ရှမ်းပြည်နယ်တွင် အိမ်စီးကားမှ ဓာတ်တိုင်အား ဝင်တိုက်ခဲ့ရာ (၃)ဦးသေဆုံး

 1244

စော (NP News) - ဇွန် ၂၆

ရှမ်းပြည်နယ်၊ သိန္နီမြို့၊ နောင်မောင်းကျေးရွာတွင် အိမ်စီးကားမှ ဓာတ်တိုင်အား ဝင်တိုက်မိ၍ လူ(၄)ဦးအနက် အမျိုးသား (၁)ဦးနှင့် အမျိုးသမီး(၂)ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ (ဇွန်လ ၂၆ ရက်)၊ မွန်းလွဲ (၁၁)နာရီအချိန်တွင် နောင်မောင်းကျေးရွာ၊ မိုင်တိုင် (၁ဝ/၄)နှင့် (၁ဝ/၅)ကြား၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အနှိုင်းမဲ့ကုသိုလ်လူမှုကူညီရေးအသင်းထံမှ သိရသည်။

အဆိုပါကားသည် ကွမ်လုံလမ်းအတိုင်း မောင်းနှင်လာစဉ် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အထက်ပါအသင်းထံမှ သိရသည်။

“အရှိန်များပြီး ဓာတ်တိုင်ကိုဝင်တိုက်မိတာလားတော့ မသိဘူး။ ယာဉ်ပေါ်ကလူတွေကို ကျွန်တော်တို့ခေါ်လာတာကတော့ (၄)ယောက်ပါ။ ယာဉ်မောင်းကတော့ ဒဏ်ရာရသွားတယ်။ မစိုးရိမ်ရပါဘူး။ အမျိုးသားတစ်ယောက်၊ အမျိုးသမီး နှစ်ယောက်တော့ ဆုံးသွားတယ်”ဟု အနှိုင်းမဲ့ကုသိုလ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ယာဉ်မတော်တဆမှုကြောင့် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့သည် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ပြီး အမျိုးသမီးတစ်ဦးသည် ဆေးရုံအရောက်တွင် ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူအမျိုးသားသည် အသက်(၄ဝ)ဝန်းကျင်ရှိပြီး ကျန်အမျိုးသမီး နှစ်ဦးသည် လူလတ်ပိုင်းဖြစ်ကာ ၎င်းတို့အား သိန္နီပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

zawgyi version
ရွမ္းျပည္နယ္တြင္ အိမ္စီးကားမွ ဓာတ္တိုင္အား ဝင္တိုက္ခဲ့ရာ (၃)ဦးေသဆုံး
ေစာ (NP News) - ဇြန္ ၂၆

ရွမ္းျပည္နယ္၊ သိႏၷီၿမိဳ႕၊ ေနာင္ေမာင္းေက်း႐ြာတြင္ အိမ္စီးကားမွ ဓာတ္တိုင္အား ဝင္တိုက္မိ၍ လူ(၄)ဦးအနက္ အမ်ိဳးသား (၁)ဦးႏွင့္ အမ်ိဳးသမီး(၂)ဦးတို႔ ေသဆုံးခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယေန႔ (ဇြန္လ ၂၆ ရက္)၊ မြန္းလြဲ (၁၁)နာရီအခ်ိန္တြင္ ေနာင္ေမာင္းေက်း႐ြာ၊ မိုင္တိုင္ (၁ဝ/၄)ႏွင့္ (၁ဝ/၅)ၾကား၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း အႏႈိင္းမဲ့ကုသိုလ္လူမႈကူညီေရးအသင္းထံမွ သိရသည္။

အဆိုပါကားသည္ ကြမ္လုံလမ္းအတိုင္း ေမာင္းႏွင္လာစဥ္ ယာဥ္မေတာ္တဆမႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း အထက္ပါအသင္းထံမွ သိရသည္။

“အရွိန္မ်ားၿပီး ဓာတ္တိုင္ကိုဝင္တိုက္မိတာလားေတာ့ မသိဘူး။ ယာဥ္ေပၚကလူေတြကို ကြၽန္ေတာ္တို႔ေခၚလာတာကေတာ့ (၄)ေယာက္ပါ။ ယာဥ္ေမာင္းကေတာ့ ဒဏ္ရာရသြားတယ္။ မစိုးရိမ္ရပါဘူး။ အမ်ိဳးသားတစ္ေယာက္၊ အမ်ိဳးသမီး ႏွစ္ေယာက္ေတာ့ ဆုံးသြားတယ္”ဟု အႏႈိင္းမဲ့ကုသိုလ္ လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ယာဥ္မေတာ္တဆမႈေၾကာင့္ အမ်ိဳးသား(၁)ဦးႏွင့္ အမ်ိဳးသမီး(၁)ဦးတို႔သည္ အခင္းျဖစ္ပြားရာေနရာတြင္ ေသဆုံးသြားခဲ့ၿပီး အမ်ိဳးသမီးတစ္ဦးသည္ ေဆး႐ုံအေရာက္တြင္ ဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေသဆုံးသူအမ်ိဳးသားသည္ အသက္(၄ဝ)ဝန္းက်င္ရွိၿပီး က်န္အမ်ိဳးသမီး ႏွစ္ဦးသည္ လူလတ္ပိုင္းျဖစ္ကာ ၎တို႔အား သိႏၷီျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.