သေနတ်ဖြင့် အနီးကပ်လုပ်ကြံခံခဲ့ရသည့် အဆိုတော်လီလီနိုင်ကျော် ကွယ်လွန်သွားခဲ့ပြီး ပစ်ခတ်လုပ်ကြံသူကို ဖမ်းဆီးရမိပြီဟုဆို

 2609

NP News - ဇွန် ၆

သေနတ်ဖြင့် အနီးကပ်လုပ်ကြံခံခဲ့ရသော အဆိုတော်လီလီနိုင်ကျော် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သူမ၏ မိသားစုဝင်များက အသိပေးပြောဆိုထားသည်။

အဆိုတော်လီလီနိုင်ကျော်သည် ယနေ့(ဇွန်လ ၆ ရက်)၊ နံနက် ၆ နာရီဝန်းကျင်အချိန်တွင် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံ၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ (၂)ရပ်ကွက်၌နေထိုင်သော အဆိုတော်/သရုပ်ဆောင် လီလီနိုင်ကျော် သည် ပြီးခဲ့သည့် မေလ ၃ဝ ရက်၊ ည ၇ နာရီအချိန်ခန့်တွင် ကားဖြင့်အပြင်မှ နေအိမ်သို့ ပြန်လာစဉ် သူမ၏ အိမ်ရှေ့တိုက်ခန်းအရောက်၌ PDF အဖွဲ့ဝင် အကြမ်းဖက်အမျိုးသား(၁)ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် အဆိုတော်လီလီနိုင်ကျော်၏ ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် ယနေ့ နံနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ် သည်။

လက်ရှိတွင် အဆိုတော်လီလီနိုင်ကျော် ကွယ်လွန်သွားမှုအပေါ် ၎င်း၏ ပရိတ်သတ်များနှင့် မိတ်ဆွေအပေါင်းအသင်းများက မိသားစုနှင့်ထပ်တူ ဝမ်းနည်းပူဆွေးရကြောင်း ထုတ်ဖော်ပြောဆိုနေကြသည်။

အဆိုတော်လီလီနိုင်ကျော်အား သေနတ်ဖြင့် အနီးကပ်လုပ်ကြံသတ်ဖြတ်ခဲ့သူကို ဇွန်လ ၄ ရက်တွင် ဖမ်းဆီးရမိခဲ့ပြီဖြစ်ကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သူများထံမှ သိရသည်။

သို့သော် နစကအနေဖြင့် အဆိုတော်လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်ခဲ့သူအား ဖမ်းဆီးရမိသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ လတ်တလော၌ အသိပေးထုတ်ပြန်ခြင်းမျိုး မရှိသေးပေ။

အဆိုတော်လီလီနိုင်ကျော်အား အကြမ်းဖက်လုပ်ကြံသတ်ဖြတ်သည့်လုပ်ရပ်အပေါ် မြန်မာနိုင်ငံဂီတအစည်းအရုံးအပါအဝင် အဖွဲ့အစည်းအသီးသီးက ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)ကလည်း အကြမ်းဖက်သမားများ၏ လူမဆန်သည့် တိုက်ခိုက်မှုသည် အေးချမ်းသွားလာလှုပ်ရှားနေသော ပြည်သူများကို ထိတ်လန့်ကြောက်ရွံ့စေရန် ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်သတ်ဖြတ်ခြင်းဖြစ်၍ ပြင်းထန်စွာ ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ထားသည်။

zawgyi version
ေသနတ္ျဖင့္ အနီးကပ္လုပ္ႀကံခံခဲ့ရသည့္ အဆိုေတာ္လီလီႏိုင္ေက်ာ္ ကြယ္လြန္သြားခဲ့ၿပီး ပစ္ခတ္လုပ္ႀကံသူကို ဖမ္းဆီးရမိၿပီဟုဆို

NP News - ဇြန္ ၆

ေသနတ္ျဖင့္ အနီးကပ္လုပ္ႀကံခံခဲ့ရေသာ အဆိုေတာ္လီလီႏိုင္ေက်ာ္ ကြယ္လြန္သြားခဲ့ၿပီျဖစ္ေၾကာင္း သူမ၏ မိသားစုဝင္မ်ားက အသိေပးေျပာဆိုထားသည္။

