ထိုင်းဘုရင့်သမီးတော် မဟာချက္ကရီသီရိဒုံဖောင်ဒေးရှင်းမှ ချီးမြင့်သောထူးချွန်ဆရာဆုကို မြန်မာနိုင်ငံမှ အင်္ဂလိပ်စာဆရာမတစ်ဦး ရရှိ

 4567

ဂျန်ဇက် (NP News) - ဇွန် ၂၉

မြန်မာနိုင်ငံမှ အထက်တန်းပြဆရာမတစ်ဦးသည် ထိုင်းဘုရင့်သမီးတော် မဟာချက္ကရီသီရိဒုံဖောင်ဒေးရှင်းမှ ချီးမြင့်သော ထူးချွန်ဆရာဆု Prince Maha Chakri Award 2023 ကို ရရှိခဲ့သူများထဲတွင် ပါဝင်လာခဲ့ကြောင်း သိရသည်။

ထိုင်းဘုရင့်သမီးတော် မဟာချက္ကရီသီရိဒုံဖောင်ဒေးရှင်းကော်မတီသည် ဖောင်ဒေးရှင်း၏ ငါးကြိမ်မြောက်ချီးမြှင့်မည့် Prince Maha Chakri Award 2023 ဆုရရှိခဲ့သူများ ၁၁ ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာ မြန်မာကျောင်းဆရာမတစ်ဦး ဖြစ်သော ဒေါ်အိဆုဝင်း ပါဝင်လာခဲ့ကြောင်း သိရသည်။

ထိုင်းဘုရင့်သမီးတော် မဟာချက္ကရီသီရိဒုံဖောင်ဒေးရှင်းသည် ထူးချွန်ဆရာများဆုကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ကတည်းက စတင်ချီးမြှင့်ခဲ့ပြီး ၂ဝ၂၃ ခုနှစ်တွင် ငါးကြိမ်မြောက်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။ ထိုင်းဘုရင့် သမီးတော် မဟာချက္ကရီသီရိဒုံဖောင်ဒေးရှင်းမှ ချီးမြှင့်သော ထူးချွန်ဆရာများဆုကို မြန်မာ အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံက ရရှိထားပြီး ဗီယက်နမ်နိုင်ငံမှ Nguyen Man Hung၊ အရှေ့တီမောနိုင်ငံမှ Kru Philomena Da Costa၊ ဖိလစ်ပိုင်နိုင်ငံမှ Kru Jerwin O. Valencia၊ စင်ကာပူနိုင်ငံမှ Kru Cheong Luan Penny ၊ မလေးရှားနိုင်ငံမှ Krusai Fulnisan Che Ismail၊ မြန်မာနိုင်ငံမှ ဒေါ်အိစုဝင်း (E Su Win) လာအိုနိုင်ငံမှ Kim Phuong Heungmany၊ အင်ဒိုနီးရှားနိုင်ငံမှ Haris Dayani၊ ကမ္ဘောဒီးယားနိုင်ငံမှ Kruhe Chakriya ၊ ဘရူနိုင်းနိုင်ငံမှ Ssalam Kru Mohammad Amir Irwan bin Hachimuk Sin တို့ ရရှိထားကြောင်း သိရသည်။

မဟာချက္ကရီသီရိဒုံဖောင်ဒေးရှင်းသည် ကျောင်းသားများ၏ ရှင်သန်နေထိုင်မှုများကို အပြောင်းအလဲများဖြစ်လာစေ ရန် စွမ်းဆောင်ပေးနိုင်သော ဆရာများကို အဓိကထား ချီးမြှင့်ပေးခြင်းဖြစ်ကြောင်းသလို အာဆီယံနိုင်ငံများ၏ ပညာရေးကိုအထောက်ကူဖြစ်စေရန် ရည်ရွယ်ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါဆုကိုရရှိခဲ့သော ဆရာမ ဒေါ်အိစုဝင်းသည် လှိုင်သာယာအမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းမှ အင်္ဂလိပ်စာ သင်ကြားပေးနေသူဖြစ် ကြောင်း သိရသည်။

