အမေရိကန်ရဲ့စစ်ရေးအကူအညီများက တရုတ်နိုင်ငံ နဲ့ ထိုင်ဝမ်တို့ ပြန်လည်ပေါင်းစည်းရေးကို ဟန့်တားနိုင်မှာမဟုတ်ကြောင်း တရုတ်အစိုးရပြော

1447

ဂျန်ဇက် (NP News) - ဇူလိုင် ၃ဝ
ထိုင်ဝမ်ကို ကူညီပေးနေတဲ့ အမေရိကန်ရဲ့စစ်ရေးအကူအညီများဟာ တရုတ်နိုင်ငံ နဲ့ ထိုင်ဝမ်တို့ ပြန်လည်ပေါင်းစည်းရေးကို ဟန့်တားနိုင်မှာမဟုတ်ကြောင်း တရုတ်နိုင်ငံရဲ့ထိုင်ဝမ်ရေးရာရုံးက ထုတ်ဖော်ပြောလိုက်ပါတယ်။
အမေရိကန်အစိုးရဟာ ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းများကူညီပေးပြီး ထိုင်ဝမ်ကို စစ်လက်နက် ပစ္စည်းများ သိုလှောင်ရာနေရာတစ်ခုဖြစ်အောင် လုပ်ဆောင်နေကြောင်း တရုတ်အစိုးရက ပြောပါတယ်။
အမေရိကန်အစိုးရဟာ ထိုင်ဝမ်ကိုအမေရိကန်ဒေါ်လာ ၃၄၅ သန်းတန်ဖိုးရှိ စစ်ရေးအကူအညီများထပ်မံပေးသွားမယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီးနောက် တရုတ်ဘက်က တုံ့ပြန်ခဲ့တာပါ။
တရုတ်နိုင်ငံရဲ့ထိုင်ဝမ်ရေးရာရုံးက ထိုင်ဝမ်ဟာ တရုတ်နိုင်ငံပိုင်နက်ဖြစ်ပြီး ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းများကူညီပေးခြင်းကို ဆန့်ကျင့်ကြောင်း ဆိုပါတယ်။ ထိုင်ဝမ်ရေးရာရုံးရဲ့ပြောရေးဆိုခွင့်ရှိသူ Chen Binhua က "ထိုင်ဝမ်ခွဲထွက်ရေးအတွက် အမေရိကန်အစိုးရ စစ်လက်နက်ပစ္စည်း ဘယ်လောက်ကူညီပေးပေး ကိစ္စမရှိပါဘူး။ အမေရိကန်ရဲ့လုပ်ရပ်တွေက ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းများ သိုလှောင်ရာနေရာဖြစ်အောင်လုပ်ဆောင်သလို ထိုင်ဝမ်ရေလက်ကြားမှာစစ်ပွဲဖြစ်လာအောင် ခြိမ်းခြောက်နေသလိုမျိုးဖြစ်နေတယ်" လို့ ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ကျူးကျော်မှုများကိုတားဆီးနိုင်အောင် ထိုင်ဝမ်ရဲ့စစ်ရေးစွမ်းရည်အရည်သွေး ပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်ပြီး အမေရိကန်ဒေါ်လာ ၃၄၅ သန်းတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများကူညီပေးသွားမှာဖြစ်ကြောင်း အမေရိကန်အစိုးရက ပြောထားပါတယ်။
ထိုင်ဝမ်ကို ထပ်မံကူညီပေးမယ့် အမေရိကန်ရဲ့စစ်ရေးအကူအညီပေးမှုအစီအစဉ်တွေထဲမှာထောက်လှမ်းရေးပစ္စည်းများ၊ အသေးစားလက်နက်များအတွက်အသုံးပြုမယ့် ကျည်ဆံများ ပါဝင်မှာဖြစ်ကြောင်း၊ အဲဒီစစ်ရေးအကူအညီများကို ပုံမှန်ထက် ပိုမိုစောစွာ ကူညီပေးပို့သွားမှာဖြစ်ကြောင်း အမေရိကန်အစိုးရက ပြောပါတယ်။
အမေရိကန်စစ်ဌာနချုပ်တာဝန်ရှိသူတစ်ဦးက "လက်ရှိအချိန် နဲ့ အနာဂတ်မှာ ထိုင်ဝမ်ကို ကာကွယ်တားဆီးရေးလုပ်ငန်းတွေ ပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်ပါတယ်" လို့ ပြောပါတယ်။အမေရိကန်အစိုးရဟာ ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ ၁၉ ဘီလျံတန်ဖိုးရှိ အက်ဖ် ၁၆ တိုက်လေယာဉ်များနဲ့ စစ်လက်နက်ပစ္စည်းများ ရောင်းချပေးဖို့ မကြာသေးမီက ခွင့်ပြုပေးထားကြောင်း သိရပါတယ်။

