ယူကရိန်း၏ အကျင့်ပျက်ခြစားမှုများက ရေရှည်တွင် အမေရိကန်၏အကူအညီများကို လျော့နည်းအောင် ခြိမ်းခြောက်နေဟုဆို
2694
Pika (NP News) - ဇူလိုင် ၂၈
ယူကရိန်းအစိုးရ နှင့် ပုဂ္ဂလိကကဏ္ဍများတွင် အကျင့်ပျက်ခြစားမှုများရှိနေသည့်အတွက် ရုရှား၏ စစ်ဆင်ရေး စတင်ခဲ့သော (၂ဝ၂၂)ခုနှစ် ဖေဖော်ဝါရီလတည်းက ယူကရိန်းသို့ကူညီပံ့ပိုးပေးခဲ့သော အမေရိကန်ဒေါ်လာဘီလျံ ပေါင်းများစွာကို ခြေရာခံနိုင်ရန် အမေရိကန်အစိုးရကကြိုးပမ်းနေကြောင်း သိရသည်။
အဆိုပါအစီရင်ခံစာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ စုံစမ်းစစ်ဆေးရေးမှူးရုံးမှ ထုတ်ပြန်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ အစီရင်ခံစာတွင် "ယူကရိန်းအစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍတွေမှာ အကျင့်ပျက်ခြစားမှုတွေရှိနေတာ ဟာ ရေရှည်မှာ အမေရိကန်ရဲ့အကူအညီတွေကို ထိခိုက်စေပါတယ်" ဟု ဖော်ပြထားသည်။
အကျင့်ပျက်ခြစားမှုရှိနေခြင်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေသလို ယူကရိန်းကိုပေးပို့မည် အကူအညီများနှင့် ဆက်စပ်သည့် အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်ရေးအစီအစဉ်များအား ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ် ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ စုံစမ်းစစ်ဆေးရေးမှူးရုံး(OIG) က ပြောကြားခဲ့သည်။
ရုရှား နှင့် ယူကရိန်းစစ်ပွဲစတင်သည့်အချိန်တည်းက အမေရိကန်ကွန်ဂရက်လွှတ်တော်သည် ယူကရိန််းအတွက် စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ(၁၁၃ ဒသမ ၄) ဘီလျံ ပေးအပ်ခဲ့ကြောင်း အစီရင်ခံစာထဲတွင် ဖော်ပြထား သည်။
OIG သည် အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်၏ ဘီလျံသောင်းချီရှိသော စစ်ဘက်ဆိုင်ရာအကူအညီများကို စုံစမ်းစစ်ဆေးခြင်းမျိုးမဟုတ်ဘဲ Coordinator of US Assistance to Europe and Eurasia (EUR/ACE) ရုံး က စီမံခန့်ခွဲကာ ယူကရိန်းသို့ပေးပို့ခဲ့သော ရန်ပုံငွေကြေးများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးခြင်းမျိုးဖြစ်ကြောင်း သိရသည်။
