မြန်မာနှင့် ရုရှားနိုင်ငံကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးမည်

 558

ယွန်း (NP News) - ဇွန် ၁၇

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ပူးပေါင်းဆောင်ရွက်ရန် မကြာမီအချိန်အတွင်း ရုရှားနိုင်ငံနှင့် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း သိရသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်က သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင် ဇွန်လ(၁၂)ရက်မှ (၁၆) ရက်အထိကျင်းပခဲ့သည့် အစည်းအဝေးကို အွန်လိုင်းမှ တက်ရောက်ခဲ့ပြီး အထက်ပါကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။

ပုဂ္ဂလိကကဏ္ဍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအတွက် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီးဖြစ် ကြောင်း ဒေါက်တာဌေးအောင်က အသိပေးပြောဆိုထားသည်။

ထို့ပြင် ကော်မရှင်အနေဖြင့်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် (၂ဝ၂၂- ၂ဝ၂၅) ကိုရေးဆွဲခဲ့ပြီး အဆိုပါစီမံချက်များအပေါ် နှစ်အလိုက်လုပ်ငန်းစီမံချက်များ ချမှတ်ကာ အကောင်အထည် ဖော် ဆောင်ရွက်နေကြောင်း သိရသည်။

အလားတူ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ထို့ပြင် မကြာမီအချိန်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးမည် ဖြစ် ကြောင်း ဒေါက်တာဌေးအောင်က အသိပေးပြောဆိုခဲ့သည်။

အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတွင်လည်း အဂတိလိုက်စားမှု တားဆီးကာကွယ် ရေး အဖွဲ့များကို ဖွဲ့စည်း၍ ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
ျမန္မာႏွင့္ ႐ုရွားႏိုင္ငံၾကား အဂတိလိုက္စားမႈတိုက္ဖ်က္ေရးပူးေပါင္းေဆာင္႐ြက္ရန္ ႏွစ္ႏိုင္ငံနားလည္မႈစာခြၽန္လႊာ လက္မွတ္ေရးထိုးမည္

ယြန္း (NP News) - ဇြန္ ၁၇

အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးကို ပူးေပါင္းေဆာင္႐ြက္ရန္ မၾကာမီအခ်ိန္အတြင္း ႐ုရွားႏိုင္ငံႏွင့္ ႏွစ္ႏိုင္ငံနားလည္မႈစာခြၽန္လႊာ လက္မွတ္ေရးထိုးသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္ ဥကၠ႒ ေဒါက္တာေဌးေအာင္က ၾသစႀတီးယားႏိုင္ငံ၊ ဗီယင္နာၿမိဳ႕တြင္ ဇြန္လ(၁၂)ရက္မွ (၁၆) ရက္အထိက်င္းပခဲ့သည့္ အစည္းအေဝးကို အြန္လိုင္းမွ တက္ေရာက္ခဲ့ၿပီး အထက္ပါကဲ့သို႔ ေျပာခဲ့ျခင္းျဖစ္သည္။

ပုဂၢလိကက႑ အဂတိလိုက္စားမႈ တားဆီးကာကြယ္ေရးအတြက္ ကုန္သည္မ်ားႏွင့္ စက္မႈလုပ္ငန္းရွင္မ်ား အသင္းခ်ဳပ္ႏွင့္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဆိုင္ရာ ပူးတြဲေၾကညာခ်က္ကို ထုတ္ျပန္ခဲ့ၿပီးျဖစ္ ေၾကာင္း ေဒါက္တာေဌးေအာင္က အသိေပးေျပာဆိုထားသည္။

ထို႔ျပင္ ေကာ္မရွင္အေနျဖင့္လည္း အဂတိလိုက္စားမႈတိုက္ဖ်က္ေရး မဟာဗ်ဴဟာစီမံခ်က္ (၂ဝ၂၂- ၂ဝ၂၅) ကိုေရးဆြဲခဲ့ၿပီး အဆိုပါစီမံခ်က္မ်ားအေပၚ ႏွစ္အလိုက္လုပ္ငန္းစီမံခ်က္မ်ား ခ်မွတ္ကာ အေကာင္အထည္ ေဖာ္ ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

အလားတူ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးတြင္ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား၊ ေဒသဆိုင္ရာအဖြဲ႕အစည္းမ်ား၊ ျပည္ပႏိုင္ငံမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ႏိုင္ေရးအတြက္ နားလည္မႈစာခြၽန္လႊာမ်ားကို လက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ မၾကာမီအခ်ိန္၌ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံႏွင့္ နားလည္မႈစာခြၽန္လႊာလက္မွတ္ေရးထိုးမည္ ျဖစ္ ေၾကာင္း ေဒါက္တာေဌးေအာင္က အသိေပးေျပာဆိုခဲ့သည္။

အလားတူ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုးရအဖြဲ႕မ်ားတြင္လည္း အဂတိလိုက္စားမႈ တားဆီးကာကြယ္ ေရး အဖြဲ႕မ်ားကို ဖြဲ႕စည္း၍ ကာကြယ္ေရး လုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.