သီးနှံများ တင်ဆောင်လာသော ကားဖြင့်ခိုးဝင်လာသည့် မြန်မာနိုင်ငံသား (၅၃)ဦးကို ဖမ်းဆီးခဲ့ဟု ထိုင်းရဲတပ်ဖွဲ့ပြော

 2156

ဂျန်ဇက် (NP News) - ဩဂုတ် ၅

ထိုင်းနိုင်ငံ၊ တာ့ခ်ပြည်နယ်၊ မဲဆောက် နယ်စပ်မြို့အထွက် Huai Hin Fon ဘန်ဟွေဟင်ဖွန် စစ်ဆေးရေးဂိတ်တွင် သြဂုတ်လ ၃ ရက်၊ ည ၁၁ နာရီကျော်က ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းသော မြန်မာနိုင်ငံသား ၅၃ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များကပြောသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့ရဲတပ်ဖွဲ့၊ မဲဆောက်လူဝင်မှုကြီးကြပ်ရေး အဖွဲ့ဝင်များ၊ လုံခြုံရေးအဖွဲ့ဝင်များသည် Huai Hin Fon စစ်ဆေးရေးဂိတ်တွင် စစ်ဆေးရှာဖွေချိန်အတွင်း စိုက်ပျိုးလယ်ယာ ထွက်ကုန်သီးနှံများ တင်ဆောင်လာသည့် 72-7815 တပ်ဆင်ထားသည့် ၆ ဘီးတပ်ကုန်တင်ယာဉ်ပေါ်တွင် စိုက်ပျိုးရေးထုတ် ကုန်၊ သီးနှံများနှင့်အတူလိုက်ပါလာသော မြန်မာနိုင်ငံသား ၅၃ ဦးကို ရှာဖွေတွေ့ရှိဖမ်းမိခဲ့ခြင်းဖြစ်ကြာင်းသိရသည်။

မဲဆောက်မြို့မှ ဘန်ကောက်မြို့သို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းသော မြန်မာနိုင်ငံသားများကို ပို့ဆောင်မည်ဆိုသော သတင်းကိုလက်ခံရရှိခဲ့ပြီးနောက် မဲဆောက်မြို့ရဲတပ်ဖွဲ့ နှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့တာဝန်ရှိသူများသည် ကားကိုစစ်ဆေးချိန်အတွင်း ကားနောက်ခန်းရှိ ဆလပ်ရွက်များအောက် ပုန်း အောင်းနေသည့် မြန်မာနိုင်ငံသား ၅၃ ဦးကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း မဲဆောက်မြို့ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိခဲ့သူများထဲမှအချို့သည် မြဝတီမြို့ရှိအာဏာပိုင်များက ထုတ်ပေးထားသော နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်များကိုင်ဆောင်ထားပြီး မြဝတီမြို့မှနယ်စပ်ချစ်ကြည်ရေးတံတားကိုဖြတ်သန်းကာ မဲဆောက်မြို့သို့ ဝင်ရောက်လာသူများဖြစ်ကြောင်း၊ အခြား မြန်မာနိုင်ငံသား ၃၀ ကျော်သည် တရားဝင် စာရွက်စာတမ်းအထောက်အထားများ မရှိကြောင်း မဲဆောက်မြို့ရဲတပ်ဖွဲ့ကပြောသည်။ အဆိုပါမြန်မာနိုင်ငံသားအားလုံးကို ထိုင်းနိုင်ငံအတွင်းသို့တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းမှုဖြင့်
ဖမ်းဆီးခဲ့ပြီး ထပ်မံစစ်ဆေးရန်အတွက် မဲဆောက်မြို့ လူဝင်မှုကြီးကြပ်ရေးဌာနသို့လွှဲပြောင်းပေးခဲ့ကြောင်းသိရသည်။

ယာဉ်မောင်းဖြစ်သူ ထိုင်းနိုင်ငံသား Mr. Sakarin က၎င်းအနေဖြင့် ကားထဲတွင်မြန်မာနိုင်ငံသားများ ရှိနေခြင်းကိုမသိရှိကြောင်း၊ ဘန်ကောက်မြို့သို့ကားမောင်းပေးရန်အတွက် ထိုင်းဘတ် ၁၀၀၀၀ ဖြင့် ငှားရမ်းခံရခြင်းဖြစ်ကြောင်းထွက်ဆိုထားသည်။ သို့သော်လည်း မဲဆောက်မြို့ရဲတပ်ဖွဲ့သည် အသက် ၃၇နှစ်အရွယ်ရှိ ကားမောင်းသမား၏ ထွက်ဆိုချက်များကို ယုံကြည်ခြင်းမရှိဘဲ ထိုင်းနိုင်ငံအတွင်းသို့ နိုင်ငံခြား သားများ တရားမဝင် ပို့ဆောင်ပေးရန်ကြိုးပမ်းမှုဖြင့် စွဲချက်တင်သွားဖွယ်ရှိနေကြောင်း သတင်းထုတ်ပြန်ထားသည်။

zawgyi version
သီးႏွံမ်ား တင္ေဆာင္လာေသာ ကားျဖင့္ခိုးဝင္လာသည့္ ျမန္မာႏိုင္ငံသား (၅၃)ဦးကို ဖမ္းဆီးခဲ့ဟု ထိုင္းရဲတပ္ဖြဲ႕ေျပာ
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၅

