တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သော အကျဉ်းသားများကို ပညာသင်ကြားခွင့် ဆက်လက်ရရှိရေး ဆောင်ရွက်ပေးရန် လူ့အခွင့်အရေးကော်မရှင်တိုက်တွန်း

 504

Pearl (NP News) - ဇွန် ၁၄

တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သော အကျဉ်းသား၊ အကျဉ်းသူများအနေဖြင့် ပညာသင်ကြားခွင့် ဆက်လက်ရရှိရေးဆောင်ရွက်ပေးရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှဆိုသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ယမန်နေ့ (ဇွန်လ ၁၃ ရက်) ၊ ညပိုင်းတွင် အထက်ပါကဲ့သို့ ပြောဆိုထားခြင်းဖြစ်သည်။

အဆိုပါ ကော်မရှင်သည် ၂ဝ၂ဝ ပြည့်နှစ်၊ ဇန်နဝါရီလ မှ ၂ဝ၂၃ ခုနှစ်၊ မေလအတွင်း အကျဉ်းထောင် ၅၄ ခု၊ အကျဉ်းစခန်း ၃၈ ခု၊ ဘိုးဘွားရိပ်သာ၊ မသန်စွမ်းကျောင်းနှင့် လူငယ်သင်တန်းကျောင်း ၂၆ ခု တို့ကို သွား ရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ အကျဉ်းထောင်၊ အကျဉ်းစခန်းများတွင် ထိန်းသိမ်းစောင့်ရှောက်ထားသော အကျဉ်းသား၊ အကျဉ်းသူများမှ ပညာဆက်လက်သင်ယူလိုကြောင်း တင်ပြသည့် အကျဉ်း သား၊ အကျဉ်းသူများကို ပညာဆက်လက် သင်ယူနိုင်ရေးအတွက် သက်ဆိုင်ရာဌာနမှ စိစစ်ဆောင်ရွက်ပေးနိုင်ရေး အကြံပြုတိုက်တွန်းချက်များ ပေးပို့ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ဝ၂၂-၂ဝ၂၃ ခုနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို အင်းစိန်အကျဉ်းထောင် အပါအဝင် မန္တလေး၊ ရမည်းသင်း၊ လွိုင်ကော်၊ ဘားအံ၊ နေပြည်တော်နှင့် ပဲခူးအကျဉ်းထောင်တို့မှ အကျဥ်းသား (၄၈)ဦး ဖြေဆိုခဲ့ရာ အကျဥ်းသား(၄၄)ဦးအောင်မြင်ခဲ့ပြီး ၎င်းတို့အနက်မှ (၄၁)ဦးသည် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။

ထို့ကြောင့် ဖြေဆိုသည့် အကျဉ်းသားအားလုံး၏ အောင်မြင်မှုရာခိုင်နှုန်းသည် ၉၁ ဒသမ ၆၇ ရာခိုင်နှုန်းရှိပြီး မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေဖြင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် အကျဉ်းသား၊ အကျဉ်းသူများ၏ ပညာသင်ကြားခွင့် အခွင့်အရေး ဆက်လက်ရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးသွားရန် စဉ်ဆက်မပြတ်တိုက်တွန်းသွားမည် ဖြစ်ကြောင်းထုတ်ပြန်ထားသည်။

zawgyi version
တကၠသိုလ္ဝင္စာေမးပြဲေအာင္ျမင္ခဲ့ေသာ အက်ဥ္းသားမ်ားကို ပညာသင္ၾကားခြင့္ ဆက္လက္ရရွိေရး ေဆာင္႐ြက္ေပးရန္ လူ႔အခြင့္အေရးေကာ္မရွင္တိုက္တြန္း
Pearl (NP News) - ဇြန္ ၁၄

တကၠသိုလ္ဝင္စာေမးပြဲေအာင္ျမင္ခဲ့ေသာ အက်ဥ္းသား၊ အက်ဥ္းသူမ်ားအေနျဖင့္ ပညာသင္ၾကားခြင့္ ဆက္လက္ရရွိေရးေဆာင္႐ြက္ေပးရန္ တိုက္တြန္းသြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္မွဆိုသည္။

ျမန္မာႏိုင္ငံအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္မွ ယမန္ေန႔ (ဇြန္လ ၁၃ ရက္) ၊ ညပိုင္းတြင္ အထက္ပါကဲ့သို႔ ေျပာဆိုထားျခင္းျဖစ္သည္။

အဆိုပါ ေကာ္မရွင္သည္ ၂ဝ၂ဝ ျပည့္ႏွစ္၊ ဇန္နဝါရီလ မွ ၂ဝ၂၃ ခုႏွစ္၊ ေမလအတြင္း အက်ဥ္းေထာင္ ၅၄ ခု၊ အက်ဥ္းစခန္း ၃၈ ခု၊ ဘိုးဘြားရိပ္သာ၊ မသန္စြမ္းေက်ာင္းႏွင့္ လူငယ္သင္တန္းေက်ာင္း ၂၆ ခု တို႔ကို သြား ေရာက္ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။

ထိုသို႔ သြားေရာက္ၾကည့္ရႈစစ္ေဆးရာ အက်ဥ္းေထာင္၊ အက်ဥ္းစခန္းမ်ားတြင္ ထိန္းသိမ္းေစာင့္ေရွာက္ထားေသာ အက်ဥ္းသား၊ အက်ဥ္းသူမ်ားမွ ပညာဆက္လက္သင္ယူလိုေၾကာင္း တင္ျပသည့္ အက်ဥ္း သား၊ အက်ဥ္းသူမ်ားကို ပညာဆက္လက္ သင္ယူႏိုင္ေရးအတြက္ သက္ဆိုင္ရာဌာနမွ စိစစ္ေဆာင္႐ြက္ေပးႏိုင္ေရး အႀကံျပဳတိုက္တြန္းခ်က္မ်ား ေပးပို႔ခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ၂ဝ၂၂-၂ဝ၂၃ ခုႏွစ္ ပညာသင္ႏွစ္အတြက္ တကၠသိုလ္ဝင္စာေမးပြဲကို အင္းစိန္အက်ဥ္းေထာင္ အပါအဝင္ မႏၲေလး၊ ရမည္းသင္း၊ လြိဳင္ေကာ္၊ ဘားအံ၊ ေနျပည္ေတာ္ႏွင့္ ပဲခူးအက်ဥ္းေထာင္တို႔မွ အက်ဥ္းသား (၄၈)ဦး ေျဖဆိုခဲ့ရာ အက်ဥ္းသား(၄၄)ဦးေအာင္ျမင္ခဲ့ၿပီး ၎တို႔အနက္မွ (၄၁)ဦးသည္ ဂုဏ္ထူးျဖင့္ ေအာင္ျမင္ခဲ့သည္။

ထို႔ေၾကာင့္ ေျဖဆိုသည့္ အက်ဥ္းသားအားလုံး၏ ေအာင္ျမင္မႈရာခိုင္ႏႈန္းသည္ ၉၁ ဒသမ ၆၇ ရာခိုင္ႏႈန္းရွိၿပီး ျမန္မာႏိုင္ငံအမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္အေနျဖင့္ တကၠသိုလ္ဝင္တန္းေအာင္ျမင္သည့္ အက်ဥ္းသား၊ အက်ဥ္းသူမ်ား၏ ပညာသင္ၾကားခြင့္ အခြင့္အေရး ဆက္လက္ရရွိႏိုင္ေရးအတြက္ ေဆာင္႐ြက္ေပးသြားရန္ စဥ္ဆက္မျပတ္တိုက္တြန္းသြားမည္ ျဖစ္ေၾကာင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.