Zawgyi Version;
အေမရိကန္ရဲ႕စစ္ေရးအကူအညီမ်ားက တ႐ုတ္ႏိုင္ငံ နဲ႔ ထိုင္ဝမ္တို႔ ျပန္လည္ေပါင္းစည္းေရးကို ဟန႔္တားႏိုင္မွာမဟုတ္ေၾကာင္း တ႐ုတ္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၃ဝ
ထိုင္ဝမ္ကို ကူညီေပးေနတဲ့ အေမရိကန္ရဲ႕စစ္ေရးအကူအညီမ်ားဟာ တ႐ုတ္ႏိုင္ငံ နဲ႔ ထိုင္ဝမ္တို႔ ျပန္လည္ေပါင္းစည္းေရးကို ဟန႔္တားႏိုင္မွာမဟုတ္ေၾကာင္း တ႐ုတ္ႏိုင္ငံရဲ႕ထိုင္ဝမ္ေရးရာ႐ုံးက ထုတ္ေဖာ္ေျပာလိုက္ပါတယ္။
အေမရိကန္အစိုးရဟာ ထိုင္ဝမ္ကို စစ္လက္နက္ပစၥည္းမ်ားကူညီေပးၿပီး ထိုင္ဝမ္ကို စစ္လက္နက္ ပစၥည္းမ်ား သိုေလွာင္ရာေနရာတစ္ခုျဖစ္ေအာင္ လုပ္ေဆာင္ေနေၾကာင္း တ႐ုတ္အစိုးရက ေျပာပါတယ္။
အေမရိကန္အစိုးရဟာ ထိုင္ဝမ္ကိုအေမရိကန္ေဒၚလာ ၃၄၅ သန္းတန္ဖိုးရွိ စစ္ေရးအကူအညီမ်ားထပ္မံေပးသြားမယ္လို႔ သတင္းထုတ္ျပန္ခဲ့ၿပီးေနာက္ တ႐ုတ္ဘက္က တုံ႔ျပန္ခဲ့တာပါ။
တ႐ုတ္ႏိုင္ငံရဲ႕ထိုင္ဝမ္ေရးရာ႐ုံးက ထိုင္ဝမ္ဟာ တ႐ုတ္ႏိုင္ငံပိုင္နက္ျဖစ္ၿပီး ထိုင္ဝမ္ကို စစ္လက္နက္ပစၥည္းမ်ားကူညီေပးျခင္းကို ဆန႔္က်င့္ေၾကာင္း ဆိုပါတယ္။ ထိုင္ဝမ္ေရးရာ႐ုံးရဲ႕ေျပာေရးဆိုခြင့္ရွိသူ Chen Binhua က "ထိုင္ဝမ္ခြဲထြက္ေရးအတြက္ အေမရိကန္အစိုးရ စစ္လက္နက္ပစၥည္း ဘယ္ေလာက္ကူညီေပးေပး ကိစၥမရွိပါဘူး။ အေမရိကန္ရဲ႕လုပ္ရပ္ေတြက ထိုင္ဝမ္ကို စစ္လက္နက္ပစၥည္းမ်ား သိုေလွာင္ရာေနရာျဖစ္ေအာင္လုပ္ေဆာင္သလို ထိုင္ဝမ္ေရလက္ၾကားမွာစစ္ပြဲျဖစ္လာေအာင္ ၿခိမ္းေျခာက္ေနသလိုမ်ိဳးျဖစ္ေနတယ္" လို႔ ေျပာပါတယ္။
တ႐ုတ္ႏိုင္ငံရဲ႕က်ဴးေက်ာ္မႈမ်ားကိုတားဆီးႏိုင္ေအာင္ ထိုင္ဝမ္ရဲ႕စစ္ေရးစြမ္းရည္အရည္ေသြး ပိုမိုေကာင္းမြန္ေစဖို႔ ရည္႐ြယ္ၿပီး အေမရိကန္ေဒၚလာ ၃၄၅ သန္းတန္ဖိုးရွိ စစ္လက္နက္ပစၥည္းမ်ားကူညီေပးသြားမွာျဖစ္ေၾကာင္း အေမရိကန္အစိုးရက ေျပာထားပါတယ္။
ထိုင္ဝမ္ကို ထပ္မံကူညီေပးမယ့္ အေမရိကန္ရဲ႕စစ္ေရးအကူအညီေပးမႈအစီအစဥ္ေတြထဲမွာေထာက္လွမ္းေရးပစၥည္းမ်ား၊ အေသးစားလက္နက္မ်ားအတြက္အသုံးျပဳမယ့္ က်ည္ဆံမ်ား ပါဝင္မွာျဖစ္ေၾကာင္း၊ အဲဒီစစ္ေရးအကူအညီမ်ားကို ပုံမွန္ထက္ ပိုမိုေစာစြာ ကူညီေပးပို႔သြားမွာျဖစ္ေၾကာင္း အေမရိကန္အစိုးရက ေျပာပါတယ္။
အေမရိကန္စစ္ဌာနခ်ဳပ္တာဝန္ရွိသူတစ္ဦးက "လက္ရွိအခ်ိန္ နဲ႔ အနာဂတ္မွာ ထိုင္ဝမ္ကို ကာကြယ္တားဆီးေရးလုပ္ငန္းေတြ ပိုမိုေကာင္းမြန္ေစဖို႔ ရည္႐ြယ္လုပ္ေဆာင္တာျဖစ္ပါတယ္" လို႔ ေျပာပါတယ္။အေမရိကန္အစိုးရဟာ ထိုင္ဝမ္ကို အေမရိကန္ေဒၚလာ ၁၉ ဘီလ်ံတန္ဖိုးရွိ အက္ဖ္ ၁၆ တိုက္ေလယာဥ္မ်ားနဲ႔ စစ္လက္နက္ပစၥည္းမ်ား ေရာင္းခ်ေပးဖို႔ မၾကာေသးမီက ခြင့္ျပဳေပးထားေၾကာင္း သိရပါတယ္။