ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့ မြန်မာ့အရေး အပါအဝင် ကမ္ဘာ့ရေးရာကိစ္စများကို တွေ့ဆုံဆွေးနွေး

 1154

Pika (NP News) - ဇူလိုင် ၁၆

ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလာရော့ဗ် နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာဝီနိုင်းတို့သည် ဇူလိုင်လ (၁၅) ရက်တွင် ဖူးခက်မြို့မှာ တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်အတွင်း ဖူးခက်မြို့တွင် ရုရှား၏ ကောင်စစ်ဝန်ရုံးဖွင့်ပွဲအခမ်းအနားကို ဥက္ကဋ္ဌ အဖြစ် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း ဒွန်ပရာဝီနိုင်းက ပြောကြားခဲ့သည်။

၂ဝ၂၃ ခုနှစ် ဧပြီလ(၂၇)ရက်က (၈)ကြိမ်မြောက်ကျင်းပခဲ့သော ရုရှား-ထိုင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်၏ရလဒ်များကို ဆက်လက်အကောင်အထည်ဖော်ရန်အတွက် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးမှုများထဲတွင် နှစ်နိုင်ငံကြားကုန်သွယ်မှုကို ကိုဗစ်(၁၉)ကပ်ရောဂါကာလမတိုင်မီ အခြေအနေများသို့ ပြန်လည်ရောက်ရှိအောင် တိုးမြှင့်ဆောင်ရွက်ခြင်း၊ ထိုင်း၏ ရေထွက်ကုန်ပစ္စည်းများအပေါ် တားဆီးမှုများကို ဖယ်ရှားပေးခြင်း၊ သိပ္ပံပညာများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ နည်းပညာ နှင့် ဆန်းသစ်တီထွင်မှုများ၊ ယဉ်ကျေးမှု၊ အားကစား၊ ခရီးသွားလုပ်ငန်းများ၊ ထိုင်း နှင့် Eurasian Economic Union (EAEU) တို့ကြား လွတ်လပ် သော ကုန်သွယ်မှုသဘောတူညီချက် (FTA) ဆိုင်ရာစေ့စပ်ညှိနှိုင်းဆွေးနွေးမှုများ စတင်နိုင်ရန်အတွက် ထောက်ခံမှု များ လုပ်ဆောင်ပေးရန် ပြောဆိုခြင်းတို့ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် ၎င်းတို့နှစ်ဦးလုံးသည် အာရှ-ပစိဖိတ်ဒေသ၊ ယူကရိန်း နှင့် မြန်မာနိုင်ငံအရေးတို့ကဲ့သို့သော ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ကာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သော ရုရှားနိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်သည် ကိုဗစ်(၁၉)ကာလ နောက်ပိုင်း ပထမဆုံး အကြိမ်လာရောက်သည့် ခရီးစဉ်ဖြစ်ကြောင်း သိရသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်သည် (၂ဝ၁၉)ခုနှစ် ဇူလိုင်လ(၃ဝ)ရက်နှင့် (၃၁)ရက်တို့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပသည့် (၅၂)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (AMM) နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ရန် လာရောက်ခဲ့ဖူးကြောင်း သိရသည်။

Zawgyi Version;
ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးႏွင့္ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးတို႔ ျမန္မာ့အေရး အပါအဝင္ ကမာၻ႔ေရးရာကိစၥမ်ားကို ေတြ႕ဆုံေဆြးေႏြး
Pika (NP News) - ဇူလိုင္ ၁၆

႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဆာေဂးလာေရာ့ဗ္ ႏွင့္ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီး ဒြန္ပရာဝီႏိုင္းတို႔သည္ ဇူလိုင္လ (၁၅) ရက္တြင္ ဖူးခက္ၿမိဳ႕မွာ ေတြ႕ဆုံေဆြးေႏြးမႈမ်ား လုပ္ေဆာင္ခဲ့ၾကေၾကာင္း သိရသည္။

႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး၏ ခရီးစဥ္အတြင္း ဖူးခက္ၿမိဳ႕တြင္ ႐ုရွား၏ ေကာင္စစ္ဝန္႐ုံးဖြင့္ပြဲအခမ္းအနားကို ဥကၠ႒ အျဖစ္ လာေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း ဒြန္ပရာဝီႏိုင္းက ေျပာၾကားခဲ့သည္။

၂ဝ၂၃ ခုႏွစ္ ဧၿပီလ(၂၇)ရက္က (၈)ႀကိမ္ေျမာက္က်င္းပခဲ့ေသာ ႐ုရွား-ထိုင္း ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္႐ြက္ေရး ေကာ္မရွင္၏ရလဒ္မ်ားကို ဆက္လက္အေကာင္အထည္ေဖာ္ရန္အတြက္ ေဆြးေႏြးမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

ေဆြးေႏြးမႈမ်ားထဲတြင္ ႏွစ္ႏိုင္ငံၾကားကုန္သြယ္မႈကို ကိုဗစ္(၁၉)ကပ္ေရာဂါကာလမတိုင္မီ အေျခအေနမ်ားသို႔ ျပန္လည္ေရာက္ရွိေအာင္ တိုးျမႇင့္ေဆာင္႐ြက္ျခင္း၊ ထိုင္း၏ ေရထြက္ကုန္ပစၥည္းမ်ားအေပၚ တားဆီးမႈမ်ားကို ဖယ္ရွားေပးျခင္း၊ သိပၸံပညာမ်ားတြင္ ပိုမိုနီးကပ္စြာ ပူးေပါင္းေဆာင္႐ြက္ျခင္း၊ နည္းပညာ ႏွင့္ ဆန္းသစ္တီထြင္မႈမ်ား၊ ယဥ္ေက်းမႈ၊ အားကစား၊ ခရီးသြားလုပ္ငန္းမ်ား၊ ထိုင္း ႏွင့္ Eurasian Economic Union (EAEU) တို႔ၾကား လြတ္လပ္ ေသာ ကုန္သြယ္မႈသေဘာတူညီခ်က္ (FTA) ဆိုင္ရာေစ့စပ္ညႇိႏႈိင္းေဆြးေႏြးမႈမ်ား စတင္ႏိုင္ရန္အတြက္ ေထာက္ခံမႈ မ်ား လုပ္ေဆာင္ေပးရန္ ေျပာဆိုျခင္းတို႔ ပါဝင္ေၾကာင္း သိရသည္။

ထို႔အျပင္ ၎တို႔ႏွစ္ဦးလုံးသည္ အာရွ-ပစိဖိတ္ေဒသ၊ ယူကရိန္း ႏွင့္ ျမန္မာႏိုင္ငံအေရးတို႔ကဲ့သို႔ေသာ ေဒသတြင္းႏွင့္ ကမာၻလုံးဆိုင္ရာကိစၥရပ္မ်ားအေပၚ အျမင္ခ်င္းဖလွယ္ကာ ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။ ထိုင္းႏိုင္ငံသို႔ လာေရာက္လည္ပတ္ခဲ့ေသာ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး၏ ခရီးစဥ္သည္ ကိုဗစ္(၁၉)ကာလ ေနာက္ပိုင္း ပထမဆုံး အႀကိမ္လာေရာက္သည့္ ခရီးစဥ္ျဖစ္ေၾကာင္း သိရသည္။

႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာ့ဗ္သည္ (၂ဝ၁၉)ခုႏွစ္ ဇူလိုင္လ(၃ဝ)ရက္ႏွင့္ (၃၁)ရက္တို႔တြင္ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ က်င္းပသည့္ (၅၂)ႀကိမ္ေျမာက္ အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးမ်ား အစည္းအေဝး (AMM) ႏွင့္ ဆက္စပ္အစည္းအေဝးမ်ားသို႔ တက္ေရာက္ရန္ လာေရာက္ခဲ့ဖူးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.