အဆိုေတာ္လီလီႏိုင္ေက်ာ္သည္ ယေန႔(ဇြန္လ ၆ ရက္)၊ နံနက္ ၆ နာရီဝန္းက်င္အခ်ိန္တြင္ ရန္ကုန္တိုင္း၊ မဂၤလာဒုံၿမိဳ႕နယ္ရွိ တပ္မေတာ္ေဆး႐ုံ၌ ကြယ္လြန္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ရန္ကုန္တိုင္း၊ ရန္ကင္းၿမိဳ႕နယ္၊ (၂)ရပ္ကြက္၌ေနထိုင္ေသာ အဆိုေတာ္/သ႐ုပ္ေဆာင္ လီလီႏိုင္ေက်ာ္ သည္ ၿပီးခဲ့သည့္ ေမလ ၃ဝ ရက္၊ ည ၇ နာရီအခ်ိန္ခန႔္တြင္ ကားျဖင့္အျပင္မွ ေနအိမ္သို႔ ျပန္လာစဥ္ သူမ၏ အိမ္ေရွ႕တိုက္ခန္းအေရာက္၌ PDF အဖြဲ႕ဝင္ အၾကမ္းဖက္အမ်ိဳးသား(၁)ဦးက ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္သည္။

ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ အဆိုေတာ္လီလီႏိုင္ေက်ာ္၏ ဦးေခါင္းတြင္ ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး မဂၤလာဒုံၿမိဳ႕နယ္ရွိ တပ္မေတာ္ေဆး႐ုံ၌ ေဆးကုသမႈခံယူေနစဥ္ ယေန႔ နံနက္ပိုင္းတြင္ ကြယ္လြန္သြားခဲ့ျခင္းျဖစ္ သည္။

လက္ရွိတြင္ အဆိုေတာ္လီလီႏိုင္ေက်ာ္ ကြယ္လြန္သြားမႈအေပၚ ၎၏ ပရိတ္သတ္မ်ားႏွင့္ မိတ္ေဆြအေပါင္းအသင္းမ်ားက မိသားစုႏွင့္ထပ္တူ ဝမ္းနည္းပူေဆြးရေၾကာင္း ထုတ္ေဖာ္ေျပာဆိုေနၾကသည္။

အဆိုေတာ္လီလီႏိုင္ေက်ာ္အား ေသနတ္ျဖင့္ အနီးကပ္လုပ္ႀကံသတ္ျဖတ္ခဲ့သူကို ဇြန္လ ၄ ရက္ တြင္ ဖမ္းဆီးရမိခဲ့ၿပီျဖစ္ေၾကာင္း လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။

သို႔ေသာ္ နစကအေနျဖင့္ အဆိုေတာ္လီလီႏိုင္ေက်ာ္ကို လုပ္ႀကံသတ္ျဖတ္ခဲ့သူအား ဖမ္းဆီးရမိသည့္ျဖစ္စဥ္ႏွင့္ပတ္သက္၍ လတ္တေလာ၌ အသိေပးထုတ္ျပန္ျခင္းမ်ိဳး မရွိေသးေပ။

အဆိုေတာ္လီလီႏိုင္ေက်ာ္အား အၾကမ္းဖက္လုပ္ႀကံသတ္ျဖတ္သည့္လုပ္ရပ္အေပၚ ျမန္မာႏိုင္ငံဂီတအစည္းအ႐ုံးအပါအဝင္ အဖြဲ႕အစည္းအသီးသီးက ျပင္းထန္စြာကန႔္ကြက္ရႈတ္ခ်ေၾကာင္း သေဘာထားထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံး(ဗဟို)ကလည္း အၾကမ္းဖက္သမားမ်ား၏ လူမဆန္သည့္ တိုက္ခိုက္မႈသည္ ေအးခ်မ္းသြားလာလႈပ္ရွားေနေသာ ျပည္သူမ်ားကို ထိတ္လန႔္ေၾကာက္႐ြံ႕ေစရန္ ရည္႐ြယ္ခ်က္ျဖင့္ အၾကမ္းဖက္သတ္ျဖတ္ျခင္းျဖစ္၍ ျပင္းထန္စြာ ရႈတ္ခ်ေၾကာင္း သေဘာထားထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.