ထိုင္းႏိုင္ငံ၊ တာ့ခ္ျပည္နယ္၊ မဲေဆာက္ နယ္စပ္ၿမိဳ႕အထြက္ Huai Hin Fon ဘန္ေဟြဟင္ဖြန္ စစ္ေဆးေရးဂိတ္တြင္ ၾသဂုတ္လ ၃ ရက္၊ ည ၁၁ နာရီေက်ာ္က ထိုင္းႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္ရန္ႀကိဳးပမ္းေသာ ျမန္မာႏိုင္ငံသား ၅၃ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း ထိုင္းအာဏာပိုင္မ်ားကေျပာသည္။

ထိုင္းႏိုင္ငံ မဲေဆာက္ၿမိဳ႕ရဲတပ္ဖြဲ႕၊ မဲေဆာက္လူဝင္မႈႀကီးၾကပ္ေရး အဖြဲ႕ဝင္မ်ား၊ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားသည္ Huai Hin Fon စစ္ေဆးေရးဂိတ္တြင္ စစ္ေဆးရွာေဖြခ်ိန္အတြင္း စိုက္ပ်ိဳးလယ္ယာ ထြက္ကုန္သီးႏွံမ်ား တင္ေဆာင္လာသည့္ 72-7815 တပ္ဆင္ထားသည့္ ၆ ဘီးတပ္ကုန္တင္ယာဥ္ေပၚတြင္ စိုက္ပ်ိဳးေရးထုတ္ ကုန္၊ သီးႏွံမ်ားႏွင့္အတူလိုက္ပါလာေသာ ျမန္မာႏိုင္ငံသား ၅၃ ဦးကို ရွာေဖြေတြ႕ရွိဖမ္းမိခဲ့ျခင္းျဖစ္ၾကာင္းသိရသည္။

မဲေဆာက္ၿမိဳ႕မွ ဘန္ေကာက္ၿမိဳ႕သို႔ တရားမဝင္ ဝင္ေရာက္ရန္ ႀကိဳးပမ္းေသာ ျမန္မာႏိုင္ငံသားမ်ားကို ပို႔ေဆာင္မည္ဆိုေသာ သတင္းကိုလက္ခံရရွိခဲ့ၿပီးေနာက္ မဲေဆာက္ၿမိဳ႕ရဲတပ္ဖြဲ႕ ႏွင့္ လူဝင္မႈႀကီးၾကပ္ေရးအဖြဲ႕တာဝန္ရွိသူမ်ားသည္ ကားကိုစစ္ေဆးခ်ိန္အတြင္း ကားေနာက္ခန္းရွိ ဆလပ္႐ြက္မ်ားေအာက္ ပုန္း ေအာင္းေနသည့္ ျမန္မာႏိုင္ငံသား ၅၃ ဦးကို ဖမ္းမိခဲ့ျခင္းျဖစ္ေၾကာင္း မဲေဆာက္ၿမိဳ႕ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

ဖမ္းဆီးရမိခဲ့သူမ်ားထဲမွအခ်ိဳ႕သည္ ျမဝတီၿမိဳ႕ရွိအာဏာပိုင္မ်ားက ထုတ္ေပးထားေသာ နယ္စပ္ျဖတ္သန္းခြင့္ လက္မွတ္မ်ားကိုင္ေဆာင္ထားၿပီး ျမဝတီၿမိဳ႕မွနယ္စပ္ခ်စ္ၾကည္ေရးတံတားကိုျဖတ္သန္းကာ မဲေဆာက္ၿမိဳ႕သို႔ ဝင္ေရာက္လာသူမ်ားျဖစ္ေၾကာင္း၊ အျခား ျမန္မာႏိုင္ငံသား ၃၀ ေက်ာ္သည္ တရားဝင္ စာ႐ြက္စာတမ္းအေထာက္အထားမ်ား မရွိေၾကာင္း မဲေဆာက္ၿမိဳ႕ရဲတပ္ဖြဲ႕ကေျပာသည္။ အဆိုပါျမန္မာႏိုင္ငံသားအားလုံးကို ထိုင္းႏိုင္ငံအတြင္းသို႔တရားမဝင္ ဝင္ေရာက္ရန္ႀကိဳးပမ္းမႈျဖင့္
ဖမ္းဆီးခဲ့ၿပီး ထပ္မံစစ္ေဆးရန္အတြက္ မဲေဆာက္ၿမိဳ႕ လူဝင္မႈႀကီးၾကပ္ေရးဌာနသို႔လႊဲေျပာင္းေပးခဲ့ေၾကာင္းသိရသည္။

ယာဥ္ေမာင္းျဖစ္သူ ထိုင္းႏိုင္ငံသား Mr. Sakarin က၎အေနျဖင့္ ကားထဲတြင္ျမန္မာႏိုင္ငံသားမ်ား ရွိေနျခင္းကိုမသိရွိေၾကာင္း၊ ဘန္ေကာက္ၿမိဳ႕သို႔ကားေမာင္းေပးရန္အတြက္ ထိုင္းဘတ္ ၁၀၀၀၀ ျဖင့္ ငွားရမ္းခံရျခင္းျဖစ္ေၾကာင္းထြက္ဆိုထားသည္။ သို႔ေသာ္လည္း မဲေဆာက္ၿမိဳ႕ရဲတပ္ဖြဲ႕သည္ အသက္ ၃၇ႏွစ္အ႐ြယ္ရွိ ကားေမာင္းသမား၏ ထြက္ဆိုခ်က္မ်ားကို ယုံၾကည္ျခင္းမရွိဘဲ ထိုင္းႏိုင္ငံအတြင္းသို႔ ႏိုင္ငံျခား သားမ်ား တရားမဝင္ ပို႔ေဆာင္ေပးရန္ႀကိဳးပမ္းမႈျဖင့္ စြဲခ်က္တင္သြားဖြယ္ရွိေနေၾကာင္း သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.