မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုက်ထီးရိုးဘုရား တောင်တက်ကားလမ်းပေါ်၌ မြေနံရံပြိုကျမှုနှင့် စေတီအချို့ ပျက်စီးမှုဖြစ်ပေါ်ခဲ့

3470
မျိုးကြီး (NP News) - ဇူလိုင် ၂၉
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဘုရား တောင်တက်ကားလမ်းပေါ်၌ မြေနံရံ ပြိုကျမှု ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ (ဇူလိုင်လ ၂၉ ရက်) နံနက်ပိုင်း ကျိုက်ထီးရိုးဘုရားတောင်တက်ကားလမ်းပေါ် ရသေ့တောင်အနီး၌ တောင်မြေနံရံပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကားလမ်းဘေးရဲ့ တောင်ကြောမြေသားတွေက အောက်ကို ထိုးဆင်းတာပေါ့။ နံရံက မြေတွေ ထိုးဆင်းတဲ့သဘောပါ။ အဲဒါကိုတော့ ချက်ချင်း ကားလမ်းအဖွဲ့တွေကနေ အကုန်လုံးရှင်းပြီးသွားပါပြီ”ဟု ကျိုက်ထီးရိုးဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှက NP News ကို ပြောသည်။
ထိုသို့ တောင်နံရံပြိုကျမှုကြောင့် (၂)နာရီခန့် ကားလမ်းအား ခေတ္တပိတ်ကာ ရှင်းလင်းမှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။
ထို့ပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်မှ ကျီးကန်းပါးစပ်ဘုရားသို့ သွားသည့်လမ်းပိုင်းတွင်လည်း ဈေးဆိုင်တဲ(၂)လုံး ပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း ဥက္ကဋ္ဌ ဦးစိုးလှက ထပ်မံပြောသည်။
“လူတွေ သေတာတို့၊ ထိခိုက်ဒဏ်ရာတို့ ဘာမှ မရှိပါဘူး။ မိုးက မနေ့က ညနေစောင်းလောက်ကတည်းက ရွာတာ။ အခုလည်း သတင်းပေးနေတဲ့အချိန်မှာ ရွာနေပါတယ်။ ကျီးပါးစပ်ဘက်က သဲဆန်တဲ့ မြေတွေများတယ်လေ။ တဲနှစ်လုံးပြိုတာကလည်း လူသေ၊ လူပျောက် မရှိဘူး” ဟု ၎င်းက ပြောသည်။
ဆက်လက်ပြီး ယနေ့ နေ့လည်ပိုင်းတွင်လည်း ကျိုက်ထီးရိုးဘုရား နယ်မြေရှိ စေတီ(၂)ဆူသည်လည်း ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
“ဒီနေ့ နေ့လည်လောက်မှာ ထပ်ဖြစ်တာက သီဟဆောင်နောက်ကျောကနေ ရိုးရိုးဟိုတယ်အောက်ကနေ ဆင်းသွားရင် အောက်ကိုးနဝင်းစေတီဆိုတာ ရှိတယ်။ အဲဒီမှာ စေတီတစ်ဆူက လုံးဝပြိုကျသွားတယ်။ တစ်ဆူကတော့ ငှက်ပျောဖူးပြတ်ကျသွားတာပေါ့။ အဲဒီအနေအထားလေးတော့ ရှိပါတယ်” ဟု ကျိုက်ထီးရိုးဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌက ဆက်လက်ပြောသည်။
၎င်းအောက်ကိုးနဝင်းစေတီသည် ဘုန်းကြီးကျောင်းများက တည်ထားကိုးကွယ်သော စေတီများဖြစ်ပြီး ကျိုက်ထီးရိုးဘုရား ဂေါပကအဖွဲ့၏ ထိန်းသိမ်းမှုအောက်တွင် မရှိသည့် စေတီများဖြစ်ကြောင်းလည်း ဥက္ကဋ္ဌဦးစိုးလှက ပြောသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အထက်ပါကဲ့သို့ ဖြစ်စဉ်များဖြစ်ပွားခဲ့သော်လည်း ဘုရားဖူးကားများကို ပိတ်ဆို့ထားခြင်း မရှိကြောင်းနှင့် ပုံမှန်အတိုင်း လာရောက်ဘုရားဖူးနိုင်ကြောင်းလည်း ဦးစိုးလှက ပြောသည်။

