သောင်းရင်းမြစ်ရေသည် နောက်(၂)ရက်အထိ မြဝတီမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးဇလထုတ်ပြန်

730
ယွန်း ( NP News) - သြဂုတ် ၇
သောင်းရင်းမြစ်ရေသည် နောက်(၂)ရက်အထိ မြဝတီမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးဇလမှထုတ်ပြန်ထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့(သြဂုတ်လ ၇ ရက်) ညနေပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်း ဖြစ်သည်။
မိုးဇလ၏ တိုင်းထွာချက်များအရ အဆိုပါသောင်းရင်းမြစ်ရေသည် မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေ မှတ်အထက်သို့ (၃)ပေကျော်ခန့် ကျော်လွန်ရောက်ရှိနေကြောင်း သိရသည်။
ထို့ပြင် ၎င်းမြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထားသည်။
သောင်းရင်းမြစ်ရေမြင့်တက်ခြင်းအပြင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မြဝတီမြို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ယနေ့ (သြဂုတ်လ ၇ ရက်) နံနက်ပိုင်းတွင် မြဝတီ- ကော့ကရိတ် အာရှကားလမ်းတွင် လမ်းပြိုကျမှုများလည်း ဖြစ်ပွားခဲ့သည်။
အလားတူ သံလွင်မြစ်ရေသည်လည်း ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၂)ပေခွဲခန့် ကျော်လွန်နေပြီး နောက်(၂)ရက်အတွင်း အဆိုပါမြစ်ရေသည် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။
ထို့ပြင် စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်(၁)ပေခန့်တွင် ရောက်ရှိနေပြီး နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။
အလားတူ ကုလားတန်မြစ်ရေသည် ကျောက်တော်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၃)ပေခန့်တွင်ရောက်ရှိနေပြီး နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးဇလမှ သတိပေးထုတ်ပြန်ထားသည်။
ထို့ကြောင့် အဆိုပါဒေသများအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းများတွင် နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ရန် မိုးဇလမှ အသိပေးပြောဆိုထားသည်။

zawgyi version
ေသာင္းရင္းျမစ္ေရသည္ ေနာက္(၂)ရက္အထိ ျမဝတီၿမိဳ႕၏ စိုးရိမ္ေရမွတ္အထက္တြင္ ဆက္လက္တည္ရွိႏိုင္ေၾကာင္း မိုးဇလထုတ္ျပန္
ယြန္း ( NP News) - ၾသဂုတ္ ၇
ေသာင္းရင္းျမစ္ေရသည္ ေနာက္(၂)ရက္အထိ ျမဝတီၿမိဳ႕၏ စိုးရိမ္ေရမွတ္အထက္တြင္ ဆက္လက္တည္ရွိႏိုင္ေၾကာင္း မိုးဇလမွထုတ္ျပန္ထားသည္။
မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ယေန႔(ၾသဂုတ္လ ၇ ရက္) ညေနပိုင္းတြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္း ျဖစ္သည္။
မိုးဇလ၏ တိုင္းထြာခ်က္မ်ားအရ အဆိုပါေသာင္းရင္းျမစ္ေရသည္ ျမဝတီၿမိဳ႕တြင္ ယင္းၿမိဳ႕၏ စိုးရိမ္ေရ မွတ္အထက္သို႔ (၃)ေပေက်ာ္ခန႔္ ေက်ာ္လြန္ေရာက္ရွိေနေၾကာင္း သိရသည္။
ထို႔ျပင္ ၎ျမစ္ေရသည္ ေနာက္(၂)ရက္အတြင္း ယင္းၿမိဳ႕၏ စိုးရိမ္ေရမွတ္အထက္တြင္ ဆက္လက္တည္ရွိႏိုင္ေၾကာင္း မိုးဇလမွ ခန႔္မွန္းထားသည္။
ေသာင္းရင္းျမစ္ေရျမင့္တက္ျခင္းအျပင္ မိုးသည္းထန္စြာ႐ြာသြန္းမႈမ်ားေၾကာင့္ ျမဝတီၿမိဳ႕တြင္ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ပြားခဲ့ၿပီး ယေန႔ (ၾသဂုတ္လ ၇ ရက္) နံနက္ပိုင္းတြင္ ျမဝတီ- ေကာ့ကရိတ္ အာရွကားလမ္းတြင္ လမ္းၿပိဳက်မႈမ်ားလည္း ျဖစ္ပြားခဲ့သည္။
အလားတူ သံလြင္ျမစ္ေရသည္လည္း ဘားအံၿမိဳ႕တြင္ ယင္းၿမိဳ႕၏ စိုးရိမ္ေရမွတ္အထက္သို႔ (၂)ေပခြဲခန႔္ ေက်ာ္လြန္ေနၿပီး ေနာက္(၂)ရက္အတြင္း အဆိုပါျမစ္ေရသည္ ယင္းၿမိဳ႕၏ စိုးရိမ္ေရမွတ္အထက္တြင္ ဆက္လက္တည္ရွိႏိုင္ေၾကာင္း မိုးဇလမွ ထုတ္ျပန္ထားသည္။
ထို႔ျပင္ စစ္ေတာင္းျမစ္ေရသည္ မေဒါက္ၿမိဳ႕တြင္ ယင္းၿမိဳ႕၏ စိုးရိမ္ေရမွတ္ေအာက္(၁)ေပခန႔္တြင္ ေရာက္ရွိေနၿပီး ေနာက္(၁)ရက္အတြင္း ယင္းၿမိဳ႕၏ စိုးရိမ္ေရမွတ္သို႔ ေရာက္ရွိႏိုင္ေၾကာင္း သိရသည္။
အလားတူ ကုလားတန္ျမစ္ေရသည္ ေက်ာက္ေတာ္ၿမိဳ႕တြင္ ယင္းၿမိဳ႕၏ စိုးရိမ္ေရမွတ္ေအာက္ (၃)ေပခန႔္တြင္ေရာက္ရွိေနၿပီး ေနာက္(၂)ရက္အတြင္း ယင္းၿမိဳ႕၏ စိုးရိမ္ေရမွတ္သို႔ ေရာက္ရွိႏိုင္ေၾကာင္း မိုးဇလမွ သတိေပးထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ အဆိုပါေဒသမ်ားအတြင္းရွိ ျမစ္ကမ္းအနီးႏွင့္ ေျမနိမ့္ပိုင္းမ်ားတြင္ ေနထိုင္သူမ်ားအေနျဖင့္ အထူးသတိျပဳေနထိုင္ရန္ မိုးဇလမွ အသိေပးေျပာဆိုထားသည္။