အဆိုတော် လီလီနိုင်ကျော်အား လုပ်ကြံသတ်ဖြတ်သည့် အကြမ်းဖက်အဖွဲ့ဝင်(၂)ဦးအား ဖမ်းဆီးရမိကြောင်း နစကထုတ်ပြန်

13911

NP News - ဇွန် ၆
အဆိုတော် လီလီနိုင်ကျော်အား လုပ်ကြံသတ်ဖြတ်သည့် Special Task Force – STF အမည်ခံ အကြမ်း ဖက်အဖွဲ့ဝင်များအား ဖမ်းဆီးရမိကြောင်း နစကမှထုတ်ပြန်ထားသည်။
နစကမှ ယနေ့ (ဇွန်လ ၆ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် မေလ ၃ဝ ရက်၊ ညနေပိုင်းတွင် သရုပ်ဆောင်အဆိုတော် လီလီနိုင်ကျော်အား ၎င်းနေထိုင်သည့် ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်တွင် အကြမ်းဖက်သမားတစ်ဦးမှ ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် သေဆုံးခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တရားခံအားဖမ်းဆီးရမိရေးအတွက် ဖြစ်စဉ်ဖြစ်ပွားရာနေရာဝန်း ကျင်တွင် စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ ပြုလုပ်ခဲ့ရာ ပြီးခဲ့သည့် ဇွန်လ (၄)ရက်၊ နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ်အတွင်းရှိ အမျိုးသားအဆောင်တစ်ခု၌ အဆိုတော်လီလီနိုင်ကျော်အား လုပ်ကြံသတ်ဖြတ်ခဲ့သည့် ကောင်းဇာနည်ဟိန်း (ခ) လပြည့် နှင့် ကျော်သူရ (ခ) အီးတီတို့ (၂)ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ဆိုသည်။
ထွက်ဆိုချက်အရ ၎င်းတို့(၂)ဦးသည် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဇွန်လတွင် KNLA တပ်မဟာ(၁)လှုပ်ရှားနယ်မြေ၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း (၁)လနှင့် ၂၀၂၂ ခုနှစ် ဇွန်လတွင် ကော့ကရိတ်မြို့နယ်၊ ဘော်ဒိုင်းကျေးရွာအနီး၌ Special Task Force – STF အမည်ခံအကြမ်းဖက်အဖွဲ့မှဖွင့်လှစ်သည့် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းတို့ကို တတ်ရောက်ခဲ့ကြောင်းသိရသည်။
အလားတူ ၎င်းတို့ထွက်ဆိုချက်များအရ ဖမ်းဆီးရန်ကျန် ဒီငြိမ်းလင်းနှင့် ဟေဇယ်တို့ ဦးဆောင်၍ ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလတွင် STF အမည်ခံအကြမ်းဖက်အဖွဲ့အား ရန်ကုန်မြို့၌ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက်ဖွင့်လှစ်ခဲ့ပြီး ဇူလိုင်လတွင် တပ်မတော်စစ်ကြောင်းမှ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုကြောင့် ကော့ကရိတ်မြို့နယ်ဘက်သို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၂ဝ၂၃ ခုနှစ်၊ ဇန်နဝါရီလ၊ ပထမပတ်တွင် ဖမ်းဆီးရန်ကျန် ဒီငြိမ်းလင်းမှ အဖွဲ့ဝင် (၂၆)ဦးအား အဖွဲ့များခွဲကာ ရန်ကုန်တိုင်းအတွင်းစေလွှတ်ခဲ့ပြီး ကောင်းဇာနည်ဟိန်း နှင့် ကျော်သူရတို့ (၂)ဦးသည် ရန်ကုန်မြို့သို့ပြန်လာကာ ကမာရွတ်မြို့နယ်အတွင်းရှိ အမျိုးသားအဆောင်(၁)ခုတွင် တစ်လလျှင်တစ်သိန်းကျပ်ဖြင့် အခန်းငှားနေထိုင်ခဲ့ကြောင်း ထွက်ဆိုချက်အရ သိရသည်။
