(၂ဝ၂၃) ခုနှစ် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲ၌ ဆရာတော်ကြီးများအား လာရောက်ဖူးမြော်မည့် ဧည့်သည်အဝင်၊ အထွက်ကို လုံခြုံရေးစိစစ် ကြပ်မတ်မည်

 2102

ယွန်း (NP News) - ဇူလိုင် ၆

(၂၀၂၃)ခုနှစ် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲတွင် ဆရာတော်ကြီးများအား လာရောက်ဖူးမြော်မည့် ဧည့်သည်အဝင်၊ အထွက်ကို လုံခြုံရေး စိစစ်ကြပ်မတ်သွားရန် နစကဒုဥက္ကဋ္ဌက တိုက်တွန်းပြောဆိုထားသည်။

နစကဒုဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နေပြည်တော်ရှိ သာသနာရေးနှင့် ယဥ်ကျေးမှုရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ဇူလိုင်လ(၅)ရက်၌ကျင်းပခဲ့သော ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

၂ဝ၂၃ ခုနှစ် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်ကြီးများ အမှူးပြုသော ဆရာတော်ကြီးများ၊ ဒေသခံဆရာတော်ကြီးများဖြစ်သည့် နိုင်ငံတော်ဗဟိုသံဃာ့နာယကအဖွဲ့ ဆရာတော်ကြီးများ၊ ဥပ္ပါတသန္တိ စေတီတော် ဂေါပကအဖွဲ့ သြဝါဒါစရိယဆရာတော်ကြီးများနှင့် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်များကို ပင့်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ကြွရောက်လာမည့် နိုင်ငံတော်သံဃမဟာနယကအဖွဲ့ ဆရာတော်ကြီးများကို ရန်ကုန်မြို့မှ နေပြည် တော်သို့ ပင့်ဆောင်ရာတွင် လေယာဥ်ဖြင့်သာ ပင့်ဆောင်ရန် နစကဒုဥက္ကဋ္ဌက အသိပေးပြောကြားခဲ့သည်။

ထို့နောက် လေဆိပ်မှ သံဃာရာမကျောင်းတိုက်သို့ ပင့်ဆောင်ရာတွင် လည်းကောင်း၊ ဒေသခံဆရာတော်ကြီးများအား ပင့်ဆောင်ရာတွင် လည်းကောင်း အဆင်ပြေစေရေးအတွက် လမ်းကြောင်းလုံခြုံရေးမှအစ အထူးအလေးထားဆောင်ရွက်ရန် ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် ဆရာတော်ကြီးများအား လာရောက်ဖူးမြော်ကြမည့် ဧည့် သည်အဝင်၊ အထွက်ကိုလည်း လုံခြုံရေးအရ စနစ်တကျစိစစ်ကြပ်မတ်ရေးကို အထူးဆောင်ရွက်ရန် နစက ဒုဥက္ကဋ္ဌက အလေး ထားပြောဆိုခဲ့သည်။

အလားတူ ကိုဗစ်(၁၉) ကာကွယ်တားဆီးရေးဆိုင်ရာ စံနှုန်းများနှင့်အညီ ဝင်၊ ထွက်သွားလာရေးကိုလည်း စနစ်တကျ ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။

နစကအနေဖြင့် ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်း ပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို ၂ဝ၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်စွဲပါ အမိန့်ကြေညာစာအမှတ်၊ (၁၁ဝ/၂ဝ၂၃)ဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် သာသနာရေး နှင့် ယဥ်ကျေးမှုရေးရာဝန်ကြီးဌာန အနေဖြင့်လည်း အခမ်းအနားဆိုင်ရာလုပ်ငန်းများကို တာဝန်ခွဲဝေဆောင် ရွက်နိုင်ရေးအတွက် ဆပ်ကော်မတီ(၁၁)ခုကို ဖွဲ့စည်းပြီးဖြစ် ကြောင်း နစကဒုဥက္ကဋ္ဌက အသိပေးပြောဆိုထားသည်။

zawgyi version
(၂ဝ၂၃) ခုႏွစ္ ဝါဆိုသကၤန္း ဆပ္ကပ္လႉဒါန္းပြဲ၌ ဆရာေတာ္ႀကီးမ်ားအား လာေရာက္ဖူးေျမာ္မည့္ ဧည့္သည္အဝင္၊ အထြက္ကို လုံၿခဳံေရးစိစစ္ ၾကပ္မတ္မည္

ယြန္း (NP News) - ဇူလိုင္ ၆

(၂၀၂၃)ခုႏွစ္ ဝါဆိုသကၤန္း ဆပ္ကပ္လႉဒါန္းပြဲတြင္ ဆရာေတာ္ႀကီးမ်ားအား လာေရာက္ဖူးေျမာ္မည့္ ဧည့္သည္အဝင္၊ အထြက္ကို လုံၿခဳံေရး စိစစ္ၾကပ္မတ္သြားရန္ နစကဒုဥကၠ႒က တိုက္တြန္းေျပာဆိုထားသည္။

