ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး ကျောက်ဆစ်ရုပ်ပွားတော်ဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်မှု (၉၇)ရာခိုင်နှုန်း ပြီးစီး

7666

ယွန်း (NP News) - ဇွန် ၁၆
ကမ္ဘာပေါ်ရှိ ကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယရုပ်ပွားတော်မြတ် ကြီးအား ထုဆစ်မှု (၉၇) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်များအရ သိရသည်။
နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇွန်လ(၁၅)ရက်တွင် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ဆောက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃) တို့ကို တွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီး ကို ပြီးခဲ့သည့် ဇန်နဝါရီလ (၂၆)ရက်တွင် ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ခဲ့ကာ ဇန်နဝါရီလ (၃၁) ရက်တွင် ပလ္လင်တော်ထက်သို့ အောင်မြင်စွာပင့်ဆောင်ပူဇော်နိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဌာပနာသွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားများကို ဇန်နဝါရီလ (၂၇)ရက် နှင့် ဖေဖော်ဝါရီလ (၁ဝ)ရက်တို့တွင် အောင်မြင်စွာ ပြုလုပ်ပြီးစီးခဲ့ပြီးဖြစ်သည်။
အလားတူ ဖေဖော်ဝါရီလ (၁၁) ရက်တွင် ဆင်းတုတော်အပိုင်း (၄)ကို ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော် ခြင်း မဟာမင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပြီး ယခုအခါတွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်မှု မှာ (၉၇)ရာခိုင်နှုန်း ပြီးစီး ပြီဖြစ်ကြောင်း နစကမှ ဆိုထားသည်။
ထို့ပြင် ဗုဒ္ဓဥယျာဥ်တော်ကြီးအတွင်း သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများကျင်းပပြုလုပ်နိုင်မည့် သံဃာအပါး (၉ဝဝ)နှင့် လူပရိသတ်(၁၂ဝဝ)ဝင်ဆံ့နိုင်သော သာသနာ့ဗိမာန်တော်ကြီး အပါအဝင် အခြားသော သာသနိက အဆောက်အအုံများစွာကိုလည်း ထည့်သွင်းတည်ဆောက်လျက်ရှိသည်။
လက်ရှိတွင် သာသနိကအဆောက်အအုံများနှင့် ဗုဒ္ဓဥယျာဥ်တည်ဆောက်မှုမှာ (၈၆)ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ် ကြောင်း သိရသည်။
“မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်း တောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည်ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေ ရန်၊ တိုင်းပြည်အေးချမ်း သာယာမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန် စသည့် ရည်ရွယ်ချက် (၄)ရပ် ဖြင့် တည်ထားကိုးကွယ်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ကမာၻ႔ဉာဏ္ေတာ္အျမင့္ဆုံး ေက်ာက္ဆစ္႐ုပ္ပြားေတာ္ျဖစ္လာမည့္ မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး ထုဆစ္မႈ (၉၇)ရာခိုင္ႏႈန္း ၿပီးစီး
