လူသတ်မှုကျူးလွန်တဲ့အတွက် မြန်မာအမျိုးသမီးတစ်ဦးကို စင်ကာပူတရားရုံးထောင်ဒဏ် တစ်သက်တစ်ကျွန်း အမိန့်ချမှတ်

 1496

ဂျန်ဇက် (NP News) - ဇူလိုင် ၄

စင်ကာပူတရားရုံးဟာ စင်ကာပူနိုင်ငံမှာလာရောက်အလုပ်လုပ်နေတဲ့ မြန်မာအိမ်အကူအမျိုးသမီးတစ်ဦးကို လူသတ်မှု နဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်လိုက်ကြောင်းသိရပါတယ်။

အသက် ၂၂ နှစ်အရွယ်ရှိ မြန်မာအိမ်အကူအမျိုးသမီး ဇင်မာနွယ်ဟာ သူမအလုပ်လုပ်နေတဲ့ အိမ်ရှင်ရဲ့ယောက္ခမ ဖြစ်သူကို ဓါးနဲ့ အချက်ပေါင်း ၂၆ ချက်အထိထိုးသတ်ခဲ့တဲ့အတွက် စင်ကာပူတရားရုံးချုပ်က တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချမှတ်ခံရခြင်းဖြစ်ပါတယ်။ ဇင်မာနွယ်ဟာ ၂ဝ၁၈ ခုနှစ်က စင်ကာပူနိုင်ငံကို အိမ်အကူလုပ်ဖို့ ရောက်ရှိ လာခဲ့ပြီး လူသတ်မှုကျူးလွန်ချိန်က သူရဲ့အသက်အရွယ်ဟာ ၁၇ နှစ်ကျော်သာ ရှိသေးကြောင်း သိရပါတယ်။

အိမ်ရှင်ဖြစ်သူရဲ့ယောက္ခမဟာ သူမကို ညှင်းပန်းနှိပ်စက်မှုများအပြင် မြန်မာနိုင်ငံကို ပြန်ပို့မယ်လို့ ခြိမ်းခြောက်ခဲ့ ခြင်းကြောင့် ဓါးနဲ့ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ သေဆုံးခဲ့တဲ့ စင်ကာပူအိမ်ရှင်ရဲ့ယောက္ခဖြစ်သူဟာ သားဖြစ်သူရဲ့အိမ်မှာ တစ်လကြာနေထိုင်ဖို့ ရောက်ရှိလာချိန်မှာ မြန်မာအိမ်အကူအမျိုးသမီး ဇင်မာနွယ်နဲ့ တွေ့ဆုံခဲ့ ခြင်းဖြစ်ကြောင်း သိရပါတယ်။

မဇင်မာနွယ်ဟာ ၂ဝ၁၈ ခုနှစ် ဇွန်လ ၂၅ ရက်မှာ စင်ကာပူအိမ်ရှင်ရဲ့ယောက္ခမဖြစ်သူနဲ့ နှစ်ဦးတည်းအိမ်မှာ ရှိနေချိန် အတွင်း အငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက် မီးဖိုချောင်က ဓါးကိုသွားယူကာ ထိုးသတ်ခဲ့ခြင်းမျိုးဖြစ်ကြောင်း စင်ကာပူသတင်းတွေက ဖော်ပြထားပါတယ်။

မဇင်မာနွယ်ရဲ့ရှေ့နေသူဖြစ်သူကတော့ သူရဲ့အမှုဟာ စင်ကာပူအလုပ်ရှင်ရဲ့အိမ်မှာ နေထိုင်ချိန်အတွင်း ယောက္ခမ ဖြစ်သူရဲ့ ညှင်းပန်းနှိပ်စက်မှုများ များစွာတွေ့ကြုံခံစားခံရတဲ့အတွက် လူသတ်မှုကျူးလွန်ခဲ့ခြင်းမျိုး ဖြစ်ကြောင်း၊ သူရဲ့အမှုသည်ဟာ အဲဒီအချိန်က စိတ်ပူပန်မှုများနဲ့အတူ စိတ်ကျဝေဒနာကိုခံစားနေရခြင်းကြောင့် လူသတ်မှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ပြောပါတယ်။

ဒါပေမယ့် စင်ကာပူတရားရုံးချုပ်ကတော့ ရှေ့နေဖြစ်သူရဲ့တင်ပြချက်များကို ပယ်ချပြီး မဇင်မာနွယ်ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။

Zawgyi Version;
လူသတ္မႈက်ဴးလြန္တဲ့အတြက္ ျမန္မာအမ်ိဳးသမီးတစ္ဦးကို စင္ကာပူတရား႐ုံးေထာင္ဒဏ္ တစ္သက္တစ္ကြၽန္း အမိန႔္ခ်မွတ္
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၄

