မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ODA စီမံကိန်းအကူအညီများကို ချက်ချင်းရပ်တန့်ရန်မဖြစ်နိုင်ကြောင်း ဂျပန်အစိုးရ ပြော

 3604

ဂျန်ဇက် (NP News) - ဇူလိုင် ၂၆

မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ဂျပန်အစိုးရက ကူညီပေးလျက်ရှိနေသည့် တရားဝင်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အကူအညီ ODA ကို ချက်ချင်းရပ်တန့်ရန် မဖြစ်နိုင်ကြောင်း၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြား လိုက်သည်။

ဂျပန်အခြေစိုက်သတင်းဌာနတစ်ခုဖြစ်သော NHK World သည် မြန်မာနိုင်ငံအပေါ် ဂျပန်နိုင်ငံက ကူညီထောက်ပံ့ ပေးနေသည့် ODA စီမံကိန်းများနှင့်ပတ်သက်ပြီး မေးမြန်းချိန်တွင် စာဖြင့် ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံတွင် ဆက်လက်ကူညီပေးလျက်ရှိနေသည့် ODA စီမံကိန်းများသည် ယခင်အစိုးရလက်ထက်က ဂျပန် နှင့် မြန်မာနိုင်ငံကြား အပြန်အလှန်သဘောတူညီမှုများ ဖြစ်ကြောင်း ဆိုသည်။

၂ဝ၂၁ ခုနှစ်တွင် အာဏာထိန်းသိမ်းမှုဖြစ်လာခဲ့ပြီးနောက် ဂျပန်အစိုးရသည် မြန်မာနိုင်ငံအပေါ် ကူညီပေးနေသည့် ODA စီမံကိန်းအားလုံးကို ဆိုင်းငံ့လိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သော်လည်း ကူညီပေးမှုများဆက်ရှိနေခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

မြန်မာနိုင်ငံအပေါ် ကူညီပေးလျက်ရှိနေသည့် ဂျပန်နိုင်ငံ၏ ODA စီမံကိန်းများအနက်မှ တစ်ခုဖြစ်သော သန်လျင် တံတားစီမံကိန်းသည် ၇၅ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း နစကအဖွဲ့က ဧပြီလတွင် သတင်းထုတ်ပြန်ခဲ့ သည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက "မြန်မာနိုင်ငံပေါ် ကူညီထောက်ပံ့ပေးနေတဲ့ ODA စီမံကိန်းတွေဟာ
မြန်မာပြည်သူတွေ ရှင်သန်နေထိုင်မှုအဆင့်တန်းပိုမိုကောင်းမွန်စေဖို့၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ပြီး ကူညီထောက်ပံ့ပေးနေတာဖြစ်တယ်။ လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေပေးနေတယ်။ ကျွန်တော်တို့ဟာ နစကကို တိုက်ရိုက်ကူညီထောက်ပံ့ပေးတာမျိုး မဟုတ်ဘူး" ဟု ပြောသည်။

ကုလသမဂ္ဂ၏ လူအခွင့်ရေးအထူးကိုယ်စားလှယ်တွန်အန်ဒရူးက ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ပစ်မှတ် ထားပိတ်ဆို့မှုများချမှတ်ရန် တောင်းဆိုခဲ့ဖူးကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ဂျပန်အစိုးရသည် မြန်မာနိုင်ငံကို ဝေဖန်ပြစ်တင်ခဲ့သော်လည်း ပစ်မှတ်ထားပိတ်ဆို့မှုချမှတ်ခဲ့ခြင်းမရှိကြောင်း သိရသည်။

Zawgyi Version;
ျမန္မာႏိုင္ငံႏွင့္ပတ္သက္ၿပီး ODA စီမံကိန္းအကူအညီမ်ားကို ခ်က္ခ်င္းရပ္တန႔္ရန္မျဖစ္ႏိုင္ေၾကာင္း ဂ်ပန္အစိုးရ ေျပာ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၆

ျမန္မာႏိုင္ငံႏွင့္ပတ္သက္ၿပီး ဂ်ပန္အစိုးရက ကူညီေပးလ်က္ရွိေနသည့္ တရားဝင္ဖြံ႕ၿဖိဳးတိုးတက္ေရးစီမံကိန္း အကူအညီ ODA ကို ခ်က္ခ်င္းရပ္တန႔္ရန္ မျဖစ္ႏိုင္ေၾကာင္း၊ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ေဖာ္ေျပာၾကား လိုက္သည္။