ယြန္း (NP News) - ဇြန္ ၁၆
ကမာၻေပၚရွိ ေက်ာက္ဆစ္႐ုပ္ပြားေတာ္မ်ားအနက္ ဉာဏ္ေတာ္အျမင့္ဆုံးျဖစ္လာမည့္ မာရဝိဇယ႐ုပ္ပြားေတာ္ျမတ္ ႀကီးအား ထုဆစ္မႈ (၉၇) ရာခိုင္ႏႈန္း ၿပီးစီးေနၿပီျဖစ္ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
နစကဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဇြန္လ(၁၅)ရက္တြင္ မာရဝိဇယ႐ုပ္ပြားေတာ္ျမတ္ႀကီး တည္ေဆာက္ေနမႈအေျခအေနမ်ားကို သြားေရာက္ၾကည့္ရႈခဲ့ေၾကာင္း သိရသည္။
႐ုပ္ပြားေတာ္ျမတ္ႀကီး၏ ဆင္းတုေတာ္အပိုင္း (၁/၂/၃) တို႔ကို တြဲဆက္ထားသည့္ ဆင္းတုေတာ္အစိတ္အပိုင္းႀကီး ကို ၿပီးခဲ့သည့္ ဇန္နဝါရီလ (၂၆)ရက္တြင္ ရတနာပလႅင္ေတာ္ထက္သို႔ စတင္ပင့္ေဆာင္ခဲ့ကာ ဇန္နဝါရီလ (၃၁) ရက္တြင္ ပလႅင္ေတာ္ထက္သို႔ ေအာင္ျမင္စြာပင့္ေဆာင္ပူေဇာ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ဌာပနာသြင္းလႉပူေဇာ္ျခင္း မဟာမဂၤလာအခမ္းအနားမ်ားကို ဇန္နဝါရီလ (၂၇)ရက္ ႏွင့္ ေဖေဖာ္ဝါရီလ (၁ဝ)ရက္တို႔တြင္ ေအာင္ျမင္စြာ ျပဳလုပ္ၿပီးစီးခဲ့ၿပီးျဖစ္သည္။
အလားတူ ေဖေဖာ္ဝါရီလ (၁၁) ရက္တြင္ ဆင္းတုေတာ္အပိုင္း (၄)ကို ရတနာပလႅင္ေတာ္ထက္သို႔ ပင့္ေဆာင္ပူေဇာ္ ျခင္း မဟာမဂၤလာအခမ္းအနားကို က်င္းပျပဳလုပ္ခဲ့ၿပီး ယခုအခါတြင္ မာရဝိဇယဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး ထုဆစ္မႈ မွာ (၉၇)ရာခိုင္ႏႈန္း ၿပီးစီး ၿပီျဖစ္ေၾကာင္း နစကမွ ဆိုထားသည္။
ထို႔ျပင္ ဗုဒၶဥယ်ာဥ္ေတာ္ႀကီးအတြင္း သာသနာေရးဆိုင္ရာ အခမ္းအနားႀကီးမ်ားက်င္းပျပဳလုပ္ႏိုင္မည့္ သံဃာအပါး (၉ဝဝ)ႏွင့္ လူပရိသတ္(၁၂ဝဝ)ဝင္ဆံ့ႏိုင္ေသာ သာသနာ့ဗိမာန္ေတာ္ႀကီး အပါအဝင္ အျခားေသာ သာသနိက အေဆာက္အအုံမ်ားစြာကိုလည္း ထည့္သြင္းတည္ေဆာက္လ်က္ရွိသည္။
လက္ရွိတြင္ သာသနိကအေဆာက္အအုံမ်ားႏွင့္ ဗုဒၶဥယ်ာဥ္တည္ေဆာက္မႈမွာ (၈၆)ရာခိုင္ႏႈန္းခန႔္ ၿပီးစီးၿပီျဖစ္ ေၾကာင္း သိရသည္။
“မာရဝိဇယ” ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီးကို ျမန္မာႏိုင္ငံတြင္ ေထရဝါဒဗုဒၶသာသနာေတာ္ႀကီး ခိုင္မာစြာထြန္းလင္း ေတာက္ပလ်က္ရွိမႈအား ကမာၻကိုျပသရန္၊ ျမန္မာႏိုင္ငံသည္ေထရဝါဒဗုဒၶဘာသာကိုးကြယ္မႈ၏ ဗဟိုခ်က္ျဖစ္ေစ ရန္၊ တိုင္းျပည္ေအးခ်မ္း သာယာမႈရွိေစရန္၊ ကမာၻႀကီးၿငိမ္းခ်မ္းသာယာမႈျဖစ္ေစရန္ စသည့္ ရည္႐ြယ္ခ်က္ (၄)ရပ္ ျဖင့္ တည္ထားကိုးကြယ္ရန္ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။