ထို့ပြင် ကောင်းဇာနည်ဟိန်းသည် ဘုရင့်နောင်ကုန်စည်ပွဲရုံဝင်းအတွင်းရှိ ကားဝပ်ရှော့တစ်ခု၌ လည်း ကောင်း၊ ကျော်သူရသည် မင်္ဂလာဒုံမြို့နယ်၊ သင်္ကန်းကျွန်းကြီးရပ်ကွက်ရှိ လေထိုးကျွတ်ဖာဆိုင်တစ်ခု၌လည်းကောင်းလုပ်ကိုင်၍ ဒီငြိမ်းလင်းမှခိုင်းစေမည့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်စောင့် ဆိုင်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်ဟု နစကမှ ဆိုသည်။
ထို့နောက် ဖမ်းဆီးရန်ကျန်ရှိနေသည့် ဒီငြိမ်းလင်း၊ ဟေဇယ်၊ ယသော် နှင့် နွေးနွေးတို့ (၄)ဦးသည် ရန်ကုန်မြို့အတွင်း ရောက်ရှိနေသော အဖွဲ့ဝင်များအား Telegram မှတဆင့် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် ခိုင်းစေခဲ့ကြောင်း သိရသည်။
ထို့ပြင် ကောင်းဇာနည်ဟိန်း၏ ထွက်ဆိုချက်အရ ဒီငြိမ်းလင်းနှင့် ဟေဇယ်မှ ပြီးခဲ့သည့် မေလ (၂၅)ရက်တွင် ဒေါ်လီလီနိုင်ကျော်၏ ဓာတ်ပုံအချက်အလက်များအား Telegram မှတဆင့်ပေးပို့၍ လုပ်ကြံသတ် ဖြတ်ရန် စေခိုင်းခဲ့ပြီး မေလ (၂၈)ရက်တွင် Sig Sauer ပစ္စတို (၁)လက်၊ ၎င်းကျည်အိမ် (၂)ခု၊ ၎င်းကျည် (၂ဝ)တောင့်တို့အား ဟေဇယ်မှပေးပို့ခဲ့ကြောင်း သိရသည်။
၎င်းတို့၏ ထွက်ဆိုချက်အများအရ ကောင်းဇာနည်ဟိန်း နှင့် ကျော်သူရတို့ (၂)ဦးသည် ဒေါ်လီလီနိုင်ကျော်အား လုပ်ကြံသတ်ဖြတ်ရန်အတွက် ၎င်းနေထိုင်သည့် တိုက်ခန်းအနီးသို့ နေ့စဉ်သွားရောက်၍ အခြေအနေစောင့်ကြည့်ခဲ့ပြီး မေလ(၃ဝ)ရက်၊ ညနေပိုင်းတွင် ကောင်းဇာနည်ဟိန်းသည် ဒေါ်လီလီနိုင်ကျော်အား ၎င်း၏ အိမ်ရှေ့၌ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် လုပ်ကြံသတ်ဖြတ်ရာတွင် အသုံးပြုသည့် လက်နက်ခဲယမ်းများအား မေလ (၃၁)ရက်တွင် ဖမ်းဆီးရန်ကျန် ယသော်၏ စီစဉ်ပေးမှုဖြင့် STF အဖွဲ့ဝင် တစ်ဦးထံပြန်လည်ပေးအပ်ခဲ့ပြီး လုပ်ကြံသတ် ဖြတ်ရန်အတွက် ဒီငြိမ်းလင်းနှင့် ဟေဇယ်တို့မှ ငွေကျပ် (၃)သိန်းအား Wave Pay မှတဆင့် ထောက်ပံ့ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းဆီးရမိသူ(၂)ဦးအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေးနှင့် ဖမ်းဆီးရန်ကျန်သူများအား ဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

