အိန္ဒိယအရှေ့မြောက်ပိုင်းမှာ ပဋိပက္ခတွေအဆုံးသတ်ပြီး ငြိမ်းချမ်းရေးပြန်လည်ရရှိအောင်လုပ်ဆောင်ပေးမယ်လို့ ကတိပြုကြောင်း ဝန်ကြီးချုပ်မိုဒီ ပြော

484

ဂျန်ဇက် (NP News) - ဩဂုတ် ၁၅
အိန္ဒိယ ဝန်ကြီးချုပ် နရမ်ဒရာမိုဒီက နိုင်ငံအရှေ့မြောက်ပိုင်းမှာ ငြိမ်းချမ်းရေးပြန်လည်ရရှိဖို့ နဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ပြန်လည်ဖြစ်အောင်လုပ်ဆောင်ပေးသွားမယ်လို့ ကတိပြုပြောကြားလိုက်ပါတယ်။
မိုဒီဟာ သြဂုတ် ၁၅ ရက်နေ့မှာကျရောက်တဲ့ အိန္ဒိယနိုင်ငံရဲ့ ၇၇ နှစ်မြောက် လွတ်လပ်ရေးအခမ်းအနားမှာ မိန့်ခွန်း ပြောဆိုချိန်အတွင်း အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။
အိန္ဒိယအစိုးရအနေနဲ့ ပဋိပက္ခတွေဖြစ်ပွားနေတဲ့ မဏိပူရပြည်နယ်မှာ ငြိမ်းချမ်းမှုတွေ ပြန်လည်ရရှိအောင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်မိုဒီ က ပြောပါတယ်။ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှာ ပြီးခဲ့တဲ့ မေလ ကတည်းက တိုင်းရင်းသားလူမျိုးတွေကြား လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့ပြီး မတည်ငြိမ်မှုတွေဖြစ်ပွားနေ ကြောင်း သိရပါတယ်။
အိန္ဒိယဝန်ကြီးချုပ်က "ပြီးခဲ့တဲ့သီတင်းပတ်တွေက အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသ၊ အထူးသဖြင့် မဏိပူရပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်လာခဲ့တယ်။ အဲဒီတိုက်ခိုက်မှုတွေကြောင့် လူသေဆုံးမှုတွေ ရှိခဲ့တယ်။ မိခင်တွေ၊ သားသမီးတွေ ဆုံးရှုံးခဲ့ရတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ ငြိမ်းချမ်းမှုတွေ ပြန်လည်ရရှိလာခဲ့တယ်။ အိန္ဒိယနိုင်ငံသားတွေဟာ မဏိပူရပြည်နယ်နဲ့ အတူရပ်တည်သွားမှာပါ" လို့ ပြောပါတယ်။
ဒါ့အပြင် ဝန်ကြီးချုပ်မိုဒီက "မဏိပူရပြည်နယ်မှာ နေထိုင်နေတဲ့သူတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြန်လည်ရရှိခဲ့တဲ့ ငြိမ်းချမ်းရေးကို ပြည်နယ်အတွင်း အပြည့်အဝပြန်လည်ရရှိအောင် လုပ်ဆောင်သင့်တယ်။ မဏိပူရပြည်နယ်ရဲ့ ပဋိပက္ခတွေကို ငြိမ်းချမ်းရေးလမ်းကြောင်းကနေ အဖြေရှာသွားရမယ်" လို့ ပြောပါတယ်။
မိုဒီက အိန္ဒိယနိုင်ငံဟာ လာမယ့် ၂၅ နှစ်မှာ လွတ်လပ်ရေးရရှိတာနှစ် ၁ဝဝ ပြည့်တော့မှာဖြစ်ပြီး လာမယ့် ၂၅ နှစ်အတွင်းမှာ နိုင်ငံကို ဖွံ့ဖြိုးပြီးနိုင်ငံတစ်နိုင်ငံဖြစ်အောင် လုပ်ဆောင်သွားရမှာဖြစ်ကြောင်း ပြောပါတယ်။