အစီရင်ခံစာထဲတွင် ယူကရိန်းအတွက် နိုင်ငံခြားမှ အကူအညီများအားလုံးကို ယူကရိန်းရှိ အမေရိကန်သံရုံးမှ Assistance Coordinator (ACOORD) အဖွဲ့မှတစ်ဆင့် ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါအဖွဲ့တွင် နိုင်ငံခြားရေးဌာန အကြီးတန်းအရာရှိတစ်ဦးနှင့် ပြည်တွင်း၌ အလုပ်ခန့်ထားသော ဝန်ထမ်းတစ်ဦးသာ ပါဝင် ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
OIG ရုံး၏ စစ်ဆေးရေးမှူးများသည် (၂ဝ၂၂)ခုနှစ် အောက်တိုဘာလလယ်မှ (၂ဝ၂၃)ခုနှစ် မတ်လအစောပိုင်းကြားတွင်း ပေးပို့ခဲ့သည့် ငွေကြေးအကူအညီများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်ခဲ့ကြောင်းသိရသည်။အမေရိကန်အစိုးရသည် ရုရှားနှင့်စစ်ပွဲတွင် ယူကရိန်းအနိုင်ရရှိရန်အတွက် ယူကရိန်းအစိုးရ လိုအပ်သမျှအရာလုံးကို ထောက်ပံ့ပေးသွားမည်ဟု အကြိမ်ကြိမ်ကတိပြုပြောဆိုခဲ့သည်။ယခုလအစောပိုင်းတွင် အမေရိကန်အစိုးရသည် ယူကရိန်းကိုပေးပို့သောအကူအညီများအတွက် အထူးစုံစမ်းစစ်ဆေးရေးမှူးတစ်ဦးခန့်အပ်ရန် တောင်းဆိုသည့် ရီပတ်ဘလစ်ကန်အမတ်များ၏ အဆိုပြုချက်ကို ကန့်ကွက်ခဲ့ကြောင်းသိရသည်။အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်နှင့် အစိုးရတာဝန်ခံရုံး(GAO)တို့သည် တာဝန်ယူမှု၊တာဝန်ခံမှုများရှိစေရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း အမေရိကန်အစိုးရကပြောဆိုခဲ့သည်။
Zawgyi Version;
ယူကရိန္း၏ အက်င့္ပ်က္ျခစားမႈမ်ားက ေရရွည္တြင္ အေမရိကန္၏အကူအညီမ်ားကို ေလ်ာ့နည္းေအာင္ ၿခိမ္းေျခာက္ေနဟုဆို
Pika (NP News) - ဇူလိုင္ ၂၈
ယူကရိန္းအစိုးရ ႏွင့္ ပုဂၢလိကက႑မ်ားတြင္ အက်င့္ပ်က္ျခစားမႈမ်ားရွိေနသည့္အတြက္ ႐ုရွား၏ စစ္ဆင္ေရး စတင္ခဲ့ေသာ (၂ဝ၂၂)ခုႏွစ္ ေဖေဖာ္ဝါရီလတည္းက ယူကရိန္းသို႔ကူညီပံ့ပိုးေပးခဲ့ေသာ အေမရိကန္ေဒၚလာဘီလ်ံ ေပါင္းမ်ားစြာကို ေျခရာခံႏိုင္ရန္ အေမရိကန္အစိုးရကႀကိဳးပမ္းေနေၾကာင္း သိရသည္။
အဆိုပါအစီရင္ခံစာကို အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ စုံစမ္းစစ္ေဆးေရးမႉး႐ုံးမွ ထုတ္ျပန္ခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။ အစီရင္ခံစာတြင္ "ယူကရိန္းအစိုးရနဲ႔ ပုဂၢလိကက႑ေတြမွာ အက်င့္ပ်က္ျခစားမႈေတြရွိေနတာ ဟာ ေရရွည္မွာ အေမရိကန္ရဲ႕အကူအညီေတြကို ထိခိုက္ေစပါတယ္" ဟု ေဖာ္ျပထားသည္။