စင္ကာပူတရား႐ုံးဟာ စင္ကာပူႏိုင္ငံမွာလာေရာက္အလုပ္လုပ္ေနတဲ့ ျမန္မာအိမ္အကူအမ်ိဳးသမီးတစ္ဦးကို လူသတ္မႈ နဲ႔ ေထာင္ဒဏ္တစ္သက္တစ္ကြၽန္း ျပစ္ဒဏ္ခ်မွတ္လိုက္ေၾကာင္းသိရပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ရွိ ျမန္မာအိမ္အကူအမ်ိဳးသမီး ဇင္မာႏြယ္ဟာ သူမအလုပ္လုပ္ေနတဲ့ အိမ္ရွင္ရဲ႕ေယာကၡမ ျဖစ္သူကို ဓါးနဲ႔ အခ်က္ေပါင္း ၂၆ ခ်က္အထိထိုးသတ္ခဲ့တဲ့အတြက္ စင္ကာပူတရား႐ုံးခ်ဳပ္က တစ္သက္တစ္ကြၽန္း ေထာင္ဒဏ္ခ်မွတ္ခံရျခင္းျဖစ္ပါတယ္။ ဇင္မာႏြယ္ဟာ ၂ဝ၁၈ ခုႏွစ္က စင္ကာပူႏိုင္ငံကို အိမ္အကူလုပ္ဖို႔ ေရာက္ရွိ လာခဲ့ၿပီး လူသတ္မႈက်ဴးလြန္ခ်ိန္က သူရဲ႕အသက္အ႐ြယ္ဟာ ၁၇ ႏွစ္ေက်ာ္သာ ရွိေသးေၾကာင္း သိရပါတယ္။

အိမ္ရွင္ျဖစ္သူရဲ႕ေယာကၡမဟာ သူမကို ညႇင္းပန္းႏွိပ္စက္မႈမ်ားအျပင္ ျမန္မာႏိုင္ငံကို ျပန္ပို႔မယ္လို႔ ၿခိမ္းေျခာက္ခဲ့ ျခင္းေၾကာင့္ ဓါးနဲ႔ထိုးသတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။ ေသဆုံးခဲ့တဲ့ စင္ကာပူအိမ္ရွင္ရဲ႕ေယာကၡျဖစ္သူဟာ သားျဖစ္သူရဲ႕အိမ္မွာ တစ္လၾကာေနထိုင္ဖို႔ ေရာက္ရွိလာခ်ိန္မွာ ျမန္မာအိမ္အကူအမ်ိဳးသမီး ဇင္မာႏြယ္နဲ႔ ေတြ႕ဆုံခဲ့ ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

မဇင္မာႏြယ္ဟာ ၂ဝ၁၈ ခုႏွစ္ ဇြန္လ ၂၅ ရက္မွာ စင္ကာပူအိမ္ရွင္ရဲ႕ေယာကၡမျဖစ္သူနဲ႔ ႏွစ္ဦးတည္းအိမ္မွာ ရွိေနခ်ိန္ အတြင္း အျငင္းပြားမႈမ်ားျဖစ္ပြားခဲ့ၿပီးေနာက္ မီးဖိုေခ်ာင္က ဓါးကိုသြားယူကာ ထိုးသတ္ခဲ့ျခင္းမ်ိဳးျဖစ္ေၾကာင္း စင္ကာပူသတင္းေတြက ေဖာ္ျပထားပါတယ္။

မဇင္မာႏြယ္ရဲ႕ေရွ႕ေနသူျဖစ္သူကေတာ့ သူရဲ႕အမႈဟာ စင္ကာပူအလုပ္ရွင္ရဲ႕အိမ္မွာ ေနထိုင္ခ်ိန္အတြင္း ေယာကၡမ ျဖစ္သူရဲ႕ ညႇင္းပန္းႏွိပ္စက္မႈမ်ား မ်ားစြာေတြ႕ႀကဳံခံစားခံရတဲ့အတြက္ လူသတ္မႈက်ဴးလြန္ခဲ့ျခင္းမ်ိဳး ျဖစ္ေၾကာင္း၊ သူရဲ႕အမႈသည္ဟာ အဲဒီအခ်ိန္က စိတ္ပူပန္မႈမ်ားနဲ႔အတူ စိတ္က်ေဝဒနာကိုခံစားေနရျခင္းေၾကာင့္ လူသတ္မႈ က်ဴးလြန္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာပါတယ္။

ဒါေပမယ့္ စင္ကာပူတရား႐ုံးခ်ဳပ္ကေတာ့ ေရွ႕ေနျဖစ္သူရဲ႕တင္ျပခ်က္မ်ားကို ပယ္ခ်ၿပီး မဇင္မာႏြယ္ကို ေထာင္ဒဏ္ တစ္သက္တစ္ကြၽန္း အမိန႔္ခ်မွတ္ခဲ့ျခင္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.