နှင်းဆီပန်းများ တင်ဆောင်လာသော ကားဖြင့် ခိုးပြီးလိုက်ပါလာသော မြန်မာနိုင်ငံသား ၄ ဦးကို မဲဆောက်ရဲတပ်ဖွဲ့ ဖမ်းဆီး

 1030

ဂျန်ဇက် (NP News) - ဇွန် ၂၇

ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ နှင့်ရဲတပ်ဖွဲ့တို့သည် ဇွန်လ ၂၆ ရက် ညပိုင်းက နှင်းဆီပန်းများတင်ဆောင်လာသော ကားထဲတွင် ပုန်းအောင်လိုက်ပါလာသော မြန်မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ထိုင်းမဲဆောက်မြို့ရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံသားများကို မြို့တော်ဘန်ကောက်သို့ တရားမဝင်ပို့ဆောင်မည်ဆို သောသတင်းပေးတစ်ဦး၏ သတင်းကိုလက်ခံရရှိခဲ့ပြီးနောက် Ban Huai Hin Fon Mae Sot လမ်းရှိ လုံခြုံရေး စစ်ဆေးရေးဂိတ်တွင် စောင့်ဆိုင်းစစ်ဆေးချိန်အတွင်း နှင်းဆီပန်းများ တင်ဆောင်လာသော ကားအတွင်းမှ မြန်မာ နိုင်ငံသား လေးဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသားများသည် နှင်းဆီပန်းများတင်ဆောင်သော ကား၏ အောက်ခြေတွင်ပုန်းပြီး လိုက်ပါလာခြင်းကို တွေ့မြင်ခဲ့ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မဲဆောက်မြို့ရဲတပ်ဖွဲ့က ပြောသည်။ Isuzu အမျိုးအစား ကားအပေါ်ပိုင်း တွင် နှင်းဆီပန်းများအပြည့်တင်ထားပြီး ကားအလယ်တွင် လိုင်ခေါင်းပုံစံလုပ်ထားကာ မြန်မာနိုင်ငံသားများ ပုန်းနေ ခဲ့ခြင်းဖြစ်ကြောင်း မဲဆောက်မြို့ရဲတပ်ဖွဲ့က ပြောသည်။

မဲဆောက်မြို့အာဏာပိုင်များသည် မြန်မာနိုင်ငံသားများကို ခေါ်ဆောင်လာသော ကားမောင်းသမားကိုလည်း ဖမ်းဆီးခဲ့ကြောင်း၊ မြန်မာနိုင်ငံသားအမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ပြောသည်။

မဲဆောက်ရဲတပ်ဖွဲ့သည် ဖမ်းဆီးရမိသော မြန်မာနိုင်ငံသားများကို စုံစမ်းစစ်ဆေးလျက်ရှိနေဆဲဖြစ်ကြောင်း ပြောသည်။ အဆိုပါမြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန်အတွက် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာခဲ့သူများဖြစ်ပြီး အသိအမှတ်ပြုအထောက်အထားများ ပြသနိုင်ခြင်းမရှိကြောင်း မဲဆောက်မြို့ အာဏာပိုင်များက ပြောသည်။

Zawgyi Version;
ႏွင္းဆီပန္းမ်ား တင္ေဆာင္လာေသာ ကားျဖင့္ ခိုးၿပီးလိုက္ပါလာေသာ ျမန္မာႏိုင္ငံသား ၄ ဦးကို မဲေဆာက္ရဲတပ္ဖြဲ႕ ဖမ္းဆီး
ဂ်န္ဇက္ (NP News) - ဇြန္ ၂၇

ထိုင္းနယ္ျခားေစာင့္တပ္ဖြဲ႕ ႏွင့္ရဲတပ္ဖြဲ႕တို႔သည္ ဇြန္လ ၂၆ ရက္ ညပိုင္းက ႏွင္းဆီပန္းမ်ားတင္ေဆာင္လာေသာ ကားထဲတြင္ ပုန္းေအာင္လိုက္ပါလာေသာ ျမန္မာႏိုင္ငံသား ၄ ဦးကို ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း သိရသည္။

ထိုင္းမဲေဆာက္ၿမိဳ႕ရဲတပ္ဖြဲ႕သည္ ျမန္မာႏိုင္ငံသားမ်ားကို ၿမိဳ႕ေတာ္ဘန္ေကာက္သို႔ တရားမဝင္ပို႔ေဆာင္မည္ဆို ေသာသတင္းေပးတစ္ဦး၏ သတင္းကိုလက္ခံရရွိခဲ့ၿပီးေနာက္ Ban Huai Hin Fon Mae Sot လမ္းရွိ လုံၿခဳံေရး စစ္ေဆးေရးဂိတ္တြင္ ေစာင့္ဆိုင္းစစ္ေဆးခ်ိန္အတြင္း ႏွင္းဆီပန္းမ်ား တင္ေဆာင္လာေသာ ကားအတြင္းမွ ျမန္မာ ႏိုင္ငံသား ေလးဦးကို ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံသားမ်ားသည္ ႏွင္းဆီပန္းမ်ားတင္ေဆာင္ေသာ ကား၏ ေအာက္ေျခတြင္ပုန္းၿပီး လိုက္ပါလာျခင္းကို ေတြ႕ျမင္ခဲ့ကာ ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း မဲေဆာက္ၿမိဳ႕ရဲတပ္ဖြဲ႕က ေျပာသည္။ Isuzu အမ်ိဳးအစား ကားအေပၚပိုင္း တြင္ ႏွင္းဆီပန္းမ်ားအျပည့္တင္ထားၿပီး ကားအလယ္တြင္ လိုင္ေခါင္းပုံစံလုပ္ထားကာ ျမန္မာႏိုင္ငံသားမ်ား ပုန္းေန ခဲ့ျခင္းျဖစ္ေၾကာင္း မဲေဆာက္ၿမိဳ႕ရဲတပ္ဖြဲ႕က ေျပာသည္။

မဲေဆာက္ၿမိဳ႕အာဏာပိုင္မ်ားသည္ ျမန္မာႏိုင္ငံသားမ်ားကို ေခၚေဆာင္လာေသာ ကားေမာင္းသမားကိုလည္း ဖမ္းဆီးခဲ့ေၾကာင္း၊ ျမန္မာႏိုင္ငံသားအမ်ိဳးသား ၂ ဦးႏွင့္ အမ်ိဳးသမီး ၂ ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း ေျပာသည္။

မဲေဆာက္ရဲတပ္ဖြဲ႕သည္ ဖမ္းဆီးရမိေသာ ျမန္မာႏိုင္ငံသားမ်ားကို စုံစမ္းစစ္ေဆးလ်က္ရွိေနဆဲျဖစ္ေၾကာင္း ေျပာသည္။ အဆိုပါျမန္မာႏိုင္ငံသားမ်ားသည္ ထိုင္းႏိုင္ငံတြင္ အလုပ္လုပ္ရန္အတြက္ ထိုင္းႏိုင္ငံသို႔ တရားမဝင္ ဝင္ေရာက္လာခဲ့သူမ်ားျဖစ္ၿပီး အသိအမွတ္ျပဳအေထာက္အထားမ်ား ျပသႏိုင္ျခင္းမရွိေၾကာင္း မဲေဆာက္ၿမိဳ႕ အာဏာပိုင္မ်ားက ေျပာသည္။

Related news

© 2021. All rights reserved.