အင်ဒိုနီးရှားနိုင်ငံက မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ပေးပို့ကူညီမယ်လို့ သတင်းထုတ်ပြန်

 477

ဂျန်ဇက် (NP News) - ဇွန် ၁၅

မေလ ၁၄ ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့မိုခါမုန်တိုင်းကြောင့် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ လိုအပ်နေတဲ့ မြန်မာပြည်သူများအတွက် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများ ပေးပို့ကူညီသွားမယ်လို့ အင်ဒိုနိးရှားအစိုးရက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အင်ဒိုနီးရှား လူသားဖွံ့ဖြိုးရေး နှင့် ယာဉ်ကျေးမှုရေးရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မူဟတ်ဒီ အက်ဖန်ဒီက "အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုဟာ မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးဖို့ တိုက်ရိုက် ညွန်ကြားခဲ့ပြီးနောက် သဘာဝဘေးဒဏ်ခံရတဲ့မြန်မာပြည်သူများအတွက် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီ များ ပေးအပ်သွားမှာပါ။ ပြီးခဲ့တဲ့ မေလက မြန်မာနိုင်ငံဟာ သဘာဝဘေးဒဏ်တွေ့ကြုံခံစားခဲ့ရတယ်။ အင်ဒိုနီးရှား အစိုးရဟာ သဘာဝဘေးဒဏ်တွေ့ကြုံရင်ဆိုင်ခဲ့ရတဲ့ မြန်မာပြည်သူများအတွက် လူသားချင်းဆိုင်ရာ စာနာမှု အကူအညီများ ပေးအပ်သွားမှာပါ" လို့ ပြောပါတယ်။

အင်ဒိုနီးရှားအစိုးရဟာ မြန်မာနိုင်ငံကို အင်ဒိုနီးရှား ရူပီး ၇ ဘီလျံတန်ဖိုးရှိ လူသားချင်းဆိုင်ရာစာနာမှုအကူအညီ ပစ္စည်းများကို ဇွန်လ ၂၆ ရက်မှာ ပေးပို့ကူညီမှာဖြစ်ကြောင်း အင်ဒိုနီးရှားအစိုးရ က ပြောပါတယ်။

အိမ်ယာအဆောက်အဦးများ ပြန်လည်တည်ဆောက်နိုင်ဖို့ပစ္စည်းများ၊ အစားစာ၊ အာဟာရဖြစ်စေမယ့်ပစ္စည်းများ၊ သောက်ရေသန့်၊ ကူးစက်ရောဂါတုံ့ပြန်ရေးပစ္စည်းများအပြင် ဆေးဝါးတွေကို ပေးပို့ ကူညီမှာဖြစ်တယ်လို့ သိရပါတယ်။

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ဟာ ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ခဲ့ရပြီး သဘာဝဘေးအန္တရာယ်ကို မြန်မာနိုင်ငံရှိ လူပေါင်း ၅ ဒသမ ၄ သန်းကျော် တွေ့ကြုံခံစားခဲ့ရပါတယ်။ မိုခါမုန်တိုင်းတိုက်ခတ်ခဲ့ပြီးနောက် လူသားချင်းဆိုင်ရာ စာနာမှုအကူအညီလိုအပ်နေသူများကို နစက အပြင် အာဆီယံအဖွဲ့၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများက မြေပြင်အထိ ကွင်းဆင်းကာ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီများ ပံ့ပိုးပေးခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့ကလည်း လူသားချင်းဆိုင်ရာ အကူအညီများ ပေးပို့ကူညီထားကြောင်း သိရပါတယ်။

Zawgyi Version;
အင္ဒိုနီးရွားႏိုင္ငံက မိုခါမုန္တိုင္းဒဏ္ခံခဲ့ရတဲ့ ျမန္မာႏိုင္ငံကို လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီမ်ား ေပးပို႔ကူညီမယ္လို႔ သတင္းထုတ္ျပန္
ဂ်န္ဇက္ (NP News) - ဇြန္ ၁၅

ေမလ ၁၄ ရက္ေန႔က ဝင္ေရာက္တိုက္ခတ္ခဲ့တဲ့မိုခါမုန္တိုင္းေၾကာင့္ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီမ်ား လိုအပ္ေနတဲ့ ျမန္မာျပည္သူမ်ားအတြက္ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီမ်ား ေပးပို႔ကူညီသြားမယ္လို႔ အင္ဒိုနိးရွားအစိုးရက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

