ပီတလင်ဂျာရိုအမ်ရက် ဝန်ကြီးချုပ်အသစ်မဖြစ်လာဘူးဆိုရင် ထိုင်းနိုင်ငံအတွင်း ဆန္ဒပြပွဲများပိုမိုဖြစ်လာမှာကို စိုးရိမ်မှုမြင့်တက်နေ

1194

ဂျန်ဇက် (NP News) - ဇူလိုင် ၁၇
ရှေ့သို့ချီပါတီခေါင်းဆောင် ပီတလင်ဂျာရိုအမ်ရက် ဝန်ကြီးချုပ်အသစ်ဖြစ်မလာဘူးဆိုရင် ထိုင်းနိုင်ငံအတွင်း လမ်းပေါ်ဆန္ဒပြပွဲများ ပိုမိုဖြစ်ပွားလာမှာကို စိုးရိမ်ရကြောင်း ထိုင်းနိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။
ပီတဟာ ဇူလိုင် ၁၃ ရက်က ကျင်းပခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲ ပထမအကျော့မှာ လွှတ်တော်အတွင်း ခိုင်လုံတဲ့ ဆန္ဒမဲ မရခဲ့တဲ့အတွက် ပီတကို အားပေးထောက်ခံသူများကြား စိတ်ဆိုးဒေါသဖြစ်နေကြောင်း သိရပါတယ်။
ထိုင်း Mahidol University’s Institute of Human Rights and Peace Studies ရဲ့သုတေသီတစ်ဦးဖြစ်တဲ့ Gothom Arya က အာဏာပိုင်တွေဟာ ဆန္ဒပြပွဲဖြစ်လာမယ်ဆိုရင် အင်အားသုံးထိန်းသိမ်းမယ့်အခွင့်အရေးမျိုး ရှိနေ ပြီး နိုင်ငံအတွင်း ဆန္ဒပြပွဲများဖြစ်လာတာမျိုးကို လိုလားနှစ်သက်ခြင်းမရှိကြောင်း ပြောပါတယ်။ ရှေ့သို့ချီပါတီဟာ မေလက ကျင်းပတဲ့ ထိုင်းရွေးကောက်ပွဲမှာ မဲအများဆုံး အနိုင်ရခဲ့ပေမယ့် ပါတီဖျက်သိမ်းခံရခြင်း ဒါမှမဟုတ် အတိုက်ခံပါတီဖြစ်လာမယ်ဆိုရင်တော့ နိုင်ငံရေးအခြေအနေက ပရမ်းပတာပိုမိုဖြစ်လာနိုင်ကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။
Gothom Arya က ထိုင်းနိုင်ငံရေးမှာ ပါဝင်နေတဲ့အဖွဲ့အစည်းအားလုံးဟာ တည်ငြိမ်အေးဆေးစွာရှိနေရမှာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့လက်ရှိ နိုင်ငံရေးအခြေအနေတွေအတွက် အကောင်းဆုံးကတော့ အထက်လွှတ်တော်အမတ်တွေဟာ ရှေ့သို့ချီပါတီခေါင်းဆောင်ကို ဝန်ကြီးချုပ်ဖြစ်လာစေဖို့ ထောက်ခံမဲပေးရမှာဖြစ်ကြောင်း ဆိုပါတယ်။
