လှည်းကူးမြို့တွင် ကားတစ်စီး မြောင်းအတွင်းထိုးကျမှုဖြစ်ပွားရာမှ ယာဉ်မောင်အမျိုးသား သေဆုံး

 524

Pearl (NP News) - ဇွန် ၂၅

လှည်းကူးမြို့တွင် ကားတစ်စီးမြောင်းအတွင်းထိုးကျရာ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း ကရုဏာရှင်လူမှုကူညီရေးအသင်းထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဇွန်လ ၂၄ ရက်)၊ ည (၁ဝ)နာရီခွဲ အချိန်ခန့်တွင် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ၊ ကျွန်းကုန်းကျေးရွာ၊ ဆားတလင်းလမ်းပေါ်တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အသက် ၃ဝ နှစ်အရွယ်အခန့် အမျိုးသားတစ်ဦးမောင်းနှင်သော ကားတစ်စီးသည် အခင်းဖြစ်နေရာအရောက်တွင် လမ်းဘေးရှိ မြောင်းအတွင်းထိုးကျတိမ်းမှောက်ခဲ့ကြောင်း အထက်ပါ လူမှုကူညီရေးအသင်းမှ ဆိုသည်။

ဖြစ်စဉ်ကြောင့် အဆိုပါယာဉ်မောင်းအမျိုးသားသည် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းရုပ်အလောင်းအား လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။

zawgyi version
လွည္းကူးၿမိဳ႕တြင္ ကားတစ္စီး ေျမာင္းအတြင္းထိုးက်မႈျဖစ္ပြားရာမွ ယာဥ္ေမာင္အမ်ိဳးသား ေသဆုံး
Pearl (NP News) - ဇြန္ ၂၅

လွည္းကူးၿမိဳ႕တြင္ ကားတစ္စီးေျမာင္းအတြင္းထိုးက်ရာ အမ်ိဳးသားတစ္ဦး ေသဆုံးသြားခဲ့ေၾကာင္း က႐ုဏာရွင္လူမႈကူညီေရးအသင္းထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ဇြန္လ ၂၄ ရက္)၊ ည (၁ဝ)နာရီခြဲ အခ်ိန္ခန႔္တြင္ ရန္ကုန္တိုင္း၊ လွည္းကူးၿမိဳ႕နယ္ ၊ ကြၽန္းကုန္းေက်း႐ြာ၊ ဆားတလင္းလမ္းေပၚတြင္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အသက္ ၃ဝ ႏွစ္အ႐ြယ္အခန႔္ အမ်ိဳးသားတစ္ဦးေမာင္းႏွင္ေသာ ကားတစ္စီးသည္ အခင္းျဖစ္ေနရာအေရာက္တြင္ လမ္းေဘးရွိ ေျမာင္းအတြင္းထိုးက်တိမ္းေမွာက္ခဲ့ေၾကာင္း အထက္ပါ လူမႈကူညီေရးအသင္းမွ ဆိုသည္။

ျဖစ္စဥ္ေၾကာင့္ အဆိုပါယာဥ္ေမာင္းအမ်ိဳးသားသည္ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ၎႐ုပ္အေလာင္းအား လွည္းကူးၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.