အမေရိကန်က ဟေတီ ဝန်ကြီးချုပ်ဟောင်းကို ပြည်ဝင်ခွင့် ပိတ်ပင်

 354

ရောင်နီ (NP News) - ဇွန် ၃

အမေရိကန်ဟာ အကျင့်ပျက်ခြစားမှုနှိမ်နင်းရေးတစိတ်အပိုင်းအနေနဲ့ ဟေတီဝန်ကြီးချုပ်ဟောင်း လောရန်လာမို့ကို ပြည်ဝင်ခွင့် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ လာမို့ရဲ့ သိသာထင်ရှားတဲ့ အကျင့်ပျက် ခြစားမှုမှာ ပါဝင်ပတ်သက်မှုကို ကိုးကားပြီး ၄င်းအပေါ် ပိတ်ဆို့အရေးယူမှုကို သောကြာနေ့(ဇွန်လ ၂ ရက်)မှာ ကြေညာခဲ့ပါတယ်။ လာမို့ဟာ ပုဂ္ဂလိက အကျိုးအမြတ်အတွက် ဟေသီ အစိုးရရဲ့ PetroCaribe အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုနဲ့ လူမှုဖူလုံရေးရန်ပုံငွေမှ အနည်းဆုံး အမေရိကန်ဒေါ်လာသန်း (၆ဝ)ကို အလွဲသုံးစားပြုခဲ့တယ်လို့ ဘလင်ကန်က ဆိုပါတယ်။ အဆိုပါ အကျင့်ပျက်လုပ်ရပ်နဲ့ ရန်ပုံငွေစီမံခန့်ခွဲမှုမှာ လာမို့ရဲ့ တိုက်ရိုက်ပါဝင်ပတ်သက်မှုဟာ အများပြည်သူဆိုင်ရာ တာဝန်ရှိသူတစ်ဦးအနေနဲ့ ၎င်းရဲ့အခန်းကဏ္ဍကိုအသုံးချပြီး ဟေတီနိုင်ငံ လက်ရှိခံစားနေရတဲ့ နိုင်ငံရေး မတည်မငြိမ်ဖြစ်စေဖို့ ပံ့ပိုးကူညီခဲ့တယ်လို့ ဘလင်ကန်က ဆိုပါတယ်။

လူဦးရေ (၁၁ ဒသမ ၄) သန်းကျော်နေထိုင်တဲ့ လက်တင်အမေရိကနိုင်ငံ၊ ဟေတီဟာ အထူးသဖြင့် ၂ဝ၂၁ ခုနှစ် သမ္မတ ဂျိုဗီနယ်လ်မိုစီ လုပ်ကြံခံရပြီးနောက် အုပ်စုဖွဲ့ အကြမ်းဖက်မှုများ ပေါ်ပေါက်လာကာ နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်လာခဲ့ပါတယ်။ အမေရိကန် တရားရေးဌာနမှ အစိုးရရှေ့နေတွေနဲ့ ဟေတီရှိ အရာရှိတွေက မိုစီ လုပ်ကြံခံရခြင်းကို ဖော်ထုတ်ဖို့ ကြိုးပမ်းနေပါတယ်။

အမေရိကန်ဟာ သမ္မတ မိုစီကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုအပြင် ဟေတီမှာ အကျင့်ပျက်ခြစားမှုကို အမြစ်ပြတ်ချေမှုန်းဖို့အတွက် ပြီးခဲ့တဲ့ ဧပြီလက ဟေတီ အောက်လွှတ်တော်အမတ်ဟောင်း ဂါရီဘိုဒူကို ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ချက်များ ချမှတ်ခဲ့ပါတယ်။ ဒီဇင်ဘာလကလည်း အမေရိကန်က ဟေတီ အထက်လွှတ်တော်အမတ် ရိုနီကက်လက်စတင်း နဲ့ အထက်လွှတ်တော်အမတ်ဟောင်း ရစ်ချက်လီနင်ဟာဗ်ဖောဆန့် တို့ကို နိုင်ငံတကာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုအတွက် ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါ့ပြင် နိုဝင်ဘာလကလည်း အမေရိကန်နဲ့ ကနေဒါက ဟေတီ အထက်လွှတ်တော် သမ္မတ ဂျိုးဆက်လန်ဘတ် နဲ့ အထက်လွှတ်တော် သမ္မတဟောင်း ယူရီလာတောတော့တို့အပေါ် ငွေကြေးခဝါချမှုနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုမှတစ်ဆင့် အုပ်စုဖွဲ့အကြမ်းဖက်သမားတွေကို ကျောထောက်နောက်ခံပြုတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။

zawgyi version
အေမရိကန္က ေဟတီ ဝန္ႀကီးခ်ဳပ္ေဟာင္းကို ျပည္ဝင္ခြင့္ ပိတ္ပင္
ေရာင္နီ (NP News) - ဇြန္ ၃

