NCA အဖွဲ့များအနက် လက်နက်ကိုင်(၃)ဖွဲ့သည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို အချိန်မရွေးဖျက်ဆီးလာနိုင်ဟု တပ်မတော် သတိပေး

10682
မျိုးကြီး (NP News) - သြဂုတ် ၂
NCA ရေးထိုးထားသည့်အဖွဲ့များအနက် လက်နက်ကိုင်(၃)ဖွဲ့သည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို အချိန်မရွေးဖျက်ဆီးလာနိုင်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခုရက်ပိုင်းအတွင်း နေပြည်တော်၌ ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးတွင် အထက်ပါကဲ့သို့ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)သည် အစိုးရနှင့် EAO များအကြား၊ နိုင်ငံတကာအဖွဲ့အစည်းများအကြားထားရှိခဲ့သော ကတိကဝတ်များပင်ဖြစ် ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)သည် ယခု ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ဇူလိုင်လ ၂၇ ရက်အထိ NCA လက်မှတ်ရေးထိုးထားသော အဖွဲ့ (၇)ဖွဲ့၊ ရေးထိုးခြင်းမရှိသေးသည့်အဖွဲ့ (၃)ဖွဲ့တို့နှင့် ဆွေးနွေးမှုပေါင်း (၂၂)ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့များအနက် KNU/KNLA-PC၊ PNLO၊ DKBA၊ LDU၊ ALP၊ NMSP နှင့် RCSS အဖွဲ့တို့သည် နစကနှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးလျက်ရှိသည်။
သို့သော် NCA ရေးထိုးသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) လက်နက်ကိုင်အဖွဲ့တို့သည် နစကနှင့် တွေ့ဆုံဆွေးနွေးခြင်းမရှိသည့်အပြင် တပ်မတော်နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့များအနက် လက်နက်ကိုင်အဖွဲ့(၃)ဖွဲ့သည် အကြောင်း ပြချက်အချို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်တက်ရောက်ဆွေးနွေးမှု မရှိကြောင်းတွေ့ရှိရသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကာလုံအစည်းအဝေး၌ ထည့်သွင်းပြောကြားခဲ့သည်။
၎င်းအဖွဲ့များအနေဖြင့် တိုင်းပြည်၏ တည်ငြိမ်အေးချမ်းရေးကို အချိန်မရွေးနှောင့်ယှက်ဖျက်ဆီးမှုများ ဆောင်ရွက်လာနိုင်သည်ကိုလည်း သတိပြုမိစေလိုကြောင်းနှင့် လက်ရှိတွင်လည်း ၎င်းအဖွဲ့များသည် အကြမ်းဖက်တိုက်ခိုက်မှုများ ဆောင်ရွက်နေကြောင်း တပ်ချုပ်က ပြောသည်။
ထို့ပြင် ငြိမ်းချမ်းရေးဆွေးနွေးမှုတိုင်း၌ တက်ရောက်ဆွေးနွေးခဲ့သော အဖွဲ့များ၏ လိုလား ချက်၊ ဆွေးနွေးချက်၊ ဆုံးဖြတ်ချက်များကိုလည်း စနစ်တကျစုစည်းထားရှိကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အရှိန်မပျက်ဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နေထိုင်သော တိုင်းရင်းသားများအနေဖြင့် ဆန္ဒနှင့်လိုလားချက်များကို လက်နက်ကိုင်တောင်းဆိုနေ၍ မရဘဲ ဒီမိုကရေစီစံနှုန်းနှင့်အညီ ပေါင်းစပ်ညှိနှိုင်းကာ ဆွေးနွေးဆုံးဖြတ်ဆောင်ရွက်သွားရမည်ဟု တပ်ချုပ်က ပြောသည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းကာ ဖွံ့ဖြိုးတိုးတက်စေလိုသော စိတ်ဆန္ဒရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဆွေးနွေးရန် အစဉ်အမြဲတံခါးဖွင့်ထားသည်ဟုလည်း ၎င်းက ထပ်မံဖိတ်ခေါ်ခဲ့သည်။

zawgyi version
NCA အဖြဲ႕မ်ားအနက္ လက္နက္ကိုင္(၃)ဖြဲ႕သည္ တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းေရးကို အခ်ိန္မေ႐ြးဖ်က္ဆီးလာႏိုင္ဟု တပ္မေတာ္ သတိေပး
မ်ိဳးႀကီး (NP News) - ၾသဂုတ္ ၂
