အလုပ်သမားအဖွဲ့အစည်း အပါအဝင် အလုပ်ရှင်အဖွဲ့အစည်းပေါင်း (၃၀၀၀)ကျော်ကို အသိအမှတ်ပြုလက်မှတ်များထုတ်ပေးထားဟု ဝန်ကြီးဌာန အသိပေး

 563

ယွန်း (NP News) - ဇူလိုင် ၃၁

အလုပ်သမားအဖွဲ့အစည်းများ အပါအဝင် အလုပ်ရှင်အဖွဲ့အစည်းပေါင်း (၃၀၀၀)ကျော်ကို အသိ အမှတ်ပြုလက်မှတ်များ ထုတ်ပေးထားပြီးဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

အလုပ်သမားဝန်ကြီးဌာနက ယနေ့(ဇူလိုင်လ ၃၁ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ILO အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ILO Convention No.87 ပါသည့် အသင်း အဖွဲ့များ လွတ်လပ်စွာဖွဲ့စည်းခွင့်နှင့် လွတ်လပ်စွာစည်းရုံးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အား လိုက်နာအကောင်အထည်ဖော်‌ဆောင်ရွက်မှုအဖြစ် ၂၀၁၁ ခုနှစ် အလုပ်သမား အဖွဲ့အစည်း ဥပဒေကို ရေးဆွဲပြဋ္ဌာန်းထားပြီး ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ(၁၁)ရက်တွင် ပြဋ္ဌာန်းခဲ့သော အလုပ်သမားအဖွဲ့အစည်းနည်းဥပဒေ ၁၅၊ နည်းဥပဒေခွဲ(က)နှင့် (ခ)တို့တွင်ပါရှိသည့် သက်မှတ်ပြဋ္ဌာန်းချက်နှင့် ကိုက်ညီမှန်ကန်ပါက အလုပ်ရှင်နှင့် အလုပ်သမားအဖွဲ့အစည်းများကို လွတ်လပ်စွာဖွဲ့စည်း ဆောင်ရွက်ခွင့်ပြုကြောင်း ဝန်ကြီးဌာနမှ အသိပေးထားသည်။

၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကိုက်ညီပြည့်စုံပြီး လက်ရှိတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားရေးရာအဖွဲ့နှင့် အလုပ်သမားအဖွဲ့ချုပ်၊ အလုပ်ရှင်အဖွဲ့ချုပ်များသည် ဥပဒေနှင့်အညီ လွတ်လပ်စွာဖွဲ့စည်းမှု၊ စည်းရုံးမှုများကို ပြုလုပ်နေကြောင်း သိရသည်။

ထို့ပြင် တိုင်းဒေသကြီး/ပြည်နယ် အလုပ်သမားအဖွဲ့အစည်း (၂၅)ဖွဲ့၊ မြို့နယ်အလုပ်ရှင်အဖွဲ့အစည်း (၁)ဖွဲ့၊ မြို့နယ်အလုပ်သမားအဖွဲ့အစည်း (၁၅၆)ဖွဲ့၊ အခြေခံအလုပ်ရှင်အဖွဲ့အစည်း (၂၆)ဖွဲ့၊ အခြေခံအလုပ်သမားအဖွဲ့အစည်း (၂၈၂၄)ဖွဲ့တို့ကိုလည်း ၂၀၁၁ ခုနှစ်၊ အလုပ်သမား အဖွဲ့အစည်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့အစည်းဥပဒေ ပြဋ္ဌာန်းပြီးချိန်မှစ၍ ယနေ့အထိ အလုပ်သမားအဖွဲ့အစည်း၊ အလုပ်ရှင်အဖွဲ့အစည်း စုစုပေါင်း(၃၀၄၃)ဖွဲ့အား အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးထားကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

zawgyi version
အလုပ္သမားအဖြဲ႕အစည္း အပါအဝင္ အလုပ္ရွင္အဖြဲ႕အစည္းေပါင္း (၃၀၀၀)ေက်ာ္ကို အသိအမွတ္ျပဳလက္မွတ္မ်ားထုတ္ေပးထားဟု ဝန္ႀကီးဌာန အသိေပး

ယြန္း (NP News) - ဇူလိုင္ ၃၁

အလုပ္သမားအဖြဲ႕အစည္းမ်ား အပါအဝင္ အလုပ္ရွင္အဖြဲ႕အစည္းေပါင္း (၃၀၀၀)ေက်ာ္ကို အသိ အမွတ္ျပဳလက္မွတ္မ်ား ထုတ္ေပးထားၿပီးျဖစ္ေၾကာင္း အလုပ္သမားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။

