ပျောက်ဆုံးနေသည့် (၉)လအရွယ်ကလေးငယ်ကို (၄)ရက်အကြာ၌ သေဆုံးလျက် ပြန်လည်တွေ့ရှိ

 4388

စော (NP News) - ဇွန် ၂၆

ပျောက်ဆုံးနေသည့် (၉)လအရွယ်ကလေးငယ်ကို (၄)ရက်အကြာတွင် ရေမြောင်းအတွင်း သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ကလေးငယ်၏ ရုပ်အလောင်းကို ယမန်နေ့(ဇွန်လ ၂၅ ရက်)၊ နံနက် (၉)နာရီခွဲအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ သုမိတ္တာ ၁၄ လမ်းထိပ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဇဗ္မူဒီပါလူမှုကူညီရေးအသင်းထံမှ သိရသည်။

အဆိုပါကလေးငယ်သည် ပြီးခဲ့သည့် (ဇွန်လ ၂၁ ရက်)တွင် ပျောက်ဆုံးနေခဲ့ခြင်းဖြစ်ကြောင်း အထက်ပါလူမှုကူညီရေးအသင်းမှ ဆက်လက်ပြောဆိုထားသည်။

သေဆုံးသွားသော ကလေးငယ်၏ မိသားစုများသည် အဆိုပါ ရပ်ကွက်ရှိ ကျူးကျော်တန်းလျားတွင် နေထိုင်သူများဖြစ်ပြီး ကလေးပျောက်ဆုံးမှုကို ရပ်ကွက်ရုံးသို့ အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရသည်။

“အဲဒီကလေးက ဇွန်လ (၂၁)ရက်ထဲက ပျောက်နေတယ်ပြောတယ်။ မနေ့က မနက်ကမှ မြောင်းထဲမှာ အလောင်းကပွပြီး ပြန်ပေါ်လာတာပါ။ သူတို့က ကျူးကျော်လိုမျိုးတန်းလျားလေးမှာနေကြတာပါ။ သူတို့ပြောတာတော့ အရင်တုန်းကလည်းအဲဒီနားမှာအိပ်တယ်တဲ့။ အိပ်တော့ အဲဒီမြောင်းထဲကိုပြုတ်ကျဘူးတယ်။ အဲဒီတုန်းက ပြုတ်ကျတော့ ခြင်ထောင်အစနဲ့ငြိနေတော့ မြောင်းထဲမကျလိုက်ဘူး။ သူတို့ကလည်း အဲဒီနားမှာနေတာပါ”ဟု ဇဗ္မူဒီပါလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး NP News ကိုပြောသည်။

အဆိုပါ ကလေးငယ်သည် ကိုးလသားအရွယ်ခန့်သာရှိပြီး ကလေးငယ်၏ရုပ်အလောင်းအား မြောက်ဥက္ကလာမေဓာဝီဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

zawgyi version
ေပ်ာက္ဆုံးေနသည့္ (၉)လအ႐ြယ္ကေလးငယ္ကို (၄)ရက္အၾကာ၌ ေသဆုံးလ်က္ ျပန္လည္ေတြ႕ရွိ

ေစာ (NP News) - ဇြန္ ၂၆

ေပ်ာက္ဆုံးေနသည့္ (၉)လအ႐ြယ္ကေလးငယ္ကို (၄)ရက္အၾကာတြင္ ေရေျမာင္းအတြင္း ေသဆုံးလ်က္ ျပန္လည္ေတြ႕ရွိခဲ့ေၾကာင္း သတင္းရရွိသည္။

ကေလးငယ္၏ ႐ုပ္အေလာင္းကို ယမန္ေန႔(ဇြန္လ ၂၅ ရက္)၊ နံနက္ (၉)နာရီခြဲအခ်ိန္တြင္ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ သုမိတၱာ ၁၄ လမ္းထိပ္တြင္ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း ဇဗၼဴဒီပါလူမႈကူညီေရးအသင္းထံမွ သိရသည္။

အဆိုပါကေလးငယ္သည္ ၿပီးခဲ့သည့္ (ဇြန္လ ၂၁ ရက္)တြင္ ေပ်ာက္ဆုံးေနခဲ့ျခင္းျဖစ္ေၾကာင္း အထက္ပါလူမႈကူညီေရးအသင္းမွ ဆက္လက္ေျပာဆိုထားသည္။

ေသဆုံးသြားေသာ ကေလးငယ္၏ မိသားစုမ်ားသည္ အဆိုပါ ရပ္ကြက္ရွိ က်ဴးေက်ာ္တန္းလ်ားတြင္ ေနထိုင္သူမ်ားျဖစ္ၿပီး ကေလးေပ်ာက္ဆုံးမႈကို ရပ္ကြက္႐ုံးသို႔ အေၾကာင္းၾကားထားၿပီးျဖစ္ေၾကာင္း သိရသည္။

“အဲဒီကေလးက ဇြန္လ (၂၁)ရက္ထဲက ေပ်ာက္ေနတယ္ေျပာတယ္။ မေန႔က မနက္ကမွ ေျမာင္းထဲမွာ အေလာင္းကပြၿပီး ျပန္ေပၚလာတာပါ။ သူတို႔က က်ဴးေက်ာ္လိုမ်ိဳးတန္းလ်ားေလးမွာေနၾကတာပါ။ သူတို႔ေျပာတာေတာ့ အရင္တုန္းကလည္းအဲဒီနားမွာအိပ္တယ္တဲ့။ အိပ္ေတာ့ အဲဒီေျမာင္းထဲကိုျပဳတ္က်ဘူးတယ္။ အဲဒီတုန္းက ျပဳတ္က်ေတာ့ ျခင္ေထာင္အစနဲ႔ၿငိေနေတာ့ ေျမာင္းထဲမက်လိုက္ဘူး။ သူတို႔ကလည္း အဲဒီနားမွာေနတာပါ”ဟု ဇဗၼဴဒီပါလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦး NP News ကိုေျပာသည္။

အဆိုပါ ကေလးငယ္သည္ ကိုးလသားအ႐ြယ္ခန႔္သာရွိၿပီး ကေလးငယ္၏႐ုပ္အေလာင္းအား ေျမာက္ဥကၠလာေမဓာဝီေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.