ဒုက္ခသည်များ နေရပ်ပြန်ရေး သုံးနိုင်ငံပါ၀င်သည့်လုပ်ငန်းစဉ် အမြန်ဆုံး စတင်ရန်ရှိပြီး သင့်လျော်သော အချိန်ရှာဖွေနေဟု ဒါကာပြော

 728

Htay Oung (NP News) - ဩဂုတ် ၄

ဘင်္ဂလားဒေ့ရှ်၊ မြန်မာ နဲ့ တရုတ်နိုင်ငံတို့ပါ၀င်တဲ့ သုံးနိုင်ငံ လုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဒုက္ခသည် ဘင်္ဂါလီများ နေရပ်ပြန်ရေး စတင်ရန် သင့်လျော်တဲ့အချိန်ကို ရှာဖွေနေဆဲဖြစ်ကြောင်း၊ တရုတ်နိုင်ငံက ကြားဝင် ဆောင်ရွက်ပေးနေတဲ့ အဲဒီအစီအစဉ်မှာ ပါ၀င်ပတ် သက်သူအားလုံးအတွက် အဆင်ပြေမယ့်နေ့ကို ရှာဖွေနေကြောင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံခြား ရေး၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ကြာသပတေးနေ့ ရက်သတ္တပတ် မီဒီယာတွေ့ဆုံပွဲမှာ မှတ်ချက်ပေးတယ်လို့ Dhaka Tribune က ယနေ့(ဩဂုတ်လ ၄ ရက်)မှာ ရေးသားပါတယ်။

လုပ်ငန်းစဉ်တွေကို အမြန်ဆုံး စတင်ဆောင်ရွက်သွားဖို့ ရှိနေတယ်လို့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

ရခိုင်ပြည်နယ်ကအတွင်း အခြေအနေတွေဟာ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ အဆင်မပြေတာကြောင့် လုပ်ငန်းစဉ်တွေ ရပ်ဆိုင်းဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက တောင်းဆိုနေခိုက် ဒါကာက အခုလို မှတ်ချက်ပေးလိုက်ခြင်းဖြစ်ပါတယ်။

ဘင်္ဂါလီတို့ကို ရခိုင်ပြည်နယ်နေရပ်အသီးသီးထံ ပြန်ပို့နိုင်ရေးအတွက် တရုတ်နိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာတို့နဲ့အတူ သုံးနိုင်ငံလုပ်ငန်းစဉ်မှာ ပါ၀င်လျက်ရှိပါတယ်။

နိုင်ငံသားဖြစ်ခွင့်နဲ့ ရခိုင်ပြည်နယ်မှာ ဘေးကင်းလုံခြုံမှုအတွက် အာမခံချက်မရှိပဲ မပြန်နိုင်ဘူးလို့ ဘင်္ဂါလီတွေက ပြောနေပါတယ်။

စိစစ်ထားတဲ့ ဘင်္ဂါလီ ၁,၁၇၆ ဦးစာရင်းမှ အချို့ကို စတင်ပြန်ပို့ရန် ကြိုးပမ်းမှုများ ရှိခဲ့ပါတယ်။ အဲဒီအထဲက အချို့လည်း ရခိုင်ပြည်နယ်ကို သွားရောက်ပြီး အခြေအနေတွေကို လေ့လာကြည့်ရှုခဲ့ကြပါတယ်။

ကုလသမဂ္ဂ အေဂျင်စီတွေ နဲ့ အနောက်နိုင်ငံအချို့ကလည်း ဘင်္ဂါလီတွေ မြန်မာနိုင်ငံကို ပြန်ဖို့ အခြေအနေ အဆင်မပြေဘူးလို့ ပြောနေကြပါတယ်။

တရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးသံတမန် တိန့်ရှီကျန်ဟာ ဇူလိုင်လ ၃၀ ရက်မှ သြဂုတ်လ ၁ ရက်အထိ ဒါကာမြို့ကို ရောက်ရှိလာခဲ့ပြီး ဒုက္ခသည်ဘင်္ဂါလီအရေးကိစ္စအတွက် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေကေ အဗ္ဗဒူလ်မိုမန်၊ နိုင်ငံခြာရေးဌာန အမြဲတမ်းအတွင်း၀န် မာဆွတ်ဘင်မိုမန်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။ ဒါပေမယ့် အဲဒီ ခရီးစဉ်နဲ့ပတ်သက်လို့ နှစ်ဘက်လုံးက တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိခဲ့ပါဘူး။

