ဆော်ဒီအာရေးဗျကလပ်ကို ပြောင်းရွှေ့ကစားမည့် လီဗာပူးလ်ကွင်းလယ်လူ ဟန်ဒါဆန်

 367

Pika (NP News) - ဇူလိုင် ၂၇

လီဗာပူးလ်ကွင်းလယ်ကစားသမား ဟန်ဒါဆန်သည် ဆော်ဒီအာရေးဗျကလပ်တစ်ခုဖြစ်သော Al-Ettifaq သို့ အပြီးသတ်ပြောင်းရွှေ့ရန်ပြင်ဆင်နေပြီး လီဗာပူးလ်အသင်းမှ ထွက်ခွါတော့မည်ဖြစ်ကြောင်း အတည်ပြုပြောခဲ့ သည်။

ဟန်ဒါဆန်သည် လီဗာပူးလ်အသင်းအတွက်(၁၂)နှစ်အတွင်း ပွဲပေါင်း(၄၉၂)ပွဲ ကစားပေးခဲ့ပြီးနောက် ဆော်ဒီအာရေး ဗျကလပ် Al-Ettifaq ကို ပေါင်(၁၂)သန်းဖြင့် အပြီးသတ်ပြောင်းရွှေ့ရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။ ဟန်ဒါဆန် က "လီဗာပူးလ်အသင်းမှာ (၁၂)နှစ်ကြာ ကစားခဲ့ကာလတွေကို စကားလုံးတွေနဲ့ပြောပြဖို့ ခက်ခဲပါ တယ်။ ဒီအသင်းသားတွေကိုလည်း နှုတ်ဆက်ဖို့ တကယ်ကိုခက်ခဲပါတယ်။ ကျွန်တော်က အမြဲတမ်း လီဗာပူးလ် အသင်းရဲ့ကစားသမားတစ်ဦးဖြစ်တယ်ဆိုတာကို အမှတ်ရနေမှာပါ။ အရာအာလုံးအတွက် အသင်းကစားသမား တွေ၊ ပရိသတ်တွေ၊ တာဝန်ရှိသူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်" ဟု ပြောခဲ့သည်။

ဆော်ဒီအာရေးဗျကလပ် Al-Ettifaq သို့ သွားရောက်ကစားမည့် ဟန်ဒါဆန်၏ နိုင်ငံတကာကစားသမားဘဝသည် ပြီးဆုံးသွားခြင်း ရှိ/မရှိ ဆိုသည့်အချက်ကို စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း သိရသည်။ ဟန်ဒါဆန်သည် ဩဂုတ်လ (၁၄)ရက်တွင် စီရော်နယ်ဒိုကစားနေသော အယ်လ်နာဆာအသင်းနှင့် Al-Ettifaq အသင်းတို့ ယှဉ်ပြိုင်ကစားမည့်ပွဲ တွင် ပွဲဦးထွက်ကစားသွားနိုင်ဖွယ်ရှိနေကြောင်း သိရသည်။

Zawgyi Version;
ေဆာ္ဒီအာေရးဗ်ကလပ္ကို ေျပာင္းေ႐ႊ႕ကစားမည့္ လီဗာပူးလ္ကြင္းလယ္လူ ဟန္ဒါဆန္
Pika (NP News) - ဇူလိုင္ ၂၇

လီဗာပူးလ္ကြင္းလယ္ကစားသမား ဟန္ဒါဆန္သည္ ေဆာ္ဒီအာေရးဗ်ကလပ္တစ္ခုျဖစ္ေသာ Al-Ettifaq သို႔ အၿပီးသတ္ေျပာင္းေ႐ႊ႕ရန္ျပင္ဆင္ေနၿပီး လီဗာပူးလ္အသင္းမွ ထြက္ခြါေတာ့မည္ျဖစ္ေၾကာင္း အတည္ျပဳေျပာခဲ့ သည္။

ဟန္ဒါဆန္သည္ လီဗာပူးလ္အသင္းအတြက္(၁၂)ႏွစ္အတြင္း ပြဲေပါင္း(၄၉၂)ပြဲ ကစားေပးခဲ့ၿပီးေနာက္ ေဆာ္ဒီအာေရး ဗ်ကလပ္ Al-Ettifaq ကို ေပါင္(၁၂)သန္းျဖင့္ အၿပီးသတ္ေျပာင္းေ႐ႊ႕ရန္ စီစဥ္ေနၿပီျဖစ္ေၾကာင္း သိရသည္။ ဟန္ဒါဆန္ က "လီဗာပူးလ္အသင္းမွာ (၁၂)ႏွစ္ၾကာ ကစားခဲ့ကာလေတြကို စကားလုံးေတြနဲ႔ေျပာျပဖို႔ ခက္ခဲပါ တယ္။ ဒီအသင္းသားေတြကိုလည္း ႏႈတ္ဆက္ဖို႔ တကယ္ကိုခက္ခဲပါတယ္။ ကြၽန္ေတာ္က အၿမဲတမ္း လီဗာပူးလ္ အသင္းရဲ႕ကစားသမားတစ္ဦးျဖစ္တယ္ဆိုတာကို အမွတ္ရေနမွာပါ။ အရာအာလုံးအတြက္ အသင္းကစားသမား ေတြ၊ ပရိသတ္ေတြ၊ တာဝန္ရွိသူေတြအားလုံးကိုလည္း ေက်းဇူးတင္ပါတယ္" ဟု ေျပာခဲ့သည္။

ေဆာ္ဒီအာေရးဗ်ကလပ္ Al-Ettifaq သို႔ သြားေရာက္ကစားမည့္ ဟန္ဒါဆန္၏ ႏိုင္ငံတကာကစားသမားဘဝသည္ ၿပီးဆုံးသြားျခင္း ရွိ/မရွိ ဆိုသည့္အခ်က္ကို ေစာင့္ၾကည့္ရဦးမည္ျဖစ္ေၾကာင္း သိရသည္။ ဟန္ဒါဆန္သည္ ဩဂုတ္လ (၁၄)ရက္တြင္ စီေရာ္နယ္ဒိုကစားေနေသာ အယ္လ္နာဆာအသင္းႏွင့္ Al-Ettifaq အသင္းတို႔ ယွဥ္ၿပိဳင္ကစားမည့္ပြဲ တြင္ ပြဲဦးထြက္ကစားသြားႏိုင္ဖြယ္ရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.