ပီတကို လွှတ်တော်ကိုယ်စားလှယ်အရည်အချင်းနဲ့ကိုက်ညီမှု ရှိ/မရှိ မနက်ဖြန်မှာအပြီးသတ်ဆုံးဖြတ်မယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးပြော

2125
ဂျန်ဇက် (NP News) - ဇူလိုင် ၁၈
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအနေနဲ့ ဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲ ထပ်မံကျင်းပမယ့် ဇူလိုင်လ ၁၉ ရက်မှာ ရှေ့သို့ချီပါတီခေါင်းဆောင် ပီတ လင်ဂျာရိုအမ်ရက်ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရည်အ ချင်းပျက်ယွင်းမှုရှိ/မရှိ ဆိုတဲ့အချက်ကို စဉ်းစားဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။
ထိုင်းဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲကို လာမယ့် ဇူလိုင်လ ၁၉ ရက်မှာ လွှတ်တော်အတွင်းထပ်မံပြုလုပ်သွားမှာဖြစ်ရာ ပီတကို ဝန်ကြီးချုပ်အသစ် ထပ်မံအမည်စာရင်းတင်သွင်းဖွယ်ရှိနေကြောင်းသိရပါတယ်။

ပီတ လင်ဂျာရိုအမ်ရက်ဟာ ရွေးကောက်ပွဲကာလအတွင်း စည်းကမ်းများကိုချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခံရပြီးနောက် ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့သီတင်းပတ်မှာ စစ်ဆေးဆုံးဖြတ်ခဲ့ရာ ပီတ လင်ဂျာရိုအမ်ရက်ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရည်အချင်းပျက်ယွင်းသူအဖြစ်သတ်မှတ်ခဲ့ပြီး အဲဒီအမှုကို အပြီးသတ်စစ်ဆေးနိုင်အောင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို ထပ်မံလွှဲပြောင်းပေးခဲ့ကြောင်းသိရပါတယ်။ထိုင်းရွေးကောက်ပွဲစည်းကမ်းတွေထဲမှာ ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းဟာ မီဒီယာလုပ်ငန်းတွေပိုင်ဆိုင်ခြင်း သို့မဟုတ် ရှယ်ယာပိုင်ဆိုင်ခြင်းမျိုးမရှိရဘူးလို့ စည်းကမ်းသတ်မှတ်ထားရာ ပီတလင်ဂျာရိုအမ်ရက်ဟာ iTV Plc, ရုပ်သံ မီဒီယာလုပ်ငန်းမှာ ရှယ်ယာ အရေအတွက် ၄၂၀၀၀ ကျော်ပိုင် ဆိုင်ထားတယ်လို့ စွပ်စွဲခံထားရပါတယ်။ ဇူလိုင်လ ၁၉ ရက်မှာ ထိုင်းလွှတ်တော်အတွင်း ဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲ ဒုတိယအကျော့ထပ်မံရွေးချယ်မှာဖြစ်ရာ ပီတအတွက် အရေးကြီးတဲ့နေ့တစ်နေ့ဖြစ်နေပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပပေဒခုံရုံးဟာ ပီတရဲ့အမှုကို နံနက်ပိုင်းမှာအပြီးသတ်ဆုံးဖြတ်မလား ဆိုတဲ့အချက်ကတော့ အတိအကျမသိသေးကြောင်းသိရပါတယ်။ ဇူလိုင်လ ၁၉ ရက်၊ နံနက်ပိုင်းမှာတော့ လွှတ်တော်အတွင်း ပီတကို ဝန်ကြီးချုပ်အသစ်အဖြစ် ထပ်မံတင်သွင်းမှုကို ခွင့်ပြုပေးဖို့ သင့်၊ မသင့်ဆိုတဲ့အချက်ကို လွှတ်တော်အတွင်း အကြိတ်အနယ်ဆွေးနွေးဖွယ်ရှိနေကြောင်း ထိုင်းသတင်းတွေကဖော်ပြထားပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဟောင်းတစ်ဦးဖြစ်တဲ့ ဆွန်ချိုင်းက ရှေ့သို့ချီပါတီခေါင်းဆောင်ဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်အရည်အချင်းပျက်ယွင်းကြောင်းသတ်မှတ်ခံရမယ်ဆိုရင်တောင် ရှေ့သို့ချီပါတီရဲ့တစ်ဦးတည်းသောကိုယ်စားလှယ်လောင်းအဖြစ် ဆက်ရှိနေမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

zawgyi version
ပီတကို လႊတ္ေတာ္ကိုယ္စားလွယ္အရည္အခ်င္းနဲ႔ကိုက္ညီမႈ ရွိ/မရွိ မနက္ျဖန္မွာအၿပီးသတ္ဆုံးျဖတ္မယ္လို႔ ဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးေျပာ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၈
ထိုင္းဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးအေနနဲ႔ ဝန္ႀကီးခ်ဳပ္အသစ္ေ႐ြးခ်ယ္ပြဲ ထပ္မံက်င္းပမယ့္ ဇူလိုင္လ ၁၉ ရက္မွာ ေရွ႕သို႔ခ်ီပါတီေခါင္းေဆာင္ ပီတ လင္ဂ်ာ႐ိုအမ္ရက္ကို လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ အရည္အ ခ်င္းပ်က္ယြင္းမႈရွိ/မရွိ ဆိုတဲ့အခ်က္ကို စဥ္းစားဆုံးျဖတ္သြားမယ္လို႔ သိရပါတယ္။
ထိုင္းဝန္ႀကီးခ်ဳပ္အသစ္ေ႐ြးခ်ယ္ပြဲကို လာမယ့္ ဇူလိုင္လ ၁၉ ရက္မွာ လႊတ္ေတာ္အတြင္းထပ္မံျပဳလုပ္သြားမွာျဖစ္ရာ ပီတကို ဝန္ႀကီးခ်ဳပ္အသစ္ ထပ္မံအမည္စာရင္းတင္သြင္းဖြယ္ရွိေနေၾကာင္းသိရပါတယ္။
ပီတ လင္ဂ်ာ႐ိုအမ္ရက္ဟာ ေ႐ြးေကာက္ပြဲကာလအတြင္း စည္းကမ္းမ်ားကိုခ်ိဳးေဖာက္ခဲ့တယ္လို႔ စြပ္စြဲခံရၿပီးေနာက္ ေ႐ြးေကာက္ပြဲေကာ္မရွင္က ၿပီးခဲ့တဲ့သီတင္းပတ္မွာ စစ္ေဆးဆုံးျဖတ္ခဲ့ရာ ပီတ လင္ဂ်ာ႐ိုအမ္ရက္ကို လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ အရည္အခ်င္းပ်က္ယြင္းသူအျဖစ္သတ္မွတ္ခဲ့ၿပီး အဲဒီအမႈကို အၿပီးသတ္စစ္ေဆးႏိုင္ေအာင္ ဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးကို ထပ္မံလႊဲေျပာင္းေပးခဲ့ေၾကာင္းသိရပါတယ္။ထိုင္းေ႐ြးေကာက္ပြဲစည္းကမ္းေတြထဲမွာ ေ႐ြးေကာက္ပြဲပါဝင္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္းဟာ မီဒီယာလုပ္ငန္းေတြပိုင္ဆိုင္ျခင္း သို႔မဟုတ္ ရွယ္ယာပိုင္ဆိုင္ျခင္းမ်ိဳးမရွိရဘူးလို႔ စည္းကမ္းသတ္မွတ္ထားရာ ပီတလင္ဂ်ာ႐ိုအမ္ရက္ဟာ iTV Plc, ႐ုပ္သံ မီဒီယာလုပ္ငန္းမွာ ရွယ္ယာ အေရအတြက္ ၄၂၀၀၀ ေက်ာ္ပိုင္ ဆိုင္ထားတယ္လို႔ စြပ္စြဲခံထားရပါတယ္။ ဇူလိုင္လ ၁၉ ရက္မွာ ထိုင္းလႊတ္ေတာ္အတြင္း ဝန္ႀကီးခ်ဳပ္အသစ္ေ႐ြးခ်ယ္ပြဲ ဒုတိယအေက်ာ့ထပ္မံေ႐ြးခ်ယ္မွာျဖစ္ရာ ပီတအတြက္ အေရးႀကီးတဲ့ေန႔တစ္ေန႔ျဖစ္ေနပါတယ္။
ဖြဲ႕စည္းပုံအေျခခံဥပေပဒခုံ႐ုံးဟာ ပီတရဲ႕အမႈကို နံနက္ပိုင္းမွာအၿပီးသတ္ဆုံးျဖတ္မလား ဆိုတဲ့အခ်က္ကေတာ့ အတိအက်မသိေသးေၾကာင္းသိရပါတယ္။ ဇူလိုင္လ ၁၉ ရက္၊ နံနက္ပိုင္းမွာေတာ့ လႊတ္ေတာ္အတြင္း ပီတကို ဝန္ႀကီးခ်ဳပ္အသစ္အျဖစ္ ထပ္မံတင္သြင္းမႈကို ခြင့္ျပဳေပးဖို႔ သင့္၊ မသင့္ဆိုတဲ့အခ်က္ကို လႊတ္ေတာ္အတြင္း အႀကိတ္အနယ္ေဆြးေႏြးဖြယ္ရွိေနေၾကာင္း ထိုင္းသတင္းေတြကေဖာ္ျပထားပါတယ္။ ေ႐ြးေကာက္ပြဲေကာ္မရွင္ေဟာင္းတစ္ဦးျဖစ္တဲ့ ဆြန္ခ်ိဳင္းက ေရွ႕သို႔ခ်ီပါတီေခါင္းေဆာင္ဟာ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္အရည္အခ်င္းပ်က္ယြင္းေၾကာင္းသတ္မွတ္ခံရမယ္ဆိုရင္ေတာင္ ေရွ႕သို႔ခ်ီပါတီရဲ႕တစ္ဦးတည္းေသာကိုယ္စားလွယ္ေလာင္းအျဖစ္ ဆက္ရွိေနမယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာပါတယ္။