စစ်ကိုင်း၌ ကားတစ်စီး ဘရိတ်ပေါက်၍ တိမ်းမှောက်မှုကြောင့် လိုက်ပါလာသူ(၈)ဦးအနက် တစ်ဦးသေဆုံး

717
စော (NP News) - ဇူလိုင် ၂၄
စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ လဟယ်မြို့နယ်၌ ကုန်တင်ကားတစ်စီး ဘရိတ်ပေါက်၍ တိမ်းမှောက်ခဲ့ခြင်းကြောင့် အမျိုးသား (၈)ဦးအနက် တစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇူလိုင်လ ၂၃ ရက်)၊ မွန်းလွဲ (၂)နာရီခွဲအချိန်တွင် လဟယ်မြို့နယ်၊ လဟယ်-နန်းယွန်းကားလမ်းမကြီး၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းကားလမ်းမကြီးပေါ်တွင် FORLAND အဖြူရောင်ယာဉ်သည် ဘရိတ်ရှူးပေါက်၍ ယာဉ်တိမ်းမှောက်ခဲ့ခြင်းကြောင့် လဟယ်မြို့နယ်မီးသတ်စခန်းမှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် အမျိုးသား (၈)ဦးအနက် အမျိုးသား (၁)ဦးသေဆုံးခဲ့ပြီး ကျန်အမျိုးသား (၇)ဦးသည် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
၎င်းတို့အား မြို့နယ်ပြည်သူ့ဆေးရုံမှ လူနာတင်ယာဉ်ဖြင့် လဟယ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
zawgyi version
စစ္ကိုင္း၌ ကားတစ္စီး ဘရိတ္ေပါက္၍ တိမ္းေမွာက္မႈေၾကာင့္ လိုက္ပါလာသူ(၈)ဦးအနက္ တစ္ဦးေသဆုံး
ေစာ (NP News) - ဇူလိုင္ ၂၄
စစ္ကိုင္းတိုင္း၊ ခႏၲီးခ႐ိုင္၊ လဟယ္ၿမိဳ႕နယ္၌ ကုန္တင္ကားတစ္စီး ဘရိတ္ေပါက္၍ တိမ္းေမွာက္ခဲ့ျခင္းေၾကာင့္ အမ်ိဳးသား (၈)ဦးအနက္ တစ္ဦး ေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဇူလိုင္လ ၂၃ ရက္)၊ မြန္းလြဲ (၂)နာရီခြဲအခ်ိန္တြင္ လဟယ္ၿမိဳ႕နယ္၊ လဟယ္-နန္းယြန္းကားလမ္းမႀကီး၌ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
၎ကားလမ္းမႀကီးေပၚတြင္ FORLAND အျဖဴေရာင္ယာဥ္သည္ ဘရိတ္ရႉးေပါက္၍ ယာဥ္တိမ္းေမွာက္ခဲ့ျခင္းေၾကာင့္ လဟယ္ၿမိဳ႕နယ္မီးသတ္စခန္းမွ သြားေရာက္ကူညီခဲ့ေၾကာင္း သိရသည္။
ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေပၚတြင္လိုက္ပါလာသည့္ အမ်ိဳးသား (၈)ဦးအနက္ အမ်ိဳးသား (၁)ဦးေသဆုံးခဲ့ၿပီး က်န္အမ်ိဳးသား (၇)ဦးသည္ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
၎တို႔အား ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံမွ လူနာတင္ယာဥ္ျဖင့္ လဟယ္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။