အလုပ္သမားဝန္ႀကီးဌာနက ယေန႔(ဇူလိုင္လ ၃၁ ရက္)ထုတ္ ႏိုင္ငံပိုင္သတင္းစာတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံအေနျဖင့္ ILO အဖြဲ႕ဝင္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး ILO Convention No.87 ပါသည့္ အသင္း အဖြဲ႕မ်ား လြတ္လပ္စြာဖြဲ႕စည္းခြင့္ႏွင့္ လြတ္လပ္စြာစည္း႐ုံးခြင့္ဆိုင္ရာ ျပ႒ာန္းခ်က္အား လိုက္နာအေကာင္အထည္ေဖာ္‌ေဆာင္႐ြက္မႈအျဖစ္ ၂၀၁၁ ခုႏွစ္ အလုပ္သမား အဖြဲ႕အစည္း ဥပေဒကို ေရးဆြဲျပ႒ာန္းထားၿပီး ျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ၂၀၁၁ ခုႏွစ္၊ ေအာက္တိုဘာလ(၁၁)ရက္တြင္ ျပ႒ာန္းခဲ့ေသာ အလုပ္သမားအဖြဲ႕အစည္းနည္းဥပေဒ ၁၅၊ နည္းဥပေဒခြဲ(က)ႏွင့္ (ခ)တို႔တြင္ပါရွိသည့္ သက္မွတ္ျပ႒ာန္းခ်က္ႏွင့္ ကိုက္ညီမွန္ကန္ပါက အလုပ္ရွင္ႏွင့္ အလုပ္သမားအဖြဲ႕အစည္းမ်ားကို လြတ္လပ္စြာဖြဲ႕စည္း ေဆာင္႐ြက္ခြင့္ျပဳေၾကာင္း ဝန္ႀကီးဌာနမွ အသိေပးထားသည္။

၂၀၁၁ ခုႏွစ္၊ အလုပ္သမားအဖြဲ႕အစည္းဥပေဒ၊ နည္းဥပေဒမ်ားႏွင့္အညီ ကိုက္ညီျပည့္စုံၿပီး လက္ရွိတြင္ ျမန္မာႏိုင္ငံလုံးဆိုင္ရာအလုပ္သမားေရးရာအဖြဲ႕ႏွင့္ အလုပ္သမားအဖြဲ႕ခ်ဳပ္၊ အလုပ္ရွင္အဖြဲ႕ခ်ဳပ္မ်ားသည္ ဥပေဒႏွင့္အညီ လြတ္လပ္စြာဖြဲ႕စည္းမႈ၊ စည္း႐ုံးမႈမ်ားကို ျပဳလုပ္ေနေၾကာင္း သိရသည္။

ထို႔ျပင္ တိုင္းေဒသႀကီး/ျပည္နယ္ အလုပ္သမားအဖြဲ႕အစည္း (၂၅)ဖြဲ႕၊ ၿမိဳ႕နယ္အလုပ္ရွင္အဖြဲ႕အစည္း (၁)ဖြဲ႕၊ ၿမိဳ႕နယ္အလုပ္သမားအဖြဲ႕အစည္း (၁၅၆)ဖြဲ႕၊ အေျခခံအလုပ္ရွင္အဖြဲ႕အစည္း (၂၆)ဖြဲ႕၊ အေျခခံအလုပ္သမားအဖြဲ႕အစည္း (၂၈၂၄)ဖြဲ႕တို႔ကိုလည္း ၂၀၁၁ ခုႏွစ္၊ အလုပ္သမား အဖြဲ႕အစည္းဥပေဒ၊ နည္းဥပေဒမ်ားႏွင့္အညီ အသိအမွတ္ျပဳလက္မွတ္မ်ား ထုတ္ေပးထားၿပီးျဖစ္ေၾကာင္း သိရသည္။

သို႔ျဖစ္၍ ၂၀၁၁ ခုႏွစ္၊ အလုပ္သမားအဖြဲ႕အစည္းဥပေဒ ျပ႒ာန္းၿပီးခ်ိန္မွစ၍ ယေန႔အထိ အလုပ္သမားအဖြဲ႕အစည္း၊ အလုပ္ရွင္အဖြဲ႕အစည္း စုစုေပါင္း(၃၀၄၃)ဖြဲ႕အား အသိအမွတ္ျပဳလက္မွတ္မ်ား ထုတ္ေပးထားေၾကာင္း အလုပ္သမားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.