NCA ေရးထိုးထားသည့္အဖြဲ႕မ်ားအနက္ လက္နက္ကိုင္(၃)ဖြဲ႕သည္ တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းေရးကို အခ်ိန္မေ႐ြးဖ်က္ဆီးလာႏိုင္ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေျပာသည္။
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယခုရက္ပိုင္းအတြင္း ေနျပည္ေတာ္၌ က်င္းပသည့္ အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ သတိေပးေျပာၾကားခဲ့ျခင္းျဖစ္သည္။
တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA)သည္ အစိုးရႏွင့္ EAO မ်ားအၾကား၊ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားအၾကားထားရွိခဲ့ေသာ ကတိကဝတ္မ်ားပင္ျဖစ္ ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေျပာသည္။
ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္ ဦးေဆာင္ေသာ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈညႇိႏႈိင္းေရးေကာ္မတီ(NSPNC)သည္ ယခု ၂၀၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္မွ ဇူလိုင္လ ၂၇ ရက္အထိ NCA လက္မွတ္ေရးထိုးထားေသာ အဖြဲ႕ (၇)ဖြဲ႕၊ ေရးထိုးျခင္းမရွိေသးသည့္အဖြဲ႕ (၃)ဖြဲ႕တို႔ႏွင့္ ေဆြးေႏြးမႈေပါင္း (၂၂)ႀကိမ္ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
NCA လက္မွတ္ေရးထိုးထားသည့္ လက္နက္ကိုင္အဖြဲ႕မ်ားအနက္ KNU/KNLA-PC၊ PNLO၊ DKBA၊ LDU၊ ALP၊ NMSP ႏွင့္ RCSS အဖြဲ႕တို႔သည္ နစကႏွင့္ ၿငိမ္းခ်မ္းေရးေတြ႕ဆုံေဆြးေႏြးလ်က္ရွိသည္။
သို႔ေသာ္ NCA ေရးထိုးသည့္ ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU)၊ ခ်င္းအမ်ိဳးသားတပ္ဦး (CNF)ႏွင့္ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ားဒီမိုကရက္တစ္တပ္ဦး(ABSDF) လက္နက္ကိုင္အဖြဲ႕တို႔သည္ နစကႏွင့္ ေတြ႕ဆုံေဆြးေႏြးျခင္းမရွိသည့္အျပင္ တပ္မေတာ္ႏွင့္ ထိေတြ႕တိုက္ပြဲမ်ား ျဖစ္ပြားလ်က္ရွိသည္။
NCA လက္မွတ္ေရးထိုးထားသည့္အဖြဲ႕မ်ားအနက္ လက္နက္ကိုင္အဖြဲ႕(၃)ဖြဲ႕သည္ အေၾကာင္း ျပခ်က္အခ်ိဳ႕ႏွင့္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲမ်ားတြင္ ပါဝင္တက္ေရာက္ေဆြးေႏြးမႈ မရွိေၾကာင္းေတြ႕ရွိရသည္ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ကာလုံအစည္းအေဝး၌ ထည့္သြင္းေျပာၾကားခဲ့သည္။
၎အဖြဲ႕မ်ားအေနျဖင့္ တိုင္းျပည္၏ တည္ၿငိမ္ေအးခ်မ္းေရးကို အခ်ိန္မေ႐ြးေႏွာင့္ယွက္ဖ်က္ဆီးမႈမ်ား ေဆာင္႐ြက္လာႏိုင္သည္ကိုလည္း သတိျပဳမိေစလိုေၾကာင္းႏွင့္ လက္ရွိတြင္လည္း ၎အဖြဲ႕မ်ားသည္ အၾကမ္းဖက္တိုက္ခိုက္မႈမ်ား ေဆာင္႐ြက္ေနေၾကာင္း တပ္ခ်ဳပ္က ေျပာသည္။
ထို႔ျပင္ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈတိုင္း၌ တက္ေရာက္ေဆြးေႏြးခဲ့ေသာ အဖြဲ႕မ်ား၏ လိုလား ခ်က္၊ ေဆြးေႏြးခ်က္၊ ဆုံးျဖတ္ခ်က္မ်ားကိုလည္း စနစ္တက်စုစည္းထားရွိကာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို အရွိန္မပ်က္ေဆာင္႐ြက္ႏိုင္ရန္ စီစဥ္ထားေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံတြင္ ေနထိုင္ေသာ တိုင္းရင္းသားမ်ားအေနျဖင့္ ဆႏၵႏွင့္လိုလားခ်က္မ်ားကို လက္နက္ကိုင္ေတာင္းဆိုေန၍ မရဘဲ ဒီမိုကေရစီစံႏႈန္းႏွင့္အညီ ေပါင္းစပ္ညႇိႏႈိင္းကာ ေဆြးေႏြးဆုံးျဖတ္ေဆာင္႐ြက္သြားရမည္ဟု တပ္ခ်ဳပ္က ေျပာသည္။
ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းကာ ဖြံ႕ၿဖိဳးတိုးတက္ေစလိုေသာ စိတ္ဆႏၵရွိသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားကို ၿငိမ္းခ်မ္းေရးေဆြးေႏြးရန္ အစဥ္အၿမဲတံခါးဖြင့္ထားသည္ဟုလည္း ၎က ထပ္မံဖိတ္ေခၚခဲ့သည္။