အေမရိကန္ဟာ အက်င့္ပ်က္ျခစားမႈႏွိမ္နင္းေရးတစိတ္အပိုင္းအေနနဲ႔ ေဟတီဝန္ႀကီးခ်ဳပ္ေဟာင္း ေလာရန္လာမို႔ကို ျပည္ဝင္ခြင့္ ပိတ္ပင္လိုက္တယ္လို႔ သိရပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီ ဘလင္ကန္ဟာ လာမို႔ရဲ႕ သိသာထင္ရွားတဲ့ အက်င့္ပ်က္ ျခစားမႈမွာ ပါဝင္ပတ္သက္မႈကို ကိုးကားၿပီး ၄င္းအေပၚ ပိတ္ဆို႔အေရးယူမႈကို ေသာၾကာေန႔(ဇြန္လ ၂ ရက္)မွာ ေၾကညာခဲ့ပါတယ္။ လာမို႔ဟာ ပုဂၢလိက အက်ိဳးအျမတ္အတြက္ ေဟသီ အစိုးရရဲ႕ PetroCaribe အေျခခံအေဆာက္အအုံရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ လူမႈဖူလုံေရးရန္ပုံေငြမွ အနည္းဆုံး အေမရိကန္ေဒၚလာသန္း (၆ဝ)ကို အလြဲသုံးစားျပဳခဲ့တယ္လို႔ ဘလင္ကန္က ဆိုပါတယ္။ အဆိုပါ အက်င့္ပ်က္လုပ္ရပ္နဲ႔ ရန္ပုံေငြစီမံခန႔္ခြဲမႈမွာ လာမို႔ရဲ႕ တိုက္႐ိုက္ပါဝင္ပတ္သက္မႈဟာ အမ်ားျပည္သူဆိုင္ရာ တာဝန္ရွိသူတစ္ဦးအေနနဲ႔ ၎ရဲ႕အခန္းက႑ကိုအသုံးခ်ၿပီး ေဟတီႏိုင္ငံ လက္ရွိခံစားေနရတဲ့ ႏိုင္ငံေရး မတည္မၿငိမ္ျဖစ္ေစဖို႔ ပံ့ပိုးကူညီခဲ့တယ္လို႔ ဘလင္ကန္က ဆိုပါတယ္။

လူဦးေရ (၁၁ ဒသမ ၄) သန္းေက်ာ္ေနထိုင္တဲ့ လက္တင္အေမရိကႏိုင္ငံ၊ ေဟတီဟာ အထူးသျဖင့္ ၂ဝ၂၁ ခုႏွစ္ သမၼတ ဂ်ိဳဗီနယ္လ္မိုစီ လုပ္ႀကံခံရၿပီးေနာက္ အုပ္စုဖြဲ႕ အၾကမ္းဖက္မႈမ်ား ေပၚေပါက္လာကာ ႏိုင္ငံေရးမတည္ၿငိမ္မႈေတြ ျဖစ္လာခဲ့ပါတယ္။ အေမရိကန္ တရားေရးဌာနမွ အစိုးရေရွ႕ေနေတြနဲ႔ ေဟတီရွိ အရာရွိေတြက မိုစီ လုပ္ႀကံခံရျခင္းကို ေဖာ္ထုတ္ဖို႔ ႀကိဳးပမ္းေနပါတယ္။

အေမရိကန္ဟာ သမၼတ မိုစီကို လုပ္ႀကံသတ္ျဖတ္ရန္ ႀကိဳးပမ္းမႈအျပင္ ေဟတီမွာ အက်င့္ပ်က္ျခစားမႈကို အျမစ္ျပတ္ေခ်မႈန္းဖို႔အတြက္ ၿပီးခဲ့တဲ့ ဧၿပီလက ေဟတီ ေအာက္လႊတ္ေတာ္အမတ္ေဟာင္း ဂါရီဘိုဒူကို ျပည္ဝင္ခြင့္ဗီဇာ ကန႔္သတ္ခ်က္မ်ား ခ်မွတ္ခဲ့ပါတယ္။ ဒီဇင္ဘာလကလည္း အေမရိကန္က ေဟတီ အထက္လႊတ္ေတာ္အမတ္ ႐ိုနီကက္လက္စတင္း နဲ႔ အထက္လႊတ္ေတာ္အမတ္ေဟာင္း ရစ္ခ်က္လီနင္ဟာဗ္ေဖာဆန္႔ တို႔ကို ႏိုင္ငံတကာ မူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားမႈအတြက္ ပိတ္ဆို႔အေရးယူမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

ဒါ့ျပင္ ႏိုဝင္ဘာလကလည္း အေမရိကန္နဲ႔ ကေနဒါက ေဟတီ အထက္လႊတ္ေတာ္ သမၼတ ဂ်ိဳးဆက္လန္ဘတ္ နဲ႔ အထက္လႊတ္ေတာ္ သမၼတေဟာင္း ယူရီလာေတာေတာ့တို႔အေပၚ ေငြေၾကးခဝါခ်မႈနဲ႔ မူးယစ္ေဆးဝါး ေရာင္းဝယ္ေဖာက္ကားမႈမွတစ္ဆင့္ အုပ္စုဖြဲ႕အၾကမ္းဖက္သမားေတြကို ေက်ာေထာက္ေနာက္ခံျပဳတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ပိတ္ဆို႔အေရးယူမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.