zawgyi version
အဆိုေတာ္ လီလီႏိုင္ေက်ာ္အား လုပ္ႀကံသတ္ျဖတ္သည့္ အၾကမ္းဖက္အဖြဲ႕ဝင္(၂)ဦးအား ဖမ္းဆီးရမိေၾကာင္း နစကထုတ္ျပန္
NP News - ဇြန္ ၆
အဆိုေတာ္ လီလီႏိုင္ေက်ာ္အား လုပ္ႀကံသတ္ျဖတ္သည့္ Special Task Force – STF အမည္ခံ အၾကမ္း ဖက္အဖြဲ႕ဝင္မ်ားအား ဖမ္းဆီးရမိေၾကာင္း နစကမွထုတ္ျပန္ထားသည္။
နစကမွ ယေန႔ (ဇြန္လ ၆ရက္)တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။
ၿပီးခဲ့သည့္ ေမလ ၃ဝ ရက္၊ ညေနပိုင္းတြင္ သ႐ုပ္ေဆာင္အဆိုေတာ္ လီလီႏိုင္ေက်ာ္အား ၎ေနထိုင္သည့္ ရန္ကုန္တိုင္း၊ ရန္ကင္းၿမိဳ႕နယ္၊ အမွတ္(၂)ရပ္ကြက္တြင္ အၾကမ္းဖက္သမားတစ္ဦးမွ ပစ္ခတ္ထြက္ေျပးသြားခဲ့သျဖင့္ ေသဆုံးခဲ့သည့္ျဖစ္စဥ္ျဖစ္ပြားခဲ့သည္။
ထို႔ေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားမွ တရားခံအားဖမ္းဆီးရမိေရးအတြက္ ျဖစ္စဥ္ျဖစ္ပြားရာေနရာဝန္း က်င္တြင္ ေစာင့္ၾကည့္စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္းသိရသည္။
ထိုသို႔ ျပဳလုပ္ခဲ့ရာ ၿပီးခဲ့သည့္ ဇြန္လ (၄)ရက္၊ နံနက္ပိုင္းတြင္ ကမာ႐ြတ္ၿမိဳ႕နယ္အတြင္းရွိ အမ်ိဳးသားအေဆာင္တစ္ခု၌ အဆိုေတာ္လီလီႏိုင္ေက်ာ္အား လုပ္ႀကံသတ္ျဖတ္ခဲ့သည့္ ေကာင္းဇာနည္ဟိန္း (ခ) လျပည့္ ႏွင့္ ေက်ာ္သူရ (ခ) အီးတီတို႔ (၂)ဦးအား ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ဆိုသည္။
ထြက္ဆိုခ်က္အရ ၎တို႔(၂)ဦးသည္ ၿပီးခဲ့သည့္ ၂ဝ၂၁ ခုႏွစ္၊ ဇြန္လတြင္ KNLA တပ္မဟာ(၁)လႈပ္ရွားနယ္ေျမ၌ အၾကမ္းဖက္ေဖာက္ခြဲေရးသင္တန္း (၁)လႏွင့္ ၂၀၂၂ ခုႏွစ္ ဇြန္လတြင္ ေကာ့ကရိတ္ၿမိဳ႕နယ္၊ ေဘာ္ဒိုင္းေက်း႐ြာအနီး၌ Special Task Force – STF အမည္ခံအၾကမ္းဖက္အဖြဲ႕မွဖြင့္လွစ္သည့္ အၾကမ္းဖက္ေဖာက္ခြဲေရးသင္တန္းတို႔ကို တတ္ေရာက္ခဲ့ေၾကာင္းသိရသည္။
အလားတူ ၎တို႔ထြက္ဆိုခ်က္မ်ားအရ ဖမ္းဆီးရန္က်န္ ဒီၿငိမ္းလင္းႏွင့္ ေဟဇယ္တို႔ ဦးေဆာင္၍ ၂ဝ၂၂ ခုႏွစ္ ဇန္နဝါရီလတြင္ STF အမည္ခံအၾကမ္းဖက္အဖြဲ႕အား ရန္ကုန္ၿမိဳ႕၌ အၾကမ္းဖက္လုပ္ငန္းမ်ား ေဆာင္႐ြက္ရန္အတြက္ဖြင့္လွစ္ခဲ့ၿပီး ဇူလိုင္လတြင္ တပ္မေတာ္စစ္ေၾကာင္းမွ ဝင္ေရာက္တိုက္ခိုက္သိမ္းပိုက္မႈေၾကာင့္ ေကာ့ကရိတ္ၿမိဳ႕နယ္ဘက္သို႔ထြက္ေျပးတိမ္းေရွာင္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ၂ဝ၂၃ ခုႏွစ္၊ ဇန္နဝါရီလ၊ ပထမပတ္တြင္ ဖမ္းဆီးရန္က်န္ ဒီၿငိမ္းလင္းမွ အဖြဲ႕ဝင္ (၂၆)ဦးအား အဖြဲ႕မ်ားခြဲကာ ရန္ကုန္တိုင္းအတြင္းေစလႊတ္ခဲ့ၿပီး ေကာင္းဇာနည္ဟိန္း ႏွင့္ ေက်ာ္သူရတို႔ (၂)ဦးသည္ ရန္ကုန္ၿမိဳ႕သို႔ျပန္လာကာ ကမာ႐ြတ္ၿမိဳ႕နယ္အတြင္းရွိ အမ်ိဳးသားအေဆာင္(၁)ခုတြင္ တစ္လလွ်င္တစ္သိန္းက်ပ္ျဖင့္ အခန္းငွားေနထိုင္ခဲ့ေၾကာင္း ထြက္ဆိုခ်က္အရ သိရသည္။
ထို႔ျပင္ ေကာင္းဇာနည္ဟိန္းသည္ ဘုရင့္ေနာင္ကုန္စည္ပြဲ႐ုံဝင္းအတြင္းရွိ ကားဝပ္ေရွာ့တစ္ခု၌ လည္း ေကာင္း၊ ေက်ာ္သူရသည္ မဂၤလာဒုံၿမိဳ႕နယ္၊ သကၤန္းကြၽန္းႀကီးရပ္ကြက္ရွိ ေလထိုးကြၽတ္ဖာဆိုင္တစ္ခု၌လည္းေကာင္းလုပ္ကိုင္၍ ဒီၿငိမ္းလင္းမွခိုင္းေစမည့္ အၾကမ္းဖက္လုပ္ငန္းမ်ား ေဆာင္႐ြက္ရန္ေစာင့္ ဆိုင္းခဲ့ေၾကာင္း ေဖာ္ထုတ္သိရွိရသည္ဟု နစကမွ ဆိုသည္။
ထို႔ေနာက္ ဖမ္းဆီးရန္က်န္ရွိေနသည့္ ဒီၿငိမ္းလင္း၊ ေဟဇယ္၊ ယေသာ္ ႏွင့္ ေႏြးေႏြးတို႔ (၄)ဦးသည္ ရန္ကုန္ၿမိဳ႕အတြင္း ေရာက္ရွိေနေသာ အဖြဲ႕ဝင္မ်ားအား Telegram မွတဆင့္ အၾကမ္းဖက္လုပ္ငန္းမ်ား ေဆာင္႐ြက္ရန္ ခိုင္းေစခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ေကာင္းဇာနည္ဟိန္း၏ ထြက္ဆိုခ်က္အရ ဒီၿငိမ္းလင္းႏွင့္ ေဟဇယ္မွ ၿပီးခဲ့သည့္ ေမလ (၂၅)ရက္တြင္ ေဒၚလီလီႏိုင္ေက်ာ္၏ ဓာတ္ပုံအခ်က္အလက္မ်ားအား Telegram မွတဆင့္ေပးပို႔၍ လုပ္ႀကံသတ္ ျဖတ္ရန္ ေစခိုင္းခဲ့ၿပီး ေမလ (၂၈)ရက္တြင္ Sig Sauer ပစၥတို (၁)လက္၊ ၎က်ည္အိမ္ (၂)ခု၊ ၎က်ည္ (၂ဝ)ေတာင့္တို႔အား ေဟဇယ္မွေပးပို႔ခဲ့ေၾကာင္း သိရသည္။
၎တို႔၏ ထြက္ဆိုခ်က္အမ်ားအရ ေကာင္းဇာနည္ဟိန္း ႏွင့္ ေက်ာ္သူရတို႔ (၂)ဦးသည္ ေဒၚလီလီႏိုင္ေက်ာ္အား လုပ္ႀကံသတ္ျဖတ္ရန္အတြက္ ၎ေနထိုင္သည့္ တိုက္ခန္းအနီးသို႔ ေန႔စဥ္သြားေရာက္၍ အေျခအေနေစာင့္ၾကည့္ခဲ့ၿပီး ေမလ(၃ဝ)ရက္၊ ညေနပိုင္းတြင္ ေကာင္းဇာနည္ဟိန္းသည္ ေဒၚလီလီႏိုင္ေက်ာ္အား ၎၏ အိမ္ေရွ႕၌ လုပ္ႀကံသတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ လုပ္ႀကံသတ္ျဖတ္ရာတြင္ အသုံးျပဳသည့္ လက္နက္ခဲယမ္းမ်ားအား ေမလ (၃၁)ရက္တြင္ ဖမ္းဆီးရန္က်န္ ယေသာ္၏ စီစဥ္ေပးမႈျဖင့္ STF အဖြဲ႕ဝင္ တစ္ဦးထံျပန္လည္ေပးအပ္ခဲ့ၿပီး လုပ္ႀကံသတ္ ျဖတ္ရန္အတြက္ ဒီၿငိမ္းလင္းႏွင့္ ေဟဇယ္တို႔မွ ေငြက်ပ္ (၃)သိန္းအား Wave Pay မွတဆင့္ ေထာက္ပံ့ခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ဖမ္းဆီးရမိသူ(၂)ဦးအား ဥပေဒအရထိေရာက္စြာ အေရးယူႏိုင္ေရးႏွင့္ ဖမ္းဆီးရန္က်န္သူမ်ားအား ဖမ္းဆီးရမိေရးအတြက္ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။