တွေ့ဆုံပွဲအတွင်း ဘင်္ဂလားဒေ့ရှ်-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးဆိုင်ရာ ကဏ္ဍပေါင်းစုံနဲ့ ဘင်္ဂါလီများ ဘေးအန္တရာယ်ကင်းရှင်းပြီး ရေရှည်တည်တံ့တဲ့ ဆန္ဒအလျောက် နေရပ်ပြန်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

တရုတ် အထူးသံတမန် တိန့်ရှီကျန်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်တုန်းကလည်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ရောက်လာခဲ့ပြီး ဘင်္ဂါလီများ နေရပ်ပြန်ပို့ရေးကိစ္စကို ဆွေးနွေးခဲ့ဖူးပါတယ်။

(Dhaka Tribune., 4 August 2023,” Trilateral process finding suitable time to start Rohingya repatriation” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version
ဒုကၡသည္မ်ား ေနရပ္ျပန္ေရး သုံးႏိုင္ငံပါ၀င္သည့္လုပ္ငန္းစဥ္ အျမန္ဆုံး စတင္ရန္ရွိၿပီး သင့္ေလ်ာ္ေသာ အခ်ိန္ရွာေဖြေနဟု ဒါကာေျပာ
Htay Oung (NP News) - ဩဂုတ္ ၄

ဘဂၤလားေဒ့ရွ္၊ ျမန္မာ နဲ႔ တ႐ုတ္ႏိုင္ငံတို႔ပါ၀င္တဲ့ သုံးႏိုင္ငံ လုပ္ငန္းစဥ္ရဲ႕ တစ္စိတ္တစ္ပိုင္းအျဖစ္ ဒုကၡသည္ ဘဂၤါလီမ်ား ေနရပ္ျပန္ေရး စတင္ရန္ သင့္ေလ်ာ္တဲ့အခ်ိန္ကို ရွာေဖြေနဆဲျဖစ္ေၾကာင္း၊ တ႐ုတ္ႏိုင္ငံက ၾကားဝင္ ေဆာင္႐ြက္ေပးေနတဲ့ အဲဒီအစီအစဥ္မွာ ပါ၀င္ပတ္ သက္သူအားလုံးအတြက္ အဆင္ေျပမယ့္ေန႔ကို ရွာေဖြေနေၾကာင္း ဘဂၤလားေဒ့ရ္ွႏိုင္ငံျခား ေရး၀န္ႀကီးဌာန ေျပာခြင့္ရပုဂၢိဳလ္က ၾကာသပေတးေန႔ ရက္သတၱပတ္ မီဒီယာေတြ႕ဆုံပြဲမွာ မွတ္ခ်က္ေပးတယ္လို႔ Dhaka Tribune က ယေန႔(ဩဂုတ္လ ၄ ရက္)မွာ ေရးသားပါတယ္။

လုပ္ငန္းစဥ္ေတြကို အျမန္ဆုံး စတင္ေဆာင္႐ြက္သြားဖို႔ ရွိေနတယ္လို႔ ေျပာခြင့္ရပုဂၢိဳလ္က ဆိုပါတယ္။

ရခိုင္ျပည္နယ္ကအတြင္း အေျခအေနေတြဟာ ဒုကၡသည္ေတြ ေနရပ္ျပန္ဖို႔ အဆင္မေျပတာေၾကာင့္ လုပ္ငန္းစဥ္ေတြ ရပ္ဆိုင္းဖို႔ ႏိုင္ငံတကာအသိုင္းအဝိုင္းက ေတာင္းဆိုေနခိုက္ ဒါကာက အခုလို မွတ္ခ်က္ေပးလိုက္ျခင္းျဖစ္ပါတယ္။

