ဘရိုက်တန်ကွင်းလယ်လူကိုင်ဆီဒိုကို စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်(၁၁၅)သန်းဖြင့် ခေါ်ယူလိုက်တဲ့ ချဲလ်ဆီး

 490

Pika (NP News) - ဩဂုတ် ၁၅

ချဲလ်ဆီးအသင်းသည် ဘရိုက်တန်အသင်းကွင်းလယ်ကစားသမား ကိုင်ဆီဒိုကို စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၁၁၅)သန်းဖြင့် အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

အသက်(၂၁)နှစ်အရွယ်ကိုင်ဆီဒိုသည် ချဲလ်ဆီးအသင်းနှင့် (၈)နှစ်သက်တမ်းရှိ သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ခြေစွမ်းနှင့်ကစားနိုင်စွမ်းအပေါ်မူတည်ပြီး နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်ကိုပါ ထည့်သွင်းချုပ်ဆိုခဲ့ကြောင်းသိရသည်။ ကိုင်ဆီဒိုသည် ချဲလ်ဆီးအသင်းဂျာစီကိုဝတ်ဆင်ပြီး ကားတစ်စီးပေါ်တွင် ထိုင်ကာ ၎င်း၏မိခင်ဖြစ်သူကို ပွေ့ဖက်ထားသည့် ဗီဒီယိုဖိုင်တစ်ခုကို ချဲလ်ဆီးအသင်းဝက်ဘ်ဆိုက်တွင် တင်ထားခဲ့ကြောင်းသိရသည်။

ချဲလ်ဆီးအသင်းနှင့်သဘောတူညီချက်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ပြောင်းရွှေ့ကြေးပေါင် (၄ ဒသမ ၅) သန်းဖြင့် ဘရိုက်တန်အသင်းသို့ ပြောင်းရွှေ့လာခဲ့သော ကိုင်ဆီဒိုအတွက် စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ခုဖြစ်လာခဲ့ကြောင်းသိရသည်။ ချဲလ်ဆီးအသင်းနှင့် လီဗာပူးလ်အသင်းတို့သည့် ကိုင်ဆီဒိုကိုခေါ်ယူရန်အတွက် အပြိုင်အဆိုင်ကြိုးပမ်းခဲ့ကြပြီး ချဲလ်ဆီးအသင်းသည် စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ကိုင်ဆီဒိုကိုခေါ်ယူကာ လီဗာပူးလ်အသင်းကို ကျော်တက်နိုင်ခဲ့ခြင်းဖြစ်သည်။ ချဲလ်ဆီးအသင်းသည် ဩဂုတ် လ(၂၀)ရက်တွင် ဝက်စ်ဟမ်းအသင်းနှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ကိုင်ဆီဒိုသည် ဝက်စ်ဟမ်းအသင်းနှင့်ပွဲတွင် ပွဲဦးထွက်ဝင်ရောက်ကစားမည်ဖြစ်ကြောင်းသိရသည်။

zawgyi version
ဘ႐ိုက္တန္ကြင္းလယ္လူကိုင္ဆီဒိုကို စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္(၁၁၅)သန္းျဖင့္ ေခၚယူလိုက္တဲ့ ခ်ဲလ္ဆီး
Pika (NP News) - ဩဂုတ္ ၁၅

ခ်ဲလ္ဆီးအသင္းသည္ ဘ႐ိုက္တန္အသင္းကြင္းလယ္ကစားသမား ကိုင္ဆီဒိုကို စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္(၁၁၅)သန္းျဖင့္ အၿပီးသတ္ေခၚယူလိုက္ၿပီျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့သည္။

အသက္(၂၁)ႏွစ္အ႐ြယ္ကိုင္ဆီဒိုသည္ ခ်ဲလ္ဆီးအသင္းႏွင့္ (၈)ႏွစ္သက္တမ္းရွိ သေဘာတူစာခ်ဳပ္ကို ခ်ဳပ္ဆိုခဲ့ျခင္းျဖစ္ၿပီး ေျခစြမ္းႏွင့္ကစားႏိုင္စြမ္းအေပၚမူတည္ၿပီး ေနာက္ထပ္တစ္ႏွစ္သက္တမ္းတိုးခြင့္ကိုပါ ထည့္သြင္းခ်ဳပ္ဆိုခဲ့ေၾကာင္းသိရသည္။ ကိုင္ဆီဒိုသည္ ခ်ဲလ္ဆီးအသင္းဂ်ာစီကိုဝတ္ဆင္ၿပီး ကားတစ္စီးေပၚတြင္ ထိုင္ကာ ၎၏မိခင္ျဖစ္သူကို ေပြ႕ဖက္ထားသည့္ ဗီဒီယိုဖိုင္တစ္ခုကို ခ်ဲလ္ဆီးအသင္းဝက္ဘ္ဆိုက္တြင္ တင္ထားခဲ့ေၾကာင္းသိရသည္။

ခ်ဲလ္ဆီးအသင္းႏွင့္သေဘာတူညီခ်က္သည္ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ ေျပာင္းေ႐ႊ႕ေၾကးေပါင္ (၄ ဒသမ ၅) သန္းျဖင့္ ဘ႐ိုက္တန္အသင္းသို႔ ေျပာင္းေ႐ႊ႕လာခဲ့ေသာ ကိုင္ဆီဒိုအတြက္ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးတစ္ခုျဖစ္လာခဲ့ေၾကာင္းသိရသည္။ ခ်ဲလ္ဆီးအသင္းႏွင့္ လီဗာပူးလ္အသင္းတို႔သည့္ ကိုင္ဆီဒိုကိုေခၚယူရန္အတြက္ အၿပိဳင္အဆိုင္ႀကိဳးပမ္းခဲ့ၾကၿပီး ခ်ဲလ္ဆီးအသင္းသည္ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ ကိုင္ဆီဒိုကိုေခၚယူကာ လီဗာပူးလ္အသင္းကို ေက်ာ္တက္ႏိုင္ခဲ့ျခင္းျဖစ္သည္။ ခ်ဲလ္ဆီးအသင္းသည္ ဩဂုတ္ လ(၂၀)ရက္တြင္ ဝက္စ္ဟမ္းအသင္းႏွင့္ယွဥ္ၿပိဳင္ကစားရမည္ျဖစ္ၿပီး ကိုင္ဆီဒိုသည္ ဝက္စ္ဟမ္းအသင္းႏွင့္ပြဲတြင္ ပြဲဦးထြက္ဝင္ေရာက္ကစားမည္ျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.