Move Forward ပါတီရဲ့နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများအပေါ်ထားရှိတဲ့ မူဝါဒများကို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဝေဖန်ပြစ်တင်

 1467

ဂျန်ဇက် (NP News) - ‌ဇွန် ၃

ထိုင်းရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့အနိုင်ရခဲ့တဲ့ Move Forward ပါတီရဲ့ ထိုင်းနိုင်ငံရှိ နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများအပေါ်ထားရှိတဲ့ မူဝါဒတွေကို ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ဝေဖန်ပြစ်တင်လိုက်ပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်က ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနိုင်ငံတို့ရဲ့ရွှေ့ ပြောင်းအလုပ်သမားတွေကို ပြန်ပို့မယ်ဆိုရင် အဆိုပါသုံးနိုင်ငံရဲ့စီးပွားရေးကို တိုက်ရိုက်သက်ရောက်မှုများဖြစ်လာနိုင်တဲ့အပြင် နိုင်ငံခြားသားအလုပ်သမားများအပေါ် မှီခိုနေရတဲ့ ထိုင်းနိုင်ငံရဲ့စီးပွားရေးလည်း ထိခိုက်ဖွယ်ရှိနေကြောင်း ဆိုပါတယ်။ Move Forward ပါတီက ၎င်းတို့ပါတီအစိုးရဖြစ်လာချိန်မှာ ထိုင်းနိုင်ငံအတွင်း တရားဝင်ခွင့်ပြုချက်မရဘဲ အလုပ်လုပ်ကိုင်နေသူများကို နှင်ထုတ်သွားမယ့် အစီအစဉ်များ ရှိနေကြောင်း မကြာသေးမီက ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်က "ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ဦးဆောင်တဲ့ထိုင်းအစိုးရဟာ လက်ရှိအချိန်မှာထိုင်းနိုင်ငံကိုရောက်ရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကိုတရားဝင်အလုပ်လုပ်ခွင့်ပေးထားတယ်။ အဲဒီသူတွေကို ပြန်နှင်ထုတ်မယ်ဆိုရင် ထိုင်းနိုင်ငံရဲ့စီးပွားရေးအပေါ် သက်ရောက်မှုတွေရှိလာနိုင်မှာပါ"လို့ပြောပါတယ်။

Move Forward ပါတီရဲ့ နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားတွေအပေါ်ထားရှိတဲ့ မူဝါဒတွေကို ထိုင်းနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေက ထောက်ခံမှာမဟုတ်ကြောင်း ဝန်ကြီးချုပ်ဟွန်ဆန်ကပြောပါတယ်။ Move Forward ပါတီဟာ ရွေးကောက်ပွဲမှာမဲအများဆုံးအနိုင်ရတဲ့ ပါတီဖြစ်ခဲ့ပေမယ့် ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို ဦးဆောင်ရွေးချယ်နိုင်ခြင်းမရှိသေးကြောင်း၊ Move Forward ပါတီဟာ ဝန်ကြီးချုပ်ရွေးချယ်ခန့်အပ်နိုင်ဖို့ လွှတ်တော်နှစ်ရပ်ပေါင်းရဲ့ ထောက်ခံမဲ (၃၇၆)မဲရဖို့လိုအပ်နေပြီး ထောက်ခံမဲ (၁၅၁)မဲမဟုတ်ကြောင်း ဝေဖန်ခဲ့ပါတယ်။

Move Forward ပါတီဟာရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရခဲ့ပြီးနောက် ဝန်ကြီးချုပ်ရွေးချယ်နိုင်ဖို့ နဲ့ အစိုးရဖွဲ့စည်းနိုင်ဖို့ အခြားအနိုင်ရပါတီ (၇)ပါတီနဲ့ ပူးပေါင်းပြီး ညွန်ပေါင်းအစိုးရဖွဲ့စည်းဖို့ ကြိုးပမ်းနေပေမယ့် လက်ရှိအချိန်အထိ သတ်မှတ်ထားတဲ့မဲအရေအတွက်မျိုးမရသေးဘဲ အထက်လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံမှုမရှိဘူးဆိုရင် Move Forward ပါတီဟာ ဝန်ကြီးချုပ်နဲ့ အစိုးရဖွဲ့စည်းနိုင်မှာမဟုတ်ကြောင်း ထိုင်းနိုင်ငံရေးလေ့လာသူများကသုံးသပ်နေပါတယ်။

zawgyi version
Move Forward ပါတီရဲ႕ႏိုင္ငံျခားသားေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအေပၚထားရွိတဲ့ မူဝါဒမ်ားကို ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ ဟြန္ဆန္ေဝဖန္ျပစ္တင္
ဂ်န္ဇက္ (NP News) - ‌ဇြန္ ၃

ထိုင္းေ႐ြးေကာက္ပြဲမွာ မဲအမ်ားဆုံးနဲ႔အႏိုင္ရခဲ့တဲ့ Move Forward ပါတီရဲ႕ ထိုင္းႏိုင္ငံရွိ ႏိုင္ငံျခားသားေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားအေပၚထားရွိတဲ့ မူဝါဒေတြကို ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္က ေဝဖန္ျပစ္တင္လိုက္ပါတယ္။