အဆိုပါဖောင်ဒေးရှင်း၏တာဝန်ရှိသူတစ်ဦးက "PMCA ဆုဟာ ဆရာကောင်းတွေကို ဂုဏ်ပြုတဲ့ဆုဖြစ်ပါတယ်။ ဒီဆုကိုရွေးချယ်ရာမှာ အခြေခံသတ်မှတ်ချက်နှစ်ချက် ရှိနေတယ်။ ပထမတစ်ချက်က ဒဆရာဟာ ကျောင်းသား တွေရဲ့ဘဝကို ဖွံ့ဖြိုးတိုးတက်စေတဲ့သူဖြစ်ရမယ်။ ဆရာတိုင်းဟာသူတို့တပည့်တွေကို ဘယ်လိုကူညီခဲ့လဲ၊ သူတို့တပည့်တွေရဲ့ဘဝတိုးတက်အောင် ဘယ်လိုဆောင်ရွက်ခဲ့လဲဆိုတဲ့ အကြောင်းအရာတွေ ရှိနေကြတယ်။ ဒီအကြောင်းအရာပေါ် အခြေခံပါတယ်။ ဒုတိယအချက်ကတော့ ဒီဆရာဟာ တိုင်းပြည်ရဲ့ပညာရေးကို ဘယ်လို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေသလဲဆိုတာအချက်တွေဖြစ်ပါတယ်" ဟု ပြောသည်။

Zawgyi Version;
ထိုင္းဘုရင့္သမီးေတာ္ မဟာခ်ကၠရီသီရိဒုံေဖာင္ေဒးရွင္းမွ ခ်ီးျမင့္ေသာထူးခြၽန္ဆရာဆုကို ျမန္မာႏိုင္ငံမွ အဂၤလိပ္စာဆရာမတစ္ဦး ရရွိ
ဂ်န္ဇက္ (NP News) - ဇြန္ ၂၉

ျမန္မာႏိုင္ငံမွ အထက္တန္းျပဆရာမတစ္ဦးသည္ ထိုင္းဘုရင့္သမီးေတာ္ မဟာခ်ကၠရီသီရိဒုံေဖာင္ေဒးရွင္းမွ ခ်ီးျမင့္ေသာ ထူးခြၽန္ဆရာဆု Prince Maha Chakri Award 2023 ကို ရရွိခဲ့သူမ်ားထဲတြင္ ပါဝင္လာခဲ့ေၾကာင္း သိရသည္။

ထိုင္းဘုရင့္သမီးေတာ္ မဟာခ်ကၠရီသီရိဒုံေဖာင္ေဒးရွင္းေကာ္မတီသည္ ေဖာင္ေဒးရွင္း၏ ငါးႀကိမ္ေျမာက္ခ်ီးျမႇင့္မည့္ Prince Maha Chakri Award 2023 ဆုရရွိခဲ့သူမ်ား ၁၁ ဦးစာရင္းကို ထုတ္ျပန္ခဲ့ရာ ျမန္မာေက်ာင္းဆရာမတစ္ဦး ျဖစ္ေသာ ေဒၚအိဆုဝင္း ပါဝင္လာခဲ့ေၾကာင္း သိရသည္။

