မန္တလေး၌ ယာဉ်ထိန်းရဲဒုတပ်ကြပ်တစ်ဦး သေနတ်ဖြင့် အနီးကပ် ပစ်ခတ်လုပ်ကြံခံခဲ့ရ

1571

NP News - ဇူလိုင် ၂
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၌ ယာဉ်ထိန်းရဲဒုတပ်ကြပ်တစ်ဦး သေနတ်ဖြင့် အနီးကပ် ပစ်ခတ်လုပ်ကြံခံခဲ့ရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိုင်လ ၁ ရက်)၊ ညနေ ၆ နာရီအချိန်ခန့်တွင် အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်၊ ၂၆-၆၂ ဘီလမ်းထောင့်၌ အထက်ပါကဲ့သို့ လုပ်ကြံခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတပ်ကြပ်ချစ်ဇော်ဝင်းသည် ၂၆ လမ်းအတိုင်း ဆိုင်ကယ်ဖြင့် မောင်းနှင်လာစဉ်အချိန်တွင် အမျိုးသား (၂)ဦးက နောက်မှဆိုင်ကယ်ဖြင့် လိုက်လာကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုထားသည်။
အထက်ပါအကြမ်းဖက်အမျိုးသား(၂)ဦးသည် ဒုတပ်ကြပ်ချစ်ဇော်ဝင်းအား သေနတ်ဖြင့် (၃)ချက်ပစ်ခတ်ကာ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
၂ဝ၂၁ ခုနှစ်နောက်ပိုင်း ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ယာဉ်လမ်းကြောရှင်းလင်းရေးဆောင်ရွက်နေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအား အကြမ်းဖက်သတ်ဖြတ်သည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့ဖူးသည်။
zawgyi version
မႏၲေလး၌ ယာဥ္ထိန္းရဲဒုတပ္ၾကပ္တစ္ဦး ေသနတ္ျဖင့္ အနီးကပ္ ပစ္ခတ္လုပ္ႀကံခံခဲ့ရ
NP News - ဇူလိုင္ ၂
မႏၲေလးတိုင္း၊ ေအာင္ေျမသာစံၿမိဳ႕နယ္၌ ယာဥ္ထိန္းရဲဒုတပ္ၾကပ္တစ္ဦး ေသနတ္ျဖင့္ အနီးကပ္ ပစ္ခတ္လုပ္ႀကံခံခဲ့ရေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဇူလိုင္လ ၁ ရက္)၊ ညေန ၆ နာရီအခ်ိန္ခန႔္တြင္ ေအာင္ေျမသာစံၿမိဳ႕နယ္၊ မဟာေဇယ်ာဘုံရပ္ကြက္၊ ၂၆-၆၂ ဘီလမ္းေထာင့္၌ အထက္ပါကဲ့သို႔ လုပ္ႀကံခံခဲ့ရျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ယာဥ္ထိန္းရဲတပ္ဖြဲ႕မွ ဒုတပ္ၾကပ္ခ်စ္ေဇာ္ဝင္းသည္ ၂၆ လမ္းအတိုင္း ဆိုင္ကယ္ျဖင့္ ေမာင္းႏွင္လာစဥ္အခ်ိန္တြင္ အမ်ိဳးသား (၂)ဦးက ေနာက္မွဆိုင္ကယ္ျဖင့္ လိုက္လာကာ ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားက ဆိုထားသည္။
အထက္ပါအၾကမ္းဖက္အမ်ိဳးသား(၂)ဦးသည္ ဒုတပ္ၾကပ္ခ်စ္ေဇာ္ဝင္းအား ေသနတ္ျဖင့္ (၃)ခ်က္ပစ္ခတ္ကာ လုပ္ႀကံသတ္ျဖတ္ခဲ့ျခင္းျဖစ္ၿပီး ၎သည္ က်ည္ေဖာက္ဝင္ဒဏ္ရာမ်ားျဖင့္ ေနရာ၌ပင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
၂ဝ၂၁ ခုႏွစ္ေနာက္ပိုင္း ရန္ကုန္ၿမိဳ႕ႏွင့္ မႏၲေလးၿမိဳ႕တို႔တြင္ ယာဥ္လမ္းေၾကာရွင္းလင္းေရးေဆာင္႐ြက္ေနသည့္ ယာဥ္ထိန္းရဲတပ္ဖြဲ႕ဝင္မ်ားအား အၾကမ္းဖက္သတ္ျဖတ္သည့္ျဖစ္စဥ္မ်ား ျဖစ္ပြားခဲ့ဖူးသည္။