ဘဂၤါလီတို႔ကို ရခိုင္ျပည္နယ္ေနရပ္အသီးသီးထံ ျပန္ပို႔ႏိုင္ေရးအတြက္ တ႐ုတ္ႏိုင္ငံဟာ ဘဂၤလားေဒ့ရွ္-ျမန္မာတို႔နဲ႔အတူ သုံးႏိုင္ငံလုပ္ငန္းစဥ္မွာ ပါ၀င္လ်က္ရွိပါတယ္။

ႏိုင္ငံသားျဖစ္ခြင့္နဲ႔ ရခိုင္ျပည္နယ္မွာ ေဘးကင္းလုံၿခဳံမႈအတြက္ အာမခံခ်က္မရွိပဲ မျပန္ႏိုင္ဘူးလို႔ ဘဂၤါလီေတြက ေျပာေနပါတယ္။

စိစစ္ထားတဲ့ ဘဂၤါလီ ၁,၁၇၆ ဦးစာရင္းမွ အခ်ိဳ႕ကို စတင္ျပန္ပို႔ရန္ ႀကိဳးပမ္းမႈမ်ား ရွိခဲ့ပါတယ္။ အဲဒီအထဲက အခ်ိဳ႕လည္း ရခိုင္ျပည္နယ္ကို သြားေရာက္ၿပီး အေျခအေနေတြကို ေလ့လာၾကည့္ရႈခဲ့ၾကပါတယ္။

ကုလသမဂၢ ေအဂ်င္စီေတြ နဲ႔ အေနာက္ႏိုင္ငံအခ်ိဳ႕ကလည္း ဘဂၤါလီေတြ ျမန္မာႏိုင္ငံကို ျပန္ဖို႔ အေျခအေန အဆင္မေျပဘူးလို႔ ေျပာေနၾကပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ အာရွေရးရာ အထူးသံတမန္ တိန္႔ရွီက်န္ဟာ ဇူလိုင္လ ၃၀ ရက္မွ ၾသဂုတ္လ ၁ ရက္အထိ ဒါကာၿမိဳ႕ကို ေရာက္ရွိလာခဲ့ၿပီး ဒုကၡသည္ဘဂၤါလီအေရးကိစၥအတြက္ ႏိုင္ငံျခားေရးဝန္ႀကီး ေဒါက္တာ ေအေက အဗၺဒူလ္မိုမန္၊ ႏိုင္ငံျခာေရးဌာန အၿမဲတမ္းအတြင္း၀န္ မာဆြတ္ဘင္မိုမန္တို႔နဲ႔ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရွိရပါတယ္။ ဒါေပမယ့္ အဲဒီ ခရီးစဥ္နဲ႔ပတ္သက္လို႔ ႏွစ္ဘက္လုံးက တရားဝင္ သတင္းထုတ္ျပန္ျခင္း မရွိခဲ့ပါဘူး။

ေတြ႕ဆုံပြဲအတြင္း ဘဂၤလားေဒ့ရွ္-တ႐ုတ္ ႏွစ္ႏိုင္ငံ ဆက္ဆံေရးဆိုင္ရာ က႑ေပါင္းစုံနဲ႔ ဘဂၤါလီမ်ား ေဘးအႏၲရာယ္ကင္းရွင္းၿပီး ေရရွည္တည္တံ့တဲ့ ဆႏၵအေလ်ာက္ ေနရပ္ျပန္ေရးကိစၥရပ္ေတြကို ေဆြးေႏြးခဲ့တယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူက ဆိုပါတယ္။

တ႐ုတ္ အထူးသံတမန္ တိန္႔ရွီက်န္ဟာ ၿပီးခဲ့တဲ့ ဧၿပီလ ၆ ရက္တုန္းကလည္း ဘဂၤလားေဒ့ရ္ွႏိုင္ငံကို ေရာက္လာခဲ့ၿပီး ဘဂၤါလီမ်ား ေနရပ္ျပန္ပို႔ေရးကိစၥကို ေဆြးေႏြးခဲ့ဖူးပါတယ္။

(Dhaka Tribune., 4 August 2023,” Trilateral process finding suitable time to start Rohingya repatriation” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.