နစကဒုဥကၠ႒၊ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက ေနျပည္ေတာ္ရွိ သာသနာေရးႏွင့္ ယဥ္ေက်းမႈေရးရာဝန္ႀကီးဌာန အစည္းအေဝးခန္းမတြင္ ဇူလိုင္လ(၅)ရက္၌က်င္းပခဲ့ေသာ ဝါဆိုသကၤန္းဆပ္ကပ္လႉဒါန္းပြဲအတြက္ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝး၌ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

၂ဝ၂၃ ခုႏွစ္ ဝါဆိုသကၤန္းဆပ္ကပ္လႉဒါန္းပြဲတြင္ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ အက်ိဳးေတာ္ေဆာင္ ဆရာေတာ္ႀကီးမ်ား အမႉးျပဳေသာ ဆရာေတာ္ႀကီးမ်ား၊ ေဒသခံဆရာေတာ္ႀကီးမ်ားျဖစ္သည့္ ႏိုင္ငံေတာ္ဗဟိုသံဃာ့နာယကအဖြဲ႕ ဆရာေတာ္ႀကီးမ်ား၊ ဥပၸါတသႏၲိ ေစတီေတာ္ ေဂါပကအဖြဲ႕ ၾသဝါဒါစရိယဆရာေတာ္ႀကီးမ်ားႏွင့္ ၿမိဳ႕နယ္သံဃနာယကအဖြဲ႕ ဥကၠ႒ဆရာေတာ္မ်ားကို ပင့္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားတြင္ ႂကြေရာက္လာမည့္ ႏိုင္ငံေတာ္သံဃမဟာနယကအဖြဲ႕ ဆရာေတာ္ႀကီးမ်ားကို ရန္ကုန္ၿမိဳ႕မွ ေနျပည္ ေတာ္သို႔ ပင့္ေဆာင္ရာတြင္ ေလယာဥ္ျဖင့္သာ ပင့္ေဆာင္ရန္ နစကဒုဥကၠ႒က အသိေပးေျပာၾကားခဲ့သည္။

ထို႔ေနာက္ ေလဆိပ္မွ သံဃာရာမေက်ာင္းတိုက္သို႔ ပင့္ေဆာင္ရာတြင္ လည္းေကာင္း၊ ေဒသခံဆရာေတာ္ႀကီးမ်ားအား ပင့္ေဆာင္ရာတြင္ လည္းေကာင္း အဆင္ေျပေစေရးအတြက္ လမ္းေၾကာင္းလုံၿခဳံေရးမွအစ အထူးအေလးထားေဆာင္႐ြက္ရန္ ၎က ဆက္လက္ေျပာၾကားခဲ့သည္။

ထို႔ျပင္ ဆရာေတာ္ႀကီးမ်ားအား လာေရာက္ဖူးေျမာ္ၾကမည့္ ဧည့္ သည္အဝင္၊ အထြက္ကိုလည္း လုံၿခဳံေရးအရ စနစ္တက်စိစစ္ၾကပ္မတ္ေရးကို အထူးေဆာင္႐ြက္ရန္ နစက ဒုဥကၠ႒က အေလး ထားေျပာဆိုခဲ့သည္။

အလားတူ ကိုဗစ္(၁၉) ကာကြယ္တားဆီးေရးဆိုင္ရာ စံႏႈန္းမ်ားႏွင့္အညီ ဝင္၊ ထြက္သြားလာေရးကိုလည္း စနစ္တက် ေဆာင္႐ြက္ရန္ စီစဥ္ထားေၾကာင္း သိရသည္။

နစကအေနျဖင့္ ဝါဆိုသကၤန္းဆပ္ကပ္လႉဒါန္းပြဲ အခမ္းအနားက်င္း ပေရး ဦးစီးေကာ္မတီႏွင့္ လုပ္ငန္းေကာ္မတီတို႔ကို ၂ဝ၂၃ ခုႏွစ္၊ ဇြန္လ ၂၁ ရက္စြဲပါ အမိန႔္ေၾကညာစာအမွတ္၊ (၁၁ဝ/၂ဝ၂၃)ျဖင့္ ဖြဲ႕စည္းခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ သာသနာေရး ႏွင့္ ယဥ္ေက်းမႈေရးရာဝန္ႀကီးဌာန အေနျဖင့္လည္း အခမ္းအနားဆိုင္ရာလုပ္ငန္းမ်ားကို တာဝန္ခြဲေဝေဆာင္ ႐ြက္ႏိုင္ေရးအတြက္ ဆပ္ေကာ္မတီ(၁၁)ခုကို ဖြဲ႕စည္းၿပီးျဖစ္ ေၾကာင္း နစကဒုဥကၠ႒က အသိေပးေျပာဆိုထားသည္။

Related news

© 2021. All rights reserved.