ထိုင္းဘုရင့္သမီးေတာ္ မဟာခ်ကၠရီသီရိဒုံေဖာင္ေဒးရွင္းသည္ ထူးခြၽန္ဆရာမ်ားဆုကို ၂ဝ၁၈ ခုႏွစ္ ေအာက္တိုဘာလ ကတည္းက စတင္ခ်ီးျမႇင့္ခဲ့ၿပီး ၂ဝ၂၃ ခုႏွစ္တြင္ ငါးႀကိမ္ေျမာက္ခ်ီးျမႇင့္မည္ျဖစ္ေၾကာင္း သိရသည္။ ထိုင္းဘုရင့္ သမီးေတာ္ မဟာခ်ကၠရီသီရိဒုံေဖာင္ေဒးရွင္းမွ ခ်ီးျမႇင့္ေသာ ထူးခြၽန္ဆရာမ်ားဆုကို ျမန္မာ အပါအဝင္ ႏိုင္ငံေပါင္း ၁၁ ႏိုင္ငံက ရရွိထားၿပီး ဗီယက္နမ္ႏိုင္ငံမွ Nguyen Man Hung၊ အေရွ႕တီေမာႏိုင္ငံမွ Kru Philomena Da Costa၊ ဖိလစ္ပိုင္ႏိုင္ငံမွ Kru Jerwin O. Valencia၊ စင္ကာပူႏိုင္ငံမွ Kru Cheong Luan Penny ၊ မေလးရွားႏိုင္ငံမွ Krusai Fulnisan Che Ismail၊ ျမန္မာႏိုင္ငံမွ ေဒၚအိစုဝင္း (E Su Win) လာအိုႏိုင္ငံမွ Kim Phuong Heungmany၊ အင္ဒိုနီးရွားႏိုင္ငံမွ Haris Dayani၊ ကေမာၻဒီးယားႏိုင္ငံမွ Kruhe Chakriya ၊ ဘ႐ူႏိုင္းႏိုင္ငံမွ Ssalam Kru Mohammad Amir Irwan bin Hachimuk Sin တို႔ ရရွိထားေၾကာင္း သိရသည္။

မဟာခ်ကၠရီသီရိဒုံေဖာင္ေဒးရွင္းသည္ ေက်ာင္းသားမ်ား၏ ရွင္သန္ေနထိုင္မႈမ်ားကို အေျပာင္းအလဲမ်ားျဖစ္လာေစ ရန္ စြမ္းေဆာင္ေပးႏိုင္ေသာ ဆရာမ်ားကို အဓိကထား ခ်ီးျမႇင့္ေပးျခင္းျဖစ္ေၾကာင္းသလို အာဆီယံႏိုင္ငံမ်ား၏ ပညာေရးကိုအေထာက္ကူျဖစ္ေစရန္ ရည္႐ြယ္ခ်ီးျမႇင့္ျခင္းျဖစ္ေၾကာင္း သိရသည္။အဆိုပါဆုကိုရရွိခဲ့ေသာ ဆရာမ ေဒၚအိစုဝင္းသည္ လႈိင္သာယာအမွတ္ ၂ အေျခခံပညာအထက္တန္းေက်ာင္းမွ အဂၤလိပ္စာ သင္ၾကားေပးေနသူျဖစ္ ေၾကာင္း သိရသည္။

အဆိုပါေဖာင္ေဒးရွင္း၏တာဝန္ရွိသူတစ္ဦးက "PMCA ဆုဟာ ဆရာေကာင္းေတြကို ဂုဏ္ျပဳတဲ့ဆုျဖစ္ပါတယ္။ ဒီဆုကိုေ႐ြးခ်ယ္ရာမွာ အေျခခံသတ္မွတ္ခ်က္ႏွစ္ခ်က္ ရွိေနတယ္။ ပထမတစ္ခ်က္က ဒဆရာဟာ ေက်ာင္းသား ေတြရဲ႕ဘဝကို ဖြံ႕ၿဖိဳးတိုးတက္ေစတဲ့သူျဖစ္ရမယ္။ ဆရာတိုင္းဟာသူတို႔တပည့္ေတြကို ဘယ္လိုကူညီခဲ့လဲ၊ သူတို႔တပည့္ေတြရဲ႕ဘဝတိုးတက္ေအာင္ ဘယ္လိုေဆာင္႐ြက္ခဲ့လဲဆိုတဲ့ အေၾကာင္းအရာေတြ ရွိေနၾကတယ္။ ဒီအေၾကာင္းအရာေပၚ အေျခခံပါတယ္။ ဒုတိယအခ်က္ကေတာ့ ဒီဆရာဟာ တိုင္းျပည္ရဲ႕ပညာေရးကို ဘယ္လို ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္႐ြက္ေနသလဲဆိုတာအခ်က္ေတြျဖစ္ပါတယ္" ဟု ေျပာသည္။

Related news

© 2021. All rights reserved.