မူဆယ်နယ်စပ်တွင် မြန်မာ-တရုတ် ငွေလဲနှုန်း မတည်ငြိမ်ခြင်းကြောင့် တရုတ်ငွေ အရောင်းပိတ်

2568
NP News - ဩဂုတ် ၁၇
မူဆယ်နယ်စပ်တွင် မြန်မာ-တရုတ် ငွေလဲလှယ်နှုန်းထား မြင့်တက်သွားခြင်းကြောင့် တရုတ်ငွေ အရောင်းပိတ်ထားရကြောင်း ငွေလဲလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
"တရုတ်ငွေ မရောင်းပေးဘူး။ အရောင်းပိတ်ထားတယ်။ တရုတ်ငွေ အရောင်းပိတ်သွားပြီ အဝယ်ပဲရှိတော့တာ။ တရုတ်ယွမ်ပေး ကျပ်ယူက ကြိုက်သလောက် လာလဲလို့ရပေမယ့် ကျပ်ပေး၊ ယွမ်ယူတော့ မပေးဘူး"ဟု ငွေလဲလှယ်လုပ်ငန်းလုပ်နေသည့်အမျိုးသမီးတစ်ဦးက ပြောသည်။
ဩဂုတ်လ ