ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကားတစ်စီး အရှိန်လွန်ကာ ထန်းပင်အား ဝင်တိုက်မှုဖြစ်ပွား

 5209

သန့်ဇင် (NP News)-ဇူလိုင် ၁၅
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် အိမ်စီးကားတစ်စီး အရှိန်လွန်ကာ ထန်းပင်အား ဝင်တိုက်မှုဖြစ်ပွားခဲ့ရာ လူ(၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက အသိပေးထားသည်။

ဖြစ်စဉ်မှာ ယနေ့(ဇူလိုင် ၁၅ရက်) ညနေ ၃နာရီခွဲအချိန်တွင် ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၁၈/ဝ)နှင့် (၁၁၈/၁)ကြားတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမိုင်တိုင်အရောက်တွင် AD Vanအမျိုးအစား ကားတစ်စီးသည် အရှိန်မထိန်းနိုင်ဖြစ်ကာ လမ်းလယ်ကျွန်းရှိ ထန်းပင်အား ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ထိုသို့ ထန်းပင်အား ဝင်တိုက်မိခဲ့ခြင်းကြောင့် ကားပေါ်ရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အမျိုးသမီးဖြစ်သူမှာ စိုးရိမ်ဖွယ်အခြေနေရှိကြောင်း မီးသတ်တပ်ဖွဲ့က ဆိုထားသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သော အမျိုးသားနှင့် အမျိုးသမီးတို့ကို အမြန်လမ်းကြက်ခြေနီအသင်းမှ လူနာတင်ယာဉ်ဖြင့် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version

ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ ကားတစ္စီး အရွိန္လြန္ကာ ထန္းပင္အား ဝင္တိုက္မႈျဖစ္ပြား

သန႔္ဇင္ (NP News)-ဇူလိုင္ ၁၅
ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီးတြင္ အိမ္စီးကားတစ္စီး အရွိန္လြန္ကာ ထန္းပင္အား ဝင္တိုက္မႈျဖစ္ပြားခဲ့ရာ လူ(၂)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနက အသိေပးထားသည္။

ျဖစ္စဥ္မွာ ယေန႔(ဇူလိုင္ ၁၅ရက္) ညေန ၃နာရီခြဲအခ်ိန္တြင္ ျဖဴးၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီး မိုင္တိုင္အမွတ္ (၁၁၈/ဝ)ႏွင့္ (၁၁၈/၁)ၾကားတြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါမိုင္တိုင္အေရာက္တြင္ AD Vanအမ်ိဳးအစား ကားတစ္စီးသည္ အရွိန္မထိန္းႏိုင္ျဖစ္ကာ လမ္းလယ္ကြၽန္းရွိ ထန္းပင္အား ဝင္တိုက္မိခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။

ထိုသို႔ ထန္းပင္အား ဝင္တိုက္မိခဲ့ျခင္းေၾကာင့္ ကားေပၚရွိ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦး ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ၿပီး အမ်ိဳးသမီးျဖစ္သူမွာ စိုးရိမ္ဖြယ္အေျခေနရွိေၾကာင္း မီးသတ္တပ္ဖြဲ႕က ဆိုထားသည္။

လက္ရွိတြင္ ထိခိုက္ဒဏ္ရာရရွိခဲ့ေသာ အမ်ိဳးသားႏွင့္ အမ်ိဳးသမီးတို႔ကို အျမန္လမ္းၾကက္ေျခနီအသင္းမွ လူနာတင္ယာဥ္ျဖင့္ ျဖဴးၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.