စစ်ထောက်ချုပ်လိုက်ပါလာသည့်ယာဉ်တန်း အမြန်လမ်းတွင် တိုက်ခိုက်ခံရဆိုသည့်သတင်းက သတင်းမှားသာဖြစ်ဟုဆို

 8299

NP News - ဇူလိုင် ၇

နေပြည်တော်-ရန်ကုန် အမြန်လမ်းတွင် စစ်ထောက်ချုပ်လိုက်ပါလာသည့်ယာဉ်တန်း တိုက်ခိုက်ခံရမှုမှာ သတင်းမှားသာဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ဇူလိုင် ၇ ရက် ညပိုင်း ထုတ်ပြန်ချက်အရ သိရသည်။

နေပြည်တော်-ရန်ကုန် အမြန်လမ်း ၁၆၉ မိုင် ၄ ဖာလုံအနီးတွင် စစ်ထောက်ချုပ်နှင့် စစ်တပ်အရာရှိကြီးများ လိုက်ပါလာသည့် ယာဉ်တန်းအား ဇူလိုင်လ ၇ ရက် နံနက် ၉နာရီအချိန်ခန့်တွင် PDF အဖွဲ့က စောင့်ကြိုကာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း လူမှုကွန်ယက်တွင် သတင်းမှားများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုကို တောင်ငူခရိုင် PDF အဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ထိခိုက်မှုများရှိခဲ့ကာ အပြန်အလှန် ပစ်ခတ်မှုများလည်း ဖြစ်ပွားခဲ့ကြောင်း သတင်းမှားများ ရေးသားဖော်ပြခဲ့ကြသည်။

ယင်းကဲ့သို့ သတင်းမှားရေးသားနေမှုအပေါ် နစက သတင်းထုတ်ပြန်ရေးအဖွဲ့က “နေပြည်တော်-ရန်ကုန် အမြန်လမ်း ၁၆၉ မိုင် ၄ ဖာလုံအနီးတွင် နေပြည်တော်မှ ထွက်ခွာလာသော ယာဉ်တန်းအား PDF အမည်ခံ အကြမ်းဖက်သမားများမှ တိုက်ခိုက်ခဲ့ကြောင်း Mizzima မှ သတင်းအမှား ရေးသားဖော်ပြမှုနှင့် ပတ်သက်၍ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် လက်ရှိ နေပြည်တော်၌ မာရသိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး ပူဇော်တည်ဆောက်ရေးလုပ်ငန်းများအား အနီးကပ်ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းမှန် ပြန်ကြားအပ်ပါသည်” ဟု တုန့်ပြန်ရေးသား ထုတ်ပြန်လာခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်တွင် PDF အဖွဲ့က နေပြည်တော်-ရန်ကုန် အမြန်လမ်းအပါအဝင် ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်−မန္တလေးလမ်း လမ်းဟောင်း၊ ရန်ကုန်−မန္တလေး အမြန်လမ်း၊ ပဲခူး−စစ်တောင်းလမ်းပိုင်းနှင့် မွန်ပြည်နယ် အတွင်းရှိ ရန်ကုန်−မုတ္တမ၊ ရန်ကုန်−ဘားအံလမ်းပိုင်းများအား နေ့စဉ် ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း သွားလာခြင်းမပြုရန် ထုတ်ပြန်မှုများရှိခဲ့သည်။

Zawgyi Version;
စစ္ေထာက္ခ်ဳပ္လိုက္ပါလာသည့္ယာဥ္တန္း အျမန္လမ္းတြင္ တိုက္ခိုက္ခံရဆိုသည့္သတင္းက သတင္းမွားသာျဖစ္ဟုဆို
NP News - ဇူလိုင္ ၇