အင္ဒိုနီးရွား လူသားဖြံ႕ၿဖိဳးေရး ႏွင့္ ယာဥ္ေက်းမႈေရးရာပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီး မူဟတ္ဒီ အက္ဖန္ဒီက "အင္ဒိုနီးရွားသမၼတ ဂ်ိဳကို ဝီဒိုဒိုဟာ ျမန္မာႏိုင္ငံကို လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီမ်ားေပးဖို႔ တိုက္႐ိုက္ ၫြန္ၾကားခဲ့ၿပီးေနာက္ သဘာဝေဘးဒဏ္ခံရတဲ့ျမန္မာျပည္သူမ်ားအတြက္ လူသားခ်င္းဆိုင္ရာ စာနာမႈအကူအညီ မ်ား ေပးအပ္သြားမွာပါ။ ၿပီးခဲ့တဲ့ ေမလက ျမန္မာႏိုင္ငံဟာ သဘာဝေဘးဒဏ္ေတြ႕ႀကဳံခံစားခဲ့ရတယ္။ အင္ဒိုနီးရွား အစိုးရဟာ သဘာဝေဘးဒဏ္ေတြ႕ႀကဳံရင္ဆိုင္ခဲ့ရတဲ့ ျမန္မာျပည္သူမ်ားအတြက္ လူသားခ်င္းဆိုင္ရာ စာနာမႈ အကူအညီမ်ား ေပးအပ္သြားမွာပါ" လို႔ ေျပာပါတယ္။

အင္ဒိုနီးရွားအစိုးရဟာ ျမန္မာႏိုင္ငံကို အင္ဒိုနီးရွား ႐ူပီး ၇ ဘီလ်ံတန္ဖိုးရွိ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီ ပစၥည္းမ်ားကို ဇြန္လ ၂၆ ရက္မွာ ေပးပို႔ကူညီမွာျဖစ္ေၾကာင္း အင္ဒိုနီးရွားအစိုးရ က ေျပာပါတယ္။

အိမ္ယာအေဆာက္အဦးမ်ား ျပန္လည္တည္ေဆာက္ႏိုင္ဖို႔ပစၥည္းမ်ား၊ အစားစာ၊ အာဟာရျဖစ္ေစမယ့္ပစၥည္းမ်ား၊ ေသာက္ေရသန႔္၊ ကူးစက္ေရာဂါတုံ႔ျပန္ေရးပစၥည္းမ်ားအျပင္ ေဆးဝါးေတြကို ေပးပို႔ ကူညီမွာျဖစ္တယ္လို႔ သိရပါတယ္။

မိုခါမုန္တိုင္းေၾကာင့္ ရခိုင္ျပည္နယ္ဟာ ထိခိုက္ပ်က္စီးမႈအမ်ားဆုံးျဖစ္ခဲ့ရၿပီး သဘာဝေဘးအႏၲရာယ္ကို ျမန္မာႏိုင္ငံရွိ လူေပါင္း ၅ ဒသမ ၄ သန္းေက်ာ္ ေတြ႕ႀကဳံခံစားခဲ့ရပါတယ္။ မိုခါမုန္တိုင္းတိုက္ခတ္ခဲ့ၿပီးေနာက္ လူသားခ်င္းဆိုင္ရာ စာနာမႈအကူအညီလိုအပ္ေနသူမ်ားကို နစက အျပင္ အာဆီယံအဖြဲ႕၊ ကုလသမဂၢလက္ေအာက္ခံ အဖြဲ႕အစည္းမ်ားက ေျမျပင္အထိ ကြင္းဆင္းကာ လူသားခ်င္းဆိုင္ရာ စာနာမႈအကူအညီမ်ား ပံ့ပိုးေပးခဲ့ေၾကာင္း သိရပါတယ္။

ဒါ့အျပင္ ျမန္မာႏိုင္ငံရဲ႕အိမ္နီးခ်င္းႏိုင္ငံမ်ားျဖစ္တဲ့ တ႐ုတ္၊ အိႏၵိယ၊ ထိုင္းႏိုင္ငံတို႔ကလည္း လူသားခ်င္းဆိုင္ရာ အကူအညီမ်ား ေပးပို႔ကူညီထားေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.