ဝန္ႀကီးခ်ဳပ္ဟြန္ဆန္က ထိုင္းႏိုင္ငံမွာ အလုပ္လုပ္ေနတဲ့ ကေမာၻဒီးယား၊ လာအို၊ ျမန္မာႏိုင္ငံတို႔ရဲ႕ေ႐ႊ႕ ေျပာင္းအလုပ္သမားေတြကို ျပန္ပို႔မယ္ဆိုရင္ အဆိုပါသုံးႏိုင္ငံရဲ႕စီးပြားေရးကို တိုက္႐ိုက္သက္ေရာက္မႈမ်ားျဖစ္လာႏိုင္တဲ့အျပင္ ႏိုင္ငံျခားသားအလုပ္သမားမ်ားအေပၚ မွီခိုေနရတဲ့ ထိုင္းႏိုင္ငံရဲ႕စီးပြားေရးလည္း ထိခိုက္ဖြယ္ရွိေနေၾကာင္း ဆိုပါတယ္။ Move Forward ပါတီက ၎တို႔ပါတီအစိုးရျဖစ္လာခ်ိန္မွာ ထိုင္းႏိုင္ငံအတြင္း တရားဝင္ခြင့္ျပဳခ်က္မရဘဲ အလုပ္လုပ္ကိုင္ေနသူမ်ားကို ႏွင္ထုတ္သြားမယ့္ အစီအစဥ္မ်ား ရွိေနေၾကာင္း မၾကာေသးမီက ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးပါတယ္။

ဝန္ႀကီးခ်ဳပ္ဟြန္ဆန္က "ဝန္ႀကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာ ဦးေဆာင္တဲ့ထိုင္းအစိုးရဟာ လက္ရွိအခ်ိန္မွာထိုင္းႏိုင္ငံကိုေရာက္ရွိတဲ့ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြကိုတရားဝင္အလုပ္လုပ္ခြင့္ေပးထားတယ္။ အဲဒီသူေတြကို ျပန္ႏွင္ထုတ္မယ္ဆိုရင္ ထိုင္းႏိုင္ငံရဲ႕စီးပြားေရးအေပၚ သက္ေရာက္မႈေတြရွိလာႏိုင္မွာပါ"လို႔ေျပာပါတယ္။

Move Forward ပါတီရဲ႕ ႏိုင္ငံျခားသားေ႐ႊ႕ေျပာင္းအလုပ္သမားေတြအေပၚထားရွိတဲ့ မူဝါဒေတြကို ထိုင္းႏိုင္ငံရဲ႕အိမ္နီးခ်င္းႏိုင္ငံေတြက ေထာက္ခံမွာမဟုတ္ေၾကာင္း ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ကေျပာပါတယ္။ Move Forward ပါတီဟာ ေ႐ြးေကာက္ပြဲမွာမဲအမ်ားဆုံးအႏိုင္ရတဲ့ ပါတီျဖစ္ခဲ့ေပမယ့္ ဝန္ႀကီးခ်ဳပ္နဲ႔ အစိုးရအဖြဲ႕ကို ဦးေဆာင္ေ႐ြးခ်ယ္ႏိုင္ျခင္းမရွိေသးေၾကာင္း၊ Move Forward ပါတီဟာ ဝန္ႀကီးခ်ဳပ္ေ႐ြးခ်ယ္ခန႔္အပ္ႏိုင္ဖို႔ လႊတ္ေတာ္ႏွစ္ရပ္ေပါင္းရဲ႕ ေထာက္ခံမဲ (၃၇၆)မဲရဖို႔လိုအပ္ေနၿပီး ေထာက္ခံမဲ (၁၅၁)မဲမဟုတ္ေၾကာင္း ေဝဖန္ခဲ့ပါတယ္။

Move Forward ပါတီဟာေ႐ြးေကာက္ပြဲမွာ မဲအမ်ားဆုံးနဲ႔ အႏိုင္ရခဲ့ၿပီးေနာက္ ဝန္ႀကီးခ်ဳပ္ေ႐ြးခ်ယ္ႏိုင္ဖို႔ နဲ႔ အစိုးရဖြဲ႕စည္းႏိုင္ဖို႔ အျခားအႏိုင္ရပါတီ (၇)ပါတီနဲ႔ ပူးေပါင္းၿပီး ၫြန္ေပါင္းအစိုးရဖြဲ႕စည္းဖို႔ ႀကိဳးပမ္းေနေပမယ့္ လက္ရွိအခ်ိန္အထိ သတ္မွတ္ထားတဲ့မဲအေရအတြက္မ်ိဳးမရေသးဘဲ အထက္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ေထာက္ခံမႈမရွိဘူးဆိုရင္ Move Forward ပါတီဟာ ဝန္ႀကီးခ်ဳပ္နဲ႔ အစိုးရဖြဲ႕စည္းႏိုင္မွာမဟုတ္ေၾကာင္း ထိုင္းႏိုင္ငံေရးေလ့လာသူမ်ားကသုံးသပ္ေနပါတယ္။

Related news

© 2021. All rights reserved.