Zawgyi Version;
အိႏၵိယအေရွ႕ေျမာက္ပိုင္းမွာ ပဋိပကၡေတြအဆုံးသတ္ၿပီး ၿငိမ္းခ်မ္းေရးျပန္လည္ရရွိေအာင္လုပ္ေဆာင္ေပးမယ္လို႔ ကတိျပဳေၾကာင္း ဝန္ႀကီးခ်ဳပ္မိုဒီ ေျပာ
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၁၅
အိႏၵိယ ဝန္ႀကီးခ်ဳပ္ နရမ္ဒရာမိုဒီက ႏိုင္ငံအေရွ႕ေျမာက္ပိုင္းမွာ ၿငိမ္းခ်မ္းေရးျပန္လည္ရရွိဖို႔ နဲ႔ ဖြံ႕ၿဖိဳးတိုးတက္မႈေတြ ျပန္လည္ျဖစ္ေအာင္လုပ္ေဆာင္ေပးသြားမယ္လို႔ ကတိျပဳေျပာၾကားလိုက္ပါတယ္။
မိုဒီဟာ ၾသဂုတ္ ၁၅ ရက္ေန႔မွာက်ေရာက္တဲ့ အိႏၵိယႏိုင္ငံရဲ႕ ၇၇ ႏွစ္ေျမာက္ လြတ္လပ္ေရးအခမ္းအနားမွာ မိန႔္ခြန္း ေျပာဆိုခ်ိန္အတြင္း အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။
အိႏၵိယအစိုးရအေနနဲ႔ ပဋိပကၡေတြျဖစ္ပြားေနတဲ့ မဏိပူရျပည္နယ္မွာ ၿငိမ္းခ်မ္းမႈေတြ ျပန္လည္ရရွိေအာင္ လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ဝန္ႀကီးခ်ဳပ္မိုဒီ က ေျပာပါတယ္။ အိႏၵိယႏိုင္ငံ မဏိပူရျပည္နယ္မွာ ၿပီးခဲ့တဲ့ ေမလ ကတည္းက တိုင္းရင္းသားလူမ်ိဳးေတြၾကား လက္နက္ကိုင္ပဋိပကၡမ်ားျဖစ္ပြားခဲ့ၿပီး မတည္ၿငိမ္မႈေတြျဖစ္ပြားေန ေၾကာင္း သိရပါတယ္။
အိႏၵိယဝန္ႀကီးခ်ဳပ္က "ၿပီးခဲ့တဲ့သီတင္းပတ္ေတြက အိႏၵိယႏိုင္ငံ အေရွ႕ေျမာက္ပိုင္းေဒသ၊ အထူးသျဖင့္ မဏိပူရျပည္နယ္မွာ အၾကမ္းဖက္တိုက္ခိုက္မႈေတြျဖစ္လာခဲ့တယ္။ အဲဒီတိုက္ခိုက္မႈေတြေၾကာင့္ လူေသဆုံးမႈေတြ ရွိခဲ့တယ္။ မိခင္ေတြ၊ သားသမီးေတြ ဆုံးရႈံးခဲ့ရတယ္။ ဒါေပမယ့္ ၿပီးခဲ့တဲ့ရက္ပိုင္းမွာေတာ့ ၿငိမ္းခ်မ္းမႈေတြ ျပန္လည္ရရွိလာခဲ့တယ္။ အိႏၵိယႏိုင္ငံသားေတြဟာ မဏိပူရျပည္နယ္နဲ႔ အတူရပ္တည္သြားမွာပါ" လို႔ ေျပာပါတယ္။
ဒါ့အျပင္ ဝန္ႀကီးခ်ဳပ္မိုဒီက "မဏိပူရျပည္နယ္မွာ ေနထိုင္ေနတဲ့သူေတြဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ျပန္လည္ရရွိခဲ့တဲ့ ၿငိမ္းခ်မ္းေရးကို ျပည္နယ္အတြင္း အျပည့္အဝျပန္လည္ရရွိေအာင္ လုပ္ေဆာင္သင့္တယ္။ မဏိပူရျပည္နယ္ရဲ႕ ပဋိပကၡေတြကို ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းကေန အေျဖရွာသြားရမယ္" လို႔ ေျပာပါတယ္။
မိုဒီက အိႏၵိယႏိုင္ငံဟာ လာမယ့္ ၂၅ ႏွစ္မွာ လြတ္လပ္ေရးရရွိတာႏွစ္ ၁ဝဝ ျပည့္ေတာ့မွာျဖစ္ၿပီး လာမယ့္ ၂၅ ႏွစ္အတြင္းမွာ ႏိုင္ငံကို ဖြံ႕ၿဖိဳးၿပီးႏိုင္ငံတစ္ႏိုင္ငံျဖစ္ေအာင္ လုပ္ေဆာင္သြားရမွာျဖစ္ေၾကာင္း ေျပာပါတယ္။