ရှေ့သို့ချီပါတီအနေနဲ့ လက်ရှိအချိန်မှာ အကြမ်းဖက်မှုတွေဖြစ်အောင်ကြိုးပမ်းနေသူတွေ၊ ဒါမှမဟုတ် အစွန်းရောက် အမြင်ရှိနေသူတွေရဲ့လှည့်ဖြားခြင်းမခံရဖို့ အလွန်အရေးကြီးကြောင်း ၎င်းက ပြောပါတယ်။ ထိုင်း ရှေ့သို့ချီပါတီ ခေါင်းဆောင်ဟာ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတဲ့စည်းကမ်းတွေကိုချိုးဖောက်ပြီး iTV ရုပ်သံလိုင်းမှာ ရှယ်ယာပေါင်း ၄၂ဝဝဝ ကျော် ပိုင်ဆိုင်ထားတယ်ဆိုတဲ့စွပ်စွဲချက်များနဲ့ ရင်ဆိုင်နေရကာ လက်ရှိအချိန်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးရဲ့အဆုံးအဖြတ်ခံယူရဖွယ်ရှိနေပါတယ်။
Sanya Dharmasakti Institute for Democracy ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ Attakrit Patchimnan က လက်ရှိ ဖြစ်နေတဲ့ဆန္ဒပြပွဲတွေဟာ အရင်တုန်းကဖြစ်ခဲ့တဲ့ဆန္ဒပြပွဲတွေလိုမျိုး အကြမ်းဖက်တာမျိုးမရှိသေးကြောင်း ဆိုပါ တယ်။ ရှေ့သို့ချီပါတီကို အားပေးထောက်ခံသူတွေဟာ ပီတကို ဝန်ကြီးချုပ်ဖြစ်အောင် မဲပေးဖို့ ဆိုင်ကယ်တွေ၊ ကားတွေ အသုံးပြုပြီး လမ်းပေါ်ထွက်ဆန္ဒပြပွဲများ လုပ်ဆောင်လျက်ရှိနေကြောင်း သိရပါတယ်။

Zawgyi Version;
ပီတလင္ဂ်ာ႐ိုအမ္ရက္ ဝန္ႀကီးခ်ဳပ္အသစ္မျဖစ္လာဘူးဆိုရင္ ထိုင္းႏိုင္ငံအတြင္း ဆႏၵျပပြဲမ်ားပိုမိုျဖစ္လာမွာကို စိုးရိမ္မႈျမင့္တက္ေန
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၇
ေရွ႕သို႔ခ်ီပါတီေခါင္းေဆာင္ ပီတလင္ဂ်ာ႐ိုအမ္ရက္ ဝန္ႀကီးခ်ဳပ္အသစ္ျဖစ္မလာဘူးဆိုရင္ ထိုင္းႏိုင္ငံအတြင္း လမ္းေပၚဆႏၵျပပြဲမ်ား ပိုမိုျဖစ္ပြားလာမွာကို စိုးရိမ္ရေၾကာင္း ထိုင္းႏိုင္ငံေရးေလ့လာသုံးသပ္သူေတြက ေျပာပါတယ္။
ပီတဟာ ဇူလိုင္ ၁၃ ရက္က က်င္းပခဲ့တဲ့ ထိုင္းဝန္ႀကီးခ်ဳပ္အသစ္ေ႐ြးခ်ယ္ပြဲ ပထမအေက်ာ့မွာ လႊတ္ေတာ္အတြင္း ခိုင္လုံတဲ့ ဆႏၵမဲ မရခဲ့တဲ့အတြက္ ပီတကို အားေပးေထာက္ခံသူမ်ားၾကား စိတ္ဆိုးေဒါသျဖစ္ေနေၾကာင္း သိရပါတယ္။