ေနျပည္ေတာ္-ရန္ကုန္ အျမန္လမ္းတြင္ စစ္ေထာက္ခ်ဳပ္လိုက္ပါလာသည့္ယာဥ္တန္း တိုက္ခိုက္ခံရမႈမွာ သတင္းမွားသာျဖစ္ေၾကာင္း နစက သတင္းထုတ္ျပန္ေရးအဖြဲ႕၏ ဇူလိုင္ ၇ ရက္ ညပိုင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ေနျပည္ေတာ္-ရန္ကုန္ အျမန္လမ္း ၁၆၉ မိုင္ ၄ ဖာလုံအနီးတြင္ စစ္ေထာက္ခ်ဳပ္ႏွင့္ စစ္တပ္အရာရွိႀကီးမ်ား လိုက္ပါလာသည့္ ယာဥ္တန္းအား ဇူလိုင္လ ၇ ရက္ နံနက္ ၉နာရီအခ်ိန္ခန႔္တြင္ PDF အဖြဲ႕က ေစာင့္ႀကိဳကာ မိုင္းဆြဲ တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း လူမႈကြန္ယက္တြင္ သတင္းမွားမ်ား ထြက္ေပၚခဲ့ျခင္းျဖစ္သည္။

အဆိုပါတိုက္ခိုက္မႈကို ေတာင္ငူခ႐ိုင္ PDF အဖြဲ႕က ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး တိုက္ခိုက္မႈေၾကာင့္ ထိခိုက္မႈမ်ားရွိခဲ့ကာ အျပန္အလွန္ ပစ္ခတ္မႈမ်ားလည္း ျဖစ္ပြားခဲ့ေၾကာင္း သတင္းမွားမ်ား ေရးသားေဖာ္ျပခဲ့ၾကသည္။

ယင္းကဲ့သို႔ သတင္းမွားေရးသားေနမႈအေပၚ နစက သတင္းထုတ္ျပန္ေရးအဖြဲ႕က “ေနျပည္ေတာ္-ရန္ကုန္ အျမန္လမ္း ၁၆၉ မိုင္ ၄ ဖာလုံအနီးတြင္ ေနျပည္ေတာ္မွ ထြက္ခြာလာေသာ ယာဥ္တန္းအား PDF အမည္ခံ အၾကမ္းဖက္သမားမ်ားမွ တိုက္ခိုက္ခဲ့ေၾကာင္း Mizzima မွ သတင္းအမွား ေရးသားေဖာ္ျပမႈႏွင့္ ပတ္သက္၍ စစ္ေထာက္ခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေက်ာ္စြာလင္းသည္ လက္ရွိ ေနျပည္ေတာ္၌ မာရသိဇယ ဗုဒၶ႐ုပ္ပြားေတာ္ ျမတ္ႀကီး ပူေဇာ္တည္ေဆာက္ေရးလုပ္ငန္းမ်ားအား အနီးကပ္ၾကပ္မတ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းမွန္ ျပန္ၾကားအပ္ပါသည္” ဟု တုန႔္ျပန္ေရးသား ထုတ္ျပန္လာခဲ့ျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ ဇူလိုင္လ ၁ ရက္တြင္ PDF အဖြဲ႕က ေနျပည္ေတာ္-ရန္ကုန္ အျမန္လမ္းအပါအဝင္ ပဲခူးတိုင္းအတြင္းရွိ ရန္ကုန္−မႏၲေလးလမ္း လမ္းေဟာင္း၊ ရန္ကုန္−မႏၲေလး အျမန္လမ္း၊ ပဲခူး−စစ္ေတာင္းလမ္းပိုင္းႏွင့္ မြန္ျပည္နယ္ အတြင္းရွိ ရန္ကုန္−မုတၱမ၊ ရန္ကုန္−ဘားအံလမ္းပိုင္းမ်ားအား ေန႔စဥ္ ညေန ၆ နာရီမွ နံနက္ ၆ နာရီအတြင္း သြားလာျခင္းမျပဳရန္ ထုတ္ျပန္မႈမ်ားရွိခဲ့သည္။

Picture

My Mine

07/07/2023 21:57

ပါဖြောင့်လွန်းတယ် ငြိမ်းချမ်းရေးမှာ ပိုကောင်းမလားလို့

Related news

© 2021. All rights reserved.