ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏ GDP သည် (၃)ရာခိုင်နှုန်း တိုးတက်မည်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း

 256

photo: World Bank

NP News - ဇွန် ၂၈

မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေသည် ၂ဝ၂၃ ခုနှစ် ပထမနှစ်ဝက်တွင် တည်ငြိမ်ခဲ့သော်လည်း စီးပွား ရေးလုပ်ငန်းများအနေဖြင့် စိန်ခေါ်မှုများစွာကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရသိရသည်။

အိမ်ထောင်စုများ၏ ဝင်ငွေရရှိမှု နည်းပါးနေဆဲဖြစ်ပြီး စားနပ်ရိက္ခာဖူလုံရေးသည် စိုးရိမ်စရာဖြစ်လာကြောင်း ကမ္ဘာ့ဘဏ်၏ မီနီနှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံ့ GDP သည် ယခုနှစ်တွင် (၃)ရာခိုင်နှုန်း တိုးတက်ရန် ခန့်မှန်းထားသော်လည်း ၂ဝ၁၉ ခုနှစ်ကထက် (၁ဝ) ရာခိုင်နှုန်းနိမ့်ကျနေဆဲဖြစ်ပြီး ရောင်းလိုအားနှင့်ဝယ်လိုအား ကန့်သတ်ချက်များသည် စီးပွားရေးလုပ်ဆောင်မှုများကို ဆက်လက်ကန့်သတ်ထားကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

ပဋိပက္ခများ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ကျဆင်းခြင်း၊ ဆက်လက်ရှိနေသည့် ငွေကြေးဖောင်းပွမှု ဖိ အားများနှင့် လုပ်ငန်းပတ်ဝန်းကျင်တွင် ပိုမိုယိုယွင်းလာခြင်းများသည် မျှော်မှန်းချက်မှာ ပါဝင်နေကြောင်း အစီရင်ခံစာ၌ ပါရှိသည်။

လာမည့် (၁)နှစ် သို့မှမဟုတ် (၂)နှစ်အတွင်း စီးပွားရေးနှေးကွေးစွာ ချဲ့ထွင်နိုင်ရန် ခန့်မှန်းထားသော်လည်းတိုးတက်မှု၏ အကျိုးအမြတ်သည် အိမ်ထောင်စုများ၊ လုပ်ငန်းများနှင့် စက်မှုလုပ်ငန်း‌များတွင် အချိုးမညီစွာ ခွဲဝေပေးထားကြောင်းသိရသည်။

‘‘မြန်မာနိုင်ငံက စီးပွားရေးပြန်ပြီး တိုးတက်နေချိန်မှာ တိုးတက်မှုက မညီမျှဘဲ အဆင်းရဲဆုံးက ဆက် တိုက် လှုပ်ခတ်မှုဒဏ်ကို ခံရပါတယ်’’ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မာရီယန်ရှာမန်က ပြောသည်။

ငွေလဲနှုန်း၊ ကုန်ဈေးနှုန်းနှင့် လောင်စာဆီဈေးနှုန်းများ တည်ငြိမ်နေခြင်းကြောင့် ပျမ်းမျှငွေကြေးဖောင်းပွမှုသည် ယခုနှစ် စက်တင်ဘာလကုန် ဘဏ္ဍာနှစ်၌ (၁၄)ရာခိုင်နှုန်းထိ လျော့ကျသွားပြီး လာမည့်နှစ်တွင်လည်း ထပ်မံကျဆင်းမည်ဟု ခန့်မှန်းထားကြောင်းသိရသည်။

zawgyi version
ယခုႏွစ္အတြင္း ျမန္မာႏိုင္ငံ၏ GDP သည္ (၃)ရာခိုင္ႏႈန္း တိုးတက္မည္ဟု ကမာၻ႔ဘဏ္ခန႔္မွန္း