ထိုင္း Mahidol University’s Institute of Human Rights and Peace Studies ရဲ႕သုေတသီတစ္ဦးျဖစ္တဲ့ Gothom Arya က အာဏာပိုင္ေတြဟာ ဆႏၵျပပြဲျဖစ္လာမယ္ဆိုရင္ အင္အားသုံးထိန္းသိမ္းမယ့္အခြင့္အေရးမ်ိဳး ရွိေန ၿပီး ႏိုင္ငံအတြင္း ဆႏၵျပပြဲမ်ားျဖစ္လာတာမ်ိဳးကို လိုလားႏွစ္သက္ျခင္းမရွိေၾကာင္း ေျပာပါတယ္။ ေရွ႕သို႔ခ်ီပါတီဟာ ေမလက က်င္းပတဲ့ ထိုင္းေ႐ြးေကာက္ပြဲမွာ မဲအမ်ားဆုံး အႏိုင္ရခဲ့ေပမယ့္ ပါတီဖ်က္သိမ္းခံရျခင္း ဒါမွမဟုတ္ အတိုက္ခံပါတီျဖစ္လာမယ္ဆိုရင္ေတာ့ ႏိုင္ငံေရးအေျခအေနက ပရမ္းပတာပိုမိုျဖစ္လာႏိုင္ေၾကာင္း သုံးသပ္မႈေတြ ရွိေနပါတယ္။
Gothom Arya က ထိုင္းႏိုင္ငံေရးမွာ ပါဝင္ေနတဲ့အဖြဲ႕အစည္းအားလုံးဟာ တည္ၿငိမ္ေအးေဆးစြာရွိေနရမွာျဖစ္ၿပီး ထိုင္းႏိုင္ငံရဲ႕လက္ရွိ ႏိုင္ငံေရးအေျခအေနေတြအတြက္ အေကာင္းဆုံးကေတာ့ အထက္လႊတ္ေတာ္အမတ္ေတြဟာ ေရွ႕သို႔ခ်ီပါတီေခါင္းေဆာင္ကို ဝန္ႀကီးခ်ဳပ္ျဖစ္လာေစဖို႔ ေထာက္ခံမဲေပးရမွာျဖစ္ေၾကာင္း ဆိုပါတယ္။
ေရွ႕သို႔ခ်ီပါတီအေနနဲ႔ လက္ရွိအခ်ိန္မွာ အၾကမ္းဖက္မႈေတြျဖစ္ေအာင္ႀကိဳးပမ္းေနသူေတြ၊ ဒါမွမဟုတ္ အစြန္းေရာက္ အျမင္ရွိေနသူေတြရဲ႕လွည့္ျဖားျခင္းမခံရဖို႔ အလြန္အေရးႀကီးေၾကာင္း ၎က ေျပာပါတယ္။ ထိုင္း ေရွ႕သို႔ခ်ီပါတီ ေခါင္းေဆာင္ဟာ ေ႐ြးေကာက္ပြဲေကာ္မရွင္က သတ္မွတ္ထားတဲ့စည္းကမ္းေတြကိုခ်ိဳးေဖာက္ၿပီး iTV ႐ုပ္သံလိုင္းမွာ ရွယ္ယာေပါင္း ၄၂ဝဝဝ ေက်ာ္ ပိုင္ဆိုင္ထားတယ္ဆိုတဲ့စြပ္စြဲခ်က္မ်ားနဲ႔ ရင္ဆိုင္ေနရကာ လက္ရွိအခ်ိန္မွာ ဖြဲ႕စည္းပုံ အေျခခံဥပေဒခုံ႐ုံးရဲ႕အဆုံးအျဖတ္ခံယူရဖြယ္ရွိေနပါတယ္။
Sanya Dharmasakti Institute for Democracy ရဲ႕ ဒါ႐ိုက္တာတစ္ဦးျဖစ္သူ Attakrit Patchimnan က လက္ရွိ ျဖစ္ေနတဲ့ဆႏၵျပပြဲေတြဟာ အရင္တုန္းကျဖစ္ခဲ့တဲ့ဆႏၵျပပြဲေတြလိုမ်ိဳး အၾကမ္းဖက္တာမ်ိဳးမရွိေသးေၾကာင္း ဆိုပါ တယ္။ ေရွ႕သို႔ခ်ီပါတီကို အားေပးေထာက္ခံသူေတြဟာ ပီတကို ဝန္ႀကီးခ်ဳပ္ျဖစ္ေအာင္ မဲေပးဖို႔ ဆိုင္ကယ္ေတြ၊ ကားေတြ အသုံးျပဳၿပီး လမ္းေပၚထြက္ဆႏၵျပပြဲမ်ား လုပ္ေဆာင္လ်က္ရွိေနေၾကာင္း သိရပါတယ္။