zawgyi version
မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ က်ိဳက္ထီး႐ိုးဘုရား ေတာင္တက္ကားလမ္းေပၚ၌ ေျမနံရံၿပိဳက်မႈႏွင့္ ေစတီအခ်ိဳ႕ ပ်က္စီးမႈျဖစ္ေပၚခဲ့
မ်ိဳးႀကီး (NP News) - ဇူလိုင္ ၂၉
မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္ရွိ က်ိဳက္ထီး႐ိုးဘုရား ေတာင္တက္ကားလမ္းေပၚ၌ ေျမနံရံ ၿပိဳက်မႈ ျဖစ္ေပၚခဲ့ေၾကာင္း သတင္းရရွိသည္။
ယေန႔ (ဇူလိုင္လ ၂၉ ရက္) နံနက္ပိုင္း က်ိဳက္ထီး႐ိုးဘုရားေတာင္တက္ကားလမ္းေပၚ ရေသ့ေတာင္အနီး၌ ေတာင္ေျမနံရံၿပိဳက်မႈ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကားလမ္းေဘးရဲ႕ ေတာင္ေၾကာေျမသားေတြက ေအာက္ကို ထိုးဆင္းတာေပါ့။ နံရံက ေျမေတြ ထိုးဆင္းတဲ့သေဘာပါ။ အဲဒါကိုေတာ့ ခ်က္ခ်င္း ကားလမ္းအဖြဲ႕ေတြကေန အကုန္လုံးရွင္းၿပီးသြားပါၿပီ”ဟု က်ိဳက္ထီး႐ိုးဘုရားေဂါပကအဖြဲ႕ဥကၠ႒ ဦးစိုးလွက NP News ကို ေျပာသည္။
ထိုသို႔ ေတာင္နံရံၿပိဳက်မႈေၾကာင့္ (၂)နာရီခန႔္ ကားလမ္းအား ေခတၱပိတ္ကာ ရွင္းလင္းမႈမ်ား ျပဳလုပ္ခဲ့ရေၾကာင္း သိရသည္။
ထို႔ျပင္ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ က်ိဳက္ထီး႐ိုးဘုရား ရင္ျပင္ေတာ္မွ က်ီးကန္းပါးစပ္ဘုရားသို႔ သြားသည့္လမ္းပိုင္းတြင္လည္း ေဈးဆိုင္တဲ(၂)လုံး ၿပိဳက်ပ်က္စီးမႈ ျဖစ္ပြားခဲ့ေၾကာင္း ဥကၠ႒ ဦးစိုးလွက ထပ္မံေျပာသည္။
“လူေတြ ေသတာတို႔၊ ထိခိုက္ဒဏ္ရာတို႔ ဘာမွ မရွိပါဘူး။ မိုးက မေန႔က ညေနေစာင္းေလာက္ကတည္းက ႐ြာတာ။ အခုလည္း သတင္းေပးေနတဲ့အခ်ိန္မွာ ႐ြာေနပါတယ္။ က်ီးပါးစပ္ဘက္က သဲဆန္တဲ့ ေျမေတြမ်ားတယ္ေလ။ တဲႏွစ္လုံးၿပိဳတာကလည္း လူေသ၊ လူေပ်ာက္ မရွိဘူး” ဟု ၎က ေျပာသည္။
ဆက္လက္ၿပီး ယေန႔ ေန႔လည္ပိုင္းတြင္လည္း က်ိဳက္ထီး႐ိုးဘုရား နယ္ေျမရွိ ေစတီ(၂)ဆူသည္လည္း ၿပိဳက်ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။
“ဒီေန႔ ေန႔လည္ေလာက္မွာ ထပ္ျဖစ္တာက သီဟေဆာင္ေနာက္ေက်ာကေန ႐ိုး႐ိုးဟိုတယ္ေအာက္ကေန ဆင္းသြားရင္ ေအာက္ကိုးနဝင္းေစတီဆိုတာ ရွိတယ္။ အဲဒီမွာ ေစတီတစ္ဆူက လုံးဝၿပိဳက်သြားတယ္။ တစ္ဆူကေတာ့ ငွက္ေပ်ာဖူးျပတ္က်သြားတာေပါ့။ အဲဒီအေနအထားေလးေတာ့ ရွိပါတယ္” ဟု က်ိဳက္ထီး႐ိုးဘုရားေဂါပကအဖြဲ႕ဥကၠ႒က ဆက္လက္ေျပာသည္။
၎ေအာက္ကိုးနဝင္းေစတီသည္ ဘုန္းႀကီးေက်ာင္းမ်ားက တည္ထားကိုးကြယ္ေသာ ေစတီမ်ားျဖစ္ၿပီး က်ိဳက္ထီး႐ိုးဘုရား ေဂါပကအဖြဲ႕၏ ထိန္းသိမ္းမႈေအာက္တြင္ မရွိသည့္ ေစတီမ်ားျဖစ္ေၾကာင္းလည္း ဥကၠ႒ဦးစိုးလွက ေျပာသည္။
မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ အထက္ပါကဲ့သို႔ ျဖစ္စဥ္မ်ားျဖစ္ပြားခဲ့ေသာ္လည္း ဘုရားဖူးကားမ်ားကို ပိတ္ဆို႔ထားျခင္း မရွိေၾကာင္းႏွင့္ ပုံမွန္အတိုင္း လာေရာက္ဘုရားဖူးႏိုင္ေၾကာင္းလည္း ဦးစိုးလွက ေျပာသည္။