လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးခြင်းက မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများကြား တွေ့ဆုံဆွေးနွေးနိုင်ရန် အဆင်ပြေလွယ်ကူချောမွေ့စေမည်ဖြစ်ကြောင်း အာဆီယံအထွေထွေအတွင်းရေးမှူး ပြော

 490

ဂျန်ဇက် (NP News) - ဇူလိုင် ၇

မြန်မာပြည်သူများအပေါ် လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးခြင်းက မြန်မာနိုင်ငံရေး သဘောထားကွဲလွဲ မှုများတွင် ပါဝင်နေသော အဖွဲ့အစည်းများကြား တွေ့ဆုံဆွေးနွေးနိုင်ရန် အဆင်ပြေ လွယ်ကူချောမွေ့စေမည်ဖြစ် ကြောင်း အာဆီယံအထွေထွေအတွင်းရေးမှူး Kao Kim Hourn က ထုတ်ဖော်ပြောဆိုလိုက်သည်။

အာဆီယံအတွင်းရေးမှူးသည် ပြီးခဲ့သောရက်ပိုင်းက ဂျပန်အခြေစိုက် NHK သတင်းဌာန နှင့် အင်တာဗျူးတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ အာဆီယံအထွေထွေအတွင်းရေးမှူးက "၂ဝ၂၃ ခုနှစ်မှာ မြန်မာနိုင်ငံကို လူသားချင်း ဆိုင်ရာစာနာမှုအကူအညီပေးနိုင်ရေးအတွက် အံ့အားသင့်ဖွယ်တိုးတက်လာခဲ့တယ်။ မြန်မာနိုင်ငံမှာ ခန့်မှန်းခြေအား ဖြင့် လူဦးရေ ၂ သန်းဟာ အမေရိကန်ဒေါ်လာ ၁ ဘီလျံတန်ဖိုးရှိ လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေ လိုအပ် နိုင်တယ်လို့ အာဆီယံအဖွဲ့က သတ်မှတ်ဆုံးဖြတ်ထားတယ်။ မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှု အကူအညီတွေပေးနိုင်အောင် ဂျပန်အစိုးရ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက ပံ့ပိုးကူညီပေးဖို့ လိုအပ်နေ ပါတယ်" ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ၂ဝ၂၁ ခုနှစ်က အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက် အာဆီယံသည် သဘောထားကွဲလွဲမှု များကို ဆွေးနွေးညှိနှိုင်းနိုင်ရန် ကြားဝင်ဆောင်ရွက်ခဲ့ပြီး နစကအကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် အာဆီယံသဘောတူညီချက် ငါးချက်ကို ရယူနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အာဆီယံသဘောတူညီချက်ငါးချက်ထဲတွင် အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ မြန်မာနိုင်ငံရေးတွင် ပါဝင်နေ သောအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးရေးနှင့် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေး စသောအချက်များ ပါဝင်နေကြောင်း သိရသည်။ အဆိုပါအာဆီယံသဘောတူညီချက်ငါးချက် အကောင်အထည်ဖော်ရေးသည် ၂ နှစ် ကျော်ကြာလာချိန်အထိ သိသာထင်ရှားသောတိုးတက်မှုများမရှိကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။

Zawgyi Version;
လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီမ်ားေပးျခင္းက ျမန္မာႏိုင္ငံရွိ အဖြဲ႕အစည္းမ်ားၾကား ေတြ႕ဆုံေဆြးေႏြးႏိုင္ရန္ အဆင္ေျပလြယ္ကူေခ်ာေမြ႕ေစမည္ျဖစ္ေၾကာင္း အာဆီယံအေထြေထြအတြင္းေရးမႉး ေျပာ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၇

ျမန္မာျပည္သူမ်ားအေပၚ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီမ်ားေပးျခင္းက ျမန္မာႏိုင္ငံေရး သေဘာထားကြဲလြဲ မႈမ်ားတြင္ ပါဝင္ေနေသာ အဖြဲ႕အစည္းမ်ားၾကား ေတြ႕ဆုံေဆြးေႏြးႏိုင္ရန္ အဆင္ေျပ လြယ္ကူေခ်ာေမြ႕ေစမည္ျဖစ္ ေၾကာင္း အာဆီယံအေထြေထြအတြင္းေရးမႉး Kao Kim Hourn က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

အာဆီယံအတြင္းေရးမႉးသည္ ၿပီးခဲ့ေသာရက္ပိုင္းက ဂ်ပန္အေျခစိုက္ NHK သတင္းဌာန ႏွင့္ အင္တာဗ်ဴးတြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ အာဆီယံအေထြေထြအတြင္းေရးမႉးက "၂ဝ၂၃ ခုႏွစ္မွာ ျမန္မာႏိုင္ငံကို လူသားခ်င္း ဆိုင္ရာစာနာမႈအကူအညီေပးႏိုင္ေရးအတြက္ အံ့အားသင့္ဖြယ္တိုးတက္လာခဲ့တယ္။ ျမန္မာႏိုင္ငံမွာ ခန႔္မွန္းေျခအား ျဖင့္ လူဦးေရ ၂ သန္းဟာ အေမရိကန္ေဒၚလာ ၁ ဘီလ်ံတန္ဖိုးရွိ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေတြ လိုအပ္ ႏိုင္တယ္လို႔ အာဆီယံအဖြဲ႕က သတ္မွတ္ဆုံးျဖတ္ထားတယ္။ ျမန္မာႏိုင္ငံကို လူသားခ်င္းဆိုင္ရာစာနာမႈ အကူအညီေတြေပးႏိုင္ေအာင္ ဂ်ပန္အစိုးရ အပါအဝင္ ႏိုင္ငံတကာအဖြဲ႕အစည္းေတြက ပံ့ပိုးကူညီေပးဖို႔ လိုအပ္ေန ပါတယ္" ဟု ေျပာသည္။

ျမန္မာႏိုင္ငံတြင္ ၂ဝ၂၁ ခုႏွစ္က အာဏာအျငင္းပြားမႈမ်ားျဖစ္ပြားခဲ့ၿပီးေနာက္ အာဆီယံသည္ သေဘာထားကြဲလြဲမႈ မ်ားကို ေဆြးေႏြးညႇိႏႈိင္းႏိုင္ရန္ ၾကားဝင္ေဆာင္႐ြက္ခဲ့ၿပီး နစကအႀကီးအကဲဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ႏွင့္ အာဆီယံသေဘာတူညီခ်က္ ငါးခ်က္ကို ရယူႏိုင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ အာဆီယံသေဘာတူညီခ်က္ငါးခ်က္ထဲတြင္ အၾကမ္းဖက္မႈမ်ား ရပ္တန႔္ေရး၊ ျမန္မာႏိုင္ငံေရးတြင္ ပါဝင္ေန ေသာအဖြဲ႕အစည္းမ်ား ေတြ႕ဆုံေဆြးေႏြးေရးႏွင့္ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးေရး စေသာအခ်က္မ်ား ပါဝင္ေနေၾကာင္း သိရသည္။ အဆိုပါအာဆီယံသေဘာတူညီခ်က္ငါးခ်က္ အေကာင္အထည္ေဖာ္ေရးသည္ ၂ ႏွစ္ ေက်ာ္ၾကာလာခ်ိန္အထိ သိသာထင္ရွားေသာတိုးတက္မႈမ်ားမရွိေၾကာင္း ေဝဖန္မႈမ်ားလည္း ရွိေနသည္။

Related news

© 2021. All rights reserved.