အီရန်နိုင်ငံနှင့် နျူကလီးယားစာချုပ် ချုပ်ဆိုနိုင်ခြင်းမရှိသေးကြောင်း အမေရိကန်အစိုးရပြော

794

Pika (NP News) - ဇွန် ၂၉
အမေရိကန်နှင့် အီရန်နိုင်ငံကြား နျူကလီးယားစာချုပ်အသစ်များ ထပ်မံချုပ်ဆိုနိုင်ခြင်းမရှိခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောကြားခဲ့သည်။
အန်တိုနီဘလင်ကန်က "အီရန်နဲ့ သံတမန်ရေးရာဆက်ဆံရေးတွေကို ဆက်လက်လုပ်ဆောင်ဖို့ ဆန္ဒရှိနေပေမယ့် လည်း နျူကလီးယားစာချုပ်အသစ် ထပ်မံချုပ်ဆိုမယ့် သဘောတူညီချက်တော့ မရရှိခဲ့ပါဘူး။ အနာဂတ်ဆက်ဆံ ရေးတွေနဲ့ပတ်သက်ပြီး သူတို့ရဲ့လုပ်ရပ်တွေကို ကြည့်ရမှာပါ။ အမေရိကန်နဲ့ အရှေ့အလယ်ပိုင်းဒေသတွေမှာ တင်းမာမှုတွေတိုးလာစေမယ့် လုပ်ရပ်တွေမလုပ်ကြဖို့ အီရန်ကိုတောင်းဆိုထားပါတယ်" ဟု ပြောဆိုခဲ့သည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ချိန်ကတည်းက အမေရိကန်သမ္မတ ဟောင်း ဒေါ်နယ်ထရမ့်လက်ထက်က ဖျက်သိမ်းလိုက်သော (၂ဝ၁၅)ခုနှစ် အီရန်နှင့် နျူကလီးယား သဘောတူညီ ချက်ကို ပြန်လည်စတင်ရန် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ သို့သော်လည်း ဥရောပသမဂ္ဂက ကြားဝင်စေ့စပ်ရေး ဆွေးနွေးပွဲများ ပျက်သွားခဲ့ခြင်းနှင့် အီရန်တွင် ဆန္ဒပြပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် အမေရိကန်သည် အီရန်နိုင်ငံနှင့် နျူကလီးယားသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရန် တုံ့ဆိုင်းနေခဲ့ကြောင်း သိရသည်
သို့သော်လည်း သံတမန်များသည် မကြာသေးမီလများအတွင်း အီရန်နှင့် တိတ်တဆိတ်ဆွေးနွေးမှုများ ပြန်လည် စတင်ခဲ့ပြီး အီရန်ရှိ အမေရိကန်အကျဉ်းသားများ၏ အခြေအနေကို အဓိကထားအာရုံစိုက်လျက် ရှိကြောင်း သိရသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်အပေါ်ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများနှင့်အတူ အီရန်ဖက်က နျူကလီးယားသဘောတူညီချက်မှ နှုတ်ထွက်ခဲ့ခြင်းကြောင့် (၂ဝ၁၅)ခုနှစ် အီရန်နှင့် နျူကလီးယား သဘောတူညီချက်အတွက် ဆွေးနွေးပွဲများ ပျက်ပြားသွားခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် ပြိုင်ဖက်နိုင်ငံများဖြစ်သောာ တရုတ်၊ ရုရှားတို့ အပါအဝင် ဥရောပရှိ အင်အားကြီးနိုင်ငံများနှင့် နျူကလီးယားသဘောတူချက်များကို ပြန်လည်စတင်နိုင်ခဲ့ပြီး အဆိုပါကိစ္စမှာ အချိန် အတိုင်းအတာတစ်ခုအထိသာဖြစ်နိုင်ကြောင်း အန်တိုနီဘလင်ကန်က ပြောကြားခဲ့သည်။
အန်တိုနီဘလင်ကန် က "အီရန်ကို နျူကလီးယားသဘောတူစာချုပ်မှာ ပြန်လည်ပါဝင်လာဖို့ လက်ရှိအချိန်အထိ မလုပ်ဆောင်နိုင်သေးပါဘူး" ဟု ပြောဆိုခဲ့သည်။

Zawgyi Version;
အီရန္ႏိုင္ငံႏွင့္ န်ဴကလီးယားစာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ျခင္းမရွိေသးေၾကာင္း အေမရိကန္အစိုးရေျပာ
Pika (NP News) - ဇြန္ ၂၉
အေမရိကန္ႏွင့္ အီရန္ႏိုင္ငံၾကား န်ဴကလီးယားစာခ်ဳပ္အသစ္မ်ား ထပ္မံခ်ဳပ္ဆိုႏိုင္ျခင္းမရွိခဲ့ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလင္ကန္က ေျပာၾကားခဲ့သည္။
အန္တိုနီဘလင္ကန္က "အီရန္နဲ႔ သံတမန္ေရးရာဆက္ဆံေရးေတြကို ဆက္လက္လုပ္ေဆာင္ဖို႔ ဆႏၵရွိေနေပမယ့္ လည္း န်ဴကလီးယားစာခ်ဳပ္အသစ္ ထပ္မံခ်ဳပ္ဆိုမယ့္ သေဘာတူညီခ်က္ေတာ့ မရရွိခဲ့ပါဘူး။ အနာဂတ္ဆက္ဆံ ေရးေတြနဲ႔ပတ္သက္ၿပီး သူတို႔ရဲ႕လုပ္ရပ္ေတြကို ၾကည့္ရမွာပါ။ အေမရိကန္နဲ႔ အေရွ႕အလယ္ပိုင္းေဒသေတြမွာ တင္းမာမႈေတြတိုးလာေစမယ့္ လုပ္ရပ္ေတြမလုပ္ၾကဖို႔ အီရန္ကိုေတာင္းဆိုထားပါတယ္" ဟု ေျပာဆိုခဲ့သည္။
အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္သည္ သမၼတအျဖစ္ စတင္တာဝန္ထမ္းေဆာင္ခ်ိန္ကတည္းက အေမရိကန္သမၼတ ေဟာင္း ေဒၚနယ္ထရမ့္လက္ထက္က ဖ်က္သိမ္းလိုက္ေသာ (၂ဝ၁၅)ခုႏွစ္ အီရန္ႏွင့္ န်ဴကလီးယား သေဘာတူညီ ခ်က္ကို ျပန္လည္စတင္ရန္ လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္လည္း ဥေရာပသမဂၢက ၾကားဝင္ေစ့စပ္ေရး ေဆြးေႏြးပြဲမ်ား ပ်က္သြားခဲ့ျခင္းႏွင့္ အီရန္တြင္ ဆႏၵျပပြဲမ်ားျဖစ္ပြားခဲ့ျခင္းေၾကာင့္ အေမရိကန္သည္ အီရန္ႏိုင္ငံႏွင့္ န်ဴကလီးယားသေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုးရန္ တုံ႔ဆိုင္းေနခဲ့ေၾကာင္း သိရသည္
သို႔ေသာ္လည္း သံတမန္မ်ားသည္ မၾကာေသးမီလမ်ားအတြင္း အီရန္ႏွင့္ တိတ္တဆိတ္ေဆြးေႏြးမႈမ်ား ျပန္လည္ စတင္ခဲ့ၿပီး အီရန္ရွိ အေမရိကန္အက်ဥ္းသားမ်ား၏ အေျခအေနကို အဓိကထားအာ႐ုံစိုက္လ်က္ ရွိေၾကာင္း သိရသည္။ အေမရိကန္သမၼတေဒၚနယ္ထရမ့္က အီရန္အေပၚခ်မွတ္ထားေသာ ပိတ္ဆို႔အေရးယူမႈမ်ားႏွင့္အတူ အီရန္ဖက္က န်ဴကလီးယားသေဘာတူညီခ်က္မွ ႏႈတ္ထြက္ခဲ့ျခင္းေၾကာင့္ (၂ဝ၁၅)ခုႏွစ္ အီရန္ႏွင့္ န်ဴကလီးယား သေဘာတူညီခ်က္အတြက္ ေဆြးေႏြးပြဲမ်ား ပ်က္ျပားသြားခဲ့ေၾကာင္း သိရသည္။
အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္သည္ ၿပိဳင္ဖက္ႏိုင္ငံမ်ားျဖစ္ေသာာ တ႐ုတ္၊ ႐ုရွားတို႔ အပါအဝင္ ဥေရာပရွိ အင္အားႀကီးႏိုင္ငံမ်ားႏွင့္ န်ဴကလီးယားသေဘာတူခ်က္မ်ားကို ျပန္လည္စတင္ႏိုင္ခဲ့ၿပီး အဆိုပါကိစၥမွာ အခ်ိန္ အတိုင္းအတာတစ္ခုအထိသာျဖစ္ႏိုင္ေၾကာင္း အန္တိုနီဘလင္ကန္က ေျပာၾကားခဲ့သည္။
အန္တိုနီဘလင္ကန္ က "အီရန္ကို န်ဴကလီးယားသေဘာတူစာခ်ဳပ္မွာ ျပန္လည္ပါဝင္လာဖို႔ လက္ရွိအခ်ိန္အထိ မလုပ္ေဆာင္ႏိုင္ေသးပါဘူး" ဟု ေျပာဆိုခဲ့သည္။