NP News - ဇြန္ ၂၈

ျမန္မာႏိုင္ငံ၏ စီးပြားေရးအေျခအေနသည္ ၂ဝ၂၃ ခုႏွစ္ ပထမႏွစ္ဝက္တြင္ တည္ၿငိမ္ခဲ့ေသာ္လည္း စီးပြား ေရးလုပ္ငန္းမ်ားအေနျဖင့္ စိန္ေခၚမႈမ်ားစြာကို ဆက္လက္ရင္ဆိုင္ေနရဆဲျဖစ္ေၾကာင္း ကမာၻ႔ဘဏ္၏ ထုတ္ျပန္ခ်က္အရသိရသည္။

အိမ္ေထာင္စုမ်ား၏ ဝင္ေငြရရွိမႈ နည္းပါးေနဆဲျဖစ္ၿပီး စားနပ္ရိကၡာဖူလုံေရးသည္ စိုးရိမ္စရာျဖစ္လာေၾကာင္း ကမာၻ႔ဘဏ္၏ မီနီႏွစ္ပတ္လည္အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။

ႏိုင္ငံ့ GDP သည္ ယခုႏွစ္တြင္ (၃)ရာခိုင္ႏႈန္း တိုးတက္ရန္ ခန႔္မွန္းထားေသာ္လည္း ၂ဝ၁၉ ခုႏွစ္ကထက္ (၁ဝ) ရာခိုင္ႏႈန္းနိမ့္က်ေနဆဲျဖစ္ၿပီး ေရာင္းလိုအားႏွင့္ဝယ္လိုအား ကန႔္သတ္ခ်က္မ်ားသည္ စီးပြားေရးလုပ္ေဆာင္မႈမ်ားကို ဆက္လက္ကန႔္သတ္ထားေၾကာင္း အစီရင္ခံစာတြင္ေဖာ္ျပထားသည္။

ပဋိပကၡမ်ား၊ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈ က်ဆင္းျခင္း၊ ဆက္လက္ရွိေနသည့္ ေငြေၾကးေဖာင္းပြမႈ ဖိ အားမ်ားႏွင့္ လုပ္ငန္းပတ္ဝန္းက်င္တြင္ ပိုမိုယိုယြင္းလာျခင္းမ်ားသည္ ေမွ်ာ္မွန္းခ်က္မွာ ပါဝင္ေနေၾကာင္း အစီရင္ခံစာ၌ ပါရွိသည္။

လာမည့္ (၁)ႏွစ္ သို႔မွမဟုတ္ (၂)ႏွစ္အတြင္း စီးပြားေရးေႏွးေကြးစြာ ခ်ဲ႕ထြင္ႏိုင္ရန္ ခန႔္မွန္းထားေသာ္လည္းတိုးတက္မႈ၏ အက်ိဳးအျမတ္သည္ အိမ္ေထာင္စုမ်ား၊ လုပ္ငန္းမ်ားႏွင့္ စက္မႈလုပ္ငန္း‌မ်ားတြင္ အခ်ိဳးမညီစြာ ခြဲေဝေပးထားေၾကာင္းသိရသည္။

‘‘ျမန္မာႏိုင္ငံက စီးပြားေရးျပန္ၿပီး တိုးတက္ေနခ်ိန္မွာ တိုးတက္မႈက မညီမွ်ဘဲ အဆင္းရဲဆုံးက ဆက္ တိုက္ လႈပ္ခတ္မႈဒဏ္ကို ခံရပါတယ္’’ဟု ကမာၻ႔ဘဏ္၏ ျမန္မာ၊ ကေမာၻဒီးယားႏွင့္ လာအိုႏိုင္ငံဆိုင္ရာ ၫႊန္ၾကားေရးမႉး မာရီယန္ရွာမန္က ေျပာသည္။

ေငြလဲႏႈန္း၊ ကုန္ေဈးႏႈန္းႏွင့္ ေလာင္စာဆီေဈးႏႈန္းမ်ား တည္ၿငိမ္ေနျခင္းေၾကာင့္ ပ်မ္းမွ်ေငြေၾကးေဖာင္းပြမႈသည္ ယခုႏွစ္ စက္တင္ဘာလကုန္ ဘ႑ာႏွစ္၌ (၁၄)ရာခိုင္ႏႈန္းထိ ေလ်ာ့က်သြားၿပီး လာမည့္ႏွစ္တြင္လည္း ထပ္မံက်ဆင္းမည္ဟု ခန႔္မွန္းထားေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.