အက်င့္ပ်က္ျခစားမႈရွိေနျခင္းႏွင့္ပတ္သက္ၿပီး စုံစမ္းစစ္ေဆးေနသလို ယူကရိန္းကိုေပးပို႔မည္ အကူအညီမ်ားႏွင့္ ဆက္စပ္သည့္ အက်င့္ပ်က္ျခစားမႈမ်ားကို တိုက္ဖ်က္ေရးအစီအစဥ္မ်ားအား ပိုမိုတိုးျမႇင့္လုပ္ေဆာင္သြားမည္ျဖစ္ ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ စုံစမ္းစစ္ေဆးေရးမႉး႐ုံး(OIG) က ေျပာၾကားခဲ့သည္။
႐ုရွား ႏွင့္ ယူကရိန္းစစ္ပြဲစတင္သည့္အခ်ိန္တည္းက အေမရိကန္ကြန္ဂရက္လႊတ္ေတာ္သည္ ယူကရိန္္းအတြက္ စစ္ေရးအကူအညီ အေမရိကန္ေဒၚလာ(၁၁၃ ဒသမ ၄) ဘီလ်ံ ေပးအပ္ခဲ့ေၾကာင္း အစီရင္ခံစာထဲတြင္ ေဖာ္ျပထား သည္။
OIG သည္ အေမရိကန္စစ္ဌာနခ်ဳပ္ ပင္တဂြန္၏ ဘီလ်ံေသာင္းခ်ီရွိေသာ စစ္ဘက္ဆိုင္ရာအကူအညီမ်ားကို စုံစမ္းစစ္ေဆးျခင္းမ်ိဳးမဟုတ္ဘဲ Coordinator of US Assistance to Europe and Eurasia (EUR/ACE) ႐ုံး က စီမံခန႔္ခြဲကာ ယူကရိန္းသို႔ေပးပို႔ခဲ့ေသာ ရန္ပုံေငြေၾကးမ်ားႏွင့္ပတ္သက္ၿပီး စုံစမ္းစစ္ေဆးျခင္းမ်ိဳးျဖစ္ေၾကာင္း သိရသည္။
အစီရင္ခံစာထဲတြင္ ယူကရိန္းအတြက္ ႏိုင္ငံျခားမွ အကူအညီမ်ားအားလုံးကို ယူကရိန္းရွိ အေမရိကန္သံ႐ုံးမွ Assistance Coordinator (ACOORD) အဖြဲ႕မွတစ္ဆင့္ ေပးပို႔ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါအဖြဲ႕တြင္ ႏိုင္ငံျခားေရးဌာန အႀကီးတန္းအရာရွိတစ္ဦးႏွင့္ ျပည္တြင္း၌ အလုပ္ခန႔္ထားေသာ ဝန္ထမ္းတစ္ဦးသာ ပါဝင္ ေၾကာင္း အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။
OIG ႐ုံး၏ စစ္ေဆးေရးမႉးမ်ားသည္ (၂ဝ၂၂)ခုႏွစ္ ေအာက္တိုဘာလလယ္မွ (၂ဝ၂၃)ခုႏွစ္ မတ္လအေစာပိုင္းၾကားတြင္း ေပးပို႔ခဲ့သည့္ ေငြေၾကးအကူအညီမ်ားႏွင့္ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈမ်ားကို လုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။အေမရိကန္အစိုးရသည္ ႐ုရွားႏွင့္စစ္ပြဲတြင္ ယူကရိန္းအႏိုင္ရရွိရန္အတြက္ ယူကရိန္းအစိုးရ လိုအပ္သမွ်အရာလုံးကို ေထာက္ပံ့ေပးသြားမည္ဟု အႀကိမ္ႀကိမ္ကတိျပဳေျပာဆိုခဲ့သည္။ယခုလအေစာပိုင္းတြင္ အေမရိကန္အစိုးရသည္ ယူကရိန္းကိုေပးပို႔ေသာအကူအညီမ်ားအတြက္ အထူးစုံစမ္းစစ္ေဆးေရးမႉးတစ္ဦးခန႔္အပ္ရန္ ေတာင္းဆိုသည့္ ရီပတ္ဘလစ္ကန္အမတ္မ်ား၏ အဆိုျပဳခ်က္ကို ကန႔္ကြက္ခဲ့ေၾကာင္းသိရသည္။အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္ႏွင့္ အစိုးရတာဝန္ခံ႐ုံး(GAO)တို႔သည္ တာဝန္ယူမႈ၊တာဝန္ခံမႈမ်ားရွိေစရန္ လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း အေမရိကန္အစိုးရကေျပာဆိုခဲ့သည္။