ထိုင်ဝမ်တွင် နေထိုင်သော အမေရိကန်နိုင်ငံသားများကို ဘေးကင်းရာသို့ပြောင်းရွှေ့ရန် အမေရိကန်အစိုးရ တိုက်တွန်းတောင်းဆို

 6331

Pika (NP News) - ဇွန် ၁၃

တရုတ်နှင့် တင်းမာမှုများမြင့်တက်နေချိန်တွင် အမေရိကန်သည် ထိုင်ဝမ်တွင်ရှိသော ၎င်း၏ နိုင်ငံသားများကို ဘေးလွတ်ကင်းရာသို့ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း The Messenger သတင်းစာက ဖော်ပြခဲ့သည်။

ထိုင်ဝမ်နှင့် တရုတ်ကြား ပဋိပက္ခဖြစ်ပွားမည်ဆိုပါက ထိုင်ဝမ်ကျွန်းပေါ်တွင် အမေရိကန်နိုင်ငံသားများ ပိတ်မိသွား နိုင်သည့်အတွက် ယခုကဲ့သို့စီစဉ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။ တင်းမာမှုများ ပိုမိုမြင့်တက်လာမှုနှင့်အတူ ပြီးခဲ့သည့်နှစ်လအတွင်း ထိုင်ဝမ်ရှိ အမေရိကန်နိုင်ငံသားများ ရွှေ့ပြောင်းမှုများလုပ်ဆောင်ရန် ပိုမိုအရှိန်မြှင့်ခဲ့ရ ကြောင်း အမေရိကန်ထောက်လှမ်းရေးအကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

တရုတ်နှင့် တင်းမာမှုများ ပိုမိုမြင့်တက်လာခြင်းသည် ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်စေရန် တွန်းအားပေးခဲ့ ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယူကရိန်းကို ရုရှား၏ ကျူးကျော်တိုက်ခိုက်မှုသည် ထိုင်ဝမ်တွင် ဖြစ်ပွားလာနိုင်သည့် ပဋိပက္ခနှင့်ပတ်သက်ပြီး အစီအစဉ်များလုပ်ဆောင်ရန် အမေရိကန်ကို တွန်းအားပေးခဲ့သလို တရုတ်နှင့် အမေရိကန်ကြား ထိပ်တိုက်ရင်ဆိုင်မှုများ ပိုမိုဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း အခြားသတင်းရင်းမြစ်တစ်ခု က ပြောကြားခဲ့သည်။

အမေရိကန်အစိုးရသည် ယူကရိန်းစစ်ပွဲမတိုင်ခင် လအတန်ကြာတည်းက အမေရိကန်နိုင်ငံသားများကို ယူကရိန်း နိုင်ငံအတွင်းမှ ချက်ချင်းထွက်ခွာရန် သတိပေးခဲ့ကြောင်းယူကရိန်း- ရုရှားစစ်ပွဲမစတင်မီ နှစ်ပတ်အလိုတွင် အမေရိကန်သံရုံးဝန်ထမ်းများကို ဘေးလွတ်ကင်းရာသို့ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ထိုင်ဝမ်သို့ခရီးသွားခြင်းမပြုရန် အမေရိကန်နိုင်ငံသားများကို သတိပေး ထားပြီး ထိုင်ဝမ်ကျွန်းကို ခရီးသွားအကြံပေးအဆင့်လေးခုတွင် အနိမ့်ဆုံးအဆင့်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ (၂ဝ၁၉)ခုနှစ်စာရင်းအရ ထိုင်ဝမ်တွင် အမေရိကန်နိုင်ငံသား(၈)သောင်းကျော် နေထိုင်လျက်ရှိနေပြီး ၎င်းတို့အားလုံးကို ဘေးလွတ်ကင်းရာသို့ ချက်ချင်းရွှေ့ပြောင်းရန်အတွက် အခက်အခဲများရှိလာနိုင်ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

Zawgyi Version;
ထိုင္ဝမ္တြင္ ေနထိုင္ေသာ အေမရိကန္ႏိုင္ငံသားမ်ားကို ေဘးကင္းရာသို႔ေျပာင္းေ႐ႊ႕ရန္ အေမရိကန္အစိုးရ တိုက္တြန္းေတာင္းဆို
Pika (NP News) - ဇြန္ ၁၃

တ႐ုတ္ႏွင့္ တင္းမာမႈမ်ားျမင့္တက္ေနခ်ိန္တြင္ အေမရိကန္သည္ ထိုင္ဝမ္တြင္ရွိေသာ ၎၏ ႏိုင္ငံသားမ်ားကို ေဘးလြတ္ကင္းရာသို႔ ေ႐ႊ႕ေျပာင္းရန္စီစဥ္ေနေၾကာင္း The Messenger သတင္းစာက ေဖာ္ျပခဲ့သည္။

ထိုင္ဝမ္ႏွင့္ တ႐ုတ္ၾကား ပဋိပကၡျဖစ္ပြားမည္ဆိုပါက ထိုင္ဝမ္ကြၽန္းေပၚတြင္ အေမရိကန္ႏိုင္ငံသားမ်ား ပိတ္မိသြား ႏိုင္သည့္အတြက္ ယခုကဲ့သို႔စီစဥ္ေနျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ တင္းမာမႈမ်ား ပိုမိုျမင့္တက္လာမႈႏွင့္အတူ ၿပီးခဲ့သည့္ႏွစ္လအတြင္း ထိုင္ဝမ္ရွိ အေမရိကန္ႏိုင္ငံသားမ်ား ေ႐ႊ႕ေျပာင္းမႈမ်ားလုပ္ေဆာင္ရန္ ပိုမိုအရွိန္ျမႇင့္ခဲ့ရ ေၾကာင္း အေမရိကန္ေထာက္လွမ္းေရးအႀကီးတန္းအရာရွိတစ္ဦးက ေျပာၾကားခဲ့သည္။

တ႐ုတ္ႏွင့္ တင္းမာမႈမ်ား ပိုမိုျမင့္တက္လာျခင္းသည္ ႀကိဳတင္ျပင္ဆင္မႈမ်ားကို လုပ္ေဆာင္ေစရန္ တြန္းအားေပးခဲ့ ျခင္းျဖစ္ေၾကာင္း ၎က ေျပာၾကားခဲ့သည္။ ယူကရိန္းကို ႐ုရွား၏ က်ဴးေက်ာ္တိုက္ခိုက္မႈသည္ ထိုင္ဝမ္တြင္ ျဖစ္ပြားလာႏိုင္သည့္ ပဋိပကၡႏွင့္ပတ္သက္ၿပီး အစီအစဥ္မ်ားလုပ္ေဆာင္ရန္ အေမရိကန္ကို တြန္းအားေပးခဲ့သလို တ႐ုတ္ႏွင့္ အေမရိကန္ၾကား ထိပ္တိုက္ရင္ဆိုင္မႈမ်ား ပိုမိုျဖစ္လာႏိုင္ဖြယ္ရွိေနေၾကာင္း အျခားသတင္းရင္းျမစ္တစ္ခု က ေျပာၾကားခဲ့သည္။

အေမရိကန္အစိုးရသည္ ယူကရိန္းစစ္ပြဲမတိုင္ခင္ လအတန္ၾကာတည္းက အေမရိကန္ႏိုင္ငံသားမ်ားကို ယူကရိန္း ႏိုင္ငံအတြင္းမွ ခ်က္ခ်င္းထြက္ခြာရန္ သတိေပးခဲ့ေၾကာင္းယူကရိန္း- ႐ုရွားစစ္ပြဲမစတင္မီ ႏွစ္ပတ္အလိုတြင္ အေမရိကန္သံ႐ုံးဝန္ထမ္းမ်ားကို ေဘးလြတ္ကင္းရာသို႔ေ႐ႊ႕ေျပာင္းေပးခဲ့ေၾကာင္း သိရသည္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနသည္ ထိုင္ဝမ္သို႔ခရီးသြားျခင္းမျပဳရန္ အေမရိကန္ႏိုင္ငံသားမ်ားကို သတိေပး ထားၿပီး ထိုင္ဝမ္ကြၽန္းကို ခရီးသြားအႀကံေပးအဆင့္ေလးခုတြင္ အနိမ့္ဆုံးအဆင့္အျဖစ္ သတ္မွတ္ထားေၾကာင္း သိရသည္။ (၂ဝ၁၉)ခုႏွစ္စာရင္းအရ ထိုင္ဝမ္တြင္ အေမရိကန္ႏိုင္ငံသား(၈)ေသာင္းေက်ာ္ ေနထိုင္လ်က္ရွိေနၿပီး ၎တို႔အားလုံးကို ေဘးလြတ္ကင္းရာသို႔ ခ်က္ခ်င္းေ႐ႊ႕ေျပာင္းရန္အတြက္ အခက္အခဲမ်ားရွိလာႏိုင္ေၾကာင္း သတင္းမ်ားလည္း ထြက္ေပၚေနသည္။

Picture

L Mone

13/06/2023 21:23

အမေရိကန်ကတော့ သေချာ စစ်ပွဲကို ဆင်နွှဲခိုင်းပြီ နော်...

Related news

© 2021. All rights reserved.