ထားရွိမည္ျဖစ္ၿပီး တစ္ဦးလွ်င္ ျပခန္းတစ္ခန္းရရွိမည္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

အဆိုပါ ျပခန္းတစ္ခန္းအတြက္ မကာအိုေဒၚလာ(၁၄ဝဝ) ျဖစ္ၿပီး အေမရိကန္ေဒၚလာအေနျဖင့္ (၁၇၄ ဒသမ ၄၅) ေဒၚလာ ေပးသြင္းရမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ခြင့္ျပဳထားေသာျပခန္းတစ္ခန္းစီအတြက္ လာေရာက္ျပသမည့္ကုန္စည္မ်ား တင္ပို႔ရန္ မကာအိုေဒၚလာ (၃ဝဝဝ)ေထာက္ပံ့မည္ျဖစ္ၿပီး အျပန္သယ္ယူစရိတ္မပါေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

အဆိုပါေထာက္ပံ့ေငြမ်ားအား ျပပြဲစီစဥ္သူမ်ားထံ ကုန္တင္ပို႔သည့္ေျပစာမ်ား ျပသၿပီး ျပန္လည္ထုတ္ယူႏိုင္ေၾကာင္း ထုတ္ျပန္ထားသည္။

အလားတူ တ႐ုတ္ႏိုင္ငံ၊ ဟူနန္ျပည္နယ္ရွိ Hainan International Convention and Exhibition Center တြင္ ေအာက္တိုဘာ ၁၂ ရက္မွ ၂၅ ရက္အထိ ပထမဆုံးအႀကိမ္က်င္းပမည့္ ဟိုင္နန္အျပည္ျပည္ဆိုင္ရာ အပူပိုင္း အစားအစာမ်ားဆိုင္ရာ ကုန္စည္ျပပြဲသို႔ ျမန္မာႏိုင္ငံမွ စီးပြားေရးလုပ္ငန္းရွင္မ်ား ပါဝင္ႏိုင္ေၾကာင္း သိရသည္။

အဆိုပါျပပြဲတြင္ ႏိုင္ငံတကာအဆင့္မီ ျပခန္း‌ေပါင္း (၂၅ဝဝ) ပါဝင္မည္ျဖစ္ၿပီး ျမန္မာႏိုင္ငံမွ ေဒသထြက္ စားေသာက္ကုန္မ်ား ပါဝင္ျပသႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.