ဂ်ပန္အေျခစိုက္သတင္းဌာနတစ္ခုျဖစ္ေသာ NHK World သည္ ျမန္မာႏိုင္ငံအေပၚ ဂ်ပန္ႏိုင္ငံက ကူညီေထာက္ပံ့ ေပးေနသည့္ ODA စီမံကိန္းမ်ားႏွင့္ပတ္သက္ၿပီး ေမးျမန္းခ်ိန္တြင္ စာျဖင့္ ျပန္လည္ေျဖဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ျမန္မာႏိုင္ငံတြင္ ဆက္လက္ကူညီေပးလ်က္ရွိေနသည့္ ODA စီမံကိန္းမ်ားသည္ ယခင္အစိုးရလက္ထက္က ဂ်ပန္ ႏွင့္ ျမန္မာႏိုင္ငံၾကား အျပန္အလွန္သေဘာတူညီမႈမ်ား ျဖစ္ေၾကာင္း ဆိုသည္။

၂ဝ၂၁ ခုႏွစ္တြင္ အာဏာထိန္းသိမ္းမႈျဖစ္လာခဲ့ၿပီးေနာက္ ဂ်ပန္အစိုးရသည္ ျမန္မာႏိုင္ငံအေပၚ ကူညီေပးေနသည့္ ODA စီမံကိန္းအားလုံးကို ဆိုင္းငံ့လိုက္ေၾကာင္း သတင္းထုတ္ျပန္ခဲ့ေသာ္လည္း ကူညီေပးမႈမ်ားဆက္ရွိေနခဲ့ေၾကာင္း သတင္းမ်ားထြက္ေပၚခဲ့သည္။

ျမန္မာႏိုင္ငံအေပၚ ကူညီေပးလ်က္ရွိေနသည့္ ဂ်ပန္ႏိုင္ငံ၏ ODA စီမံကိန္းမ်ားအနက္မွ တစ္ခုျဖစ္ေသာ သန္လ်င္ တံတားစီမံကိန္းသည္ ၇၅ ရာခိုင္ႏႈန္းေက်ာ္ ၿပီးစီးေနၿပီျဖစ္ေၾကာင္း နစကအဖြဲ႕က ဧၿပီလတြင္ သတင္းထုတ္ျပန္ခဲ့ သည္။ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက "ျမန္မာႏိုင္ငံေပၚ ကူညီေထာက္ပံ့ေပးေနတဲ့ ODA စီမံကိန္းေတြဟာ
ျမန္မာျပည္သူေတြ ရွင္သန္ေနထိုင္မႈအဆင့္တန္းပိုမိုေကာင္းမြန္ေစဖို႔၊ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေစဖို႔ ရည္႐ြယ္ၿပီး ကူညီေထာက္ပံ့ေပးေနတာျဖစ္တယ္။ လူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေတြေပးေနတယ္။ ကြၽန္ေတာ္တို႔ဟာ နစကကို တိုက္႐ိုက္ကူညီေထာက္ပံ့ေပးတာမ်ိဳး မဟုတ္ဘူး" ဟု ေျပာသည္။

ကုလသမဂၢ၏ လူအခြင့္ေရးအထူးကိုယ္စားလွယ္တြန္အန္ဒ႐ူးက ဂ်ပန္ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံအေပၚ ပစ္မွတ္ ထားပိတ္ဆို႔မႈမ်ားခ်မွတ္ရန္ ေတာင္းဆိုခဲ့ဖူးေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံတြင္ အာဏာထိန္းသိမ္းမႈျဖစ္ပြားခဲ့ၿပီး ေနာက္ပိုင္း ဂ်ပန္အစိုးရသည္ ျမန္မာႏိုင္ငံကို ေဝဖန္ျပစ္တင္ခဲ့ေသာ္လည္း ပစ္မွတ္ထားပိတ္ဆို႔မႈခ်မွတ္ခဲ့ျခင္းမရွိေၾကာင္း သိရသည္။

Picture

Pyoe Khinn

26/07/2023 21:10

Thank a lot Japan.We are family in the world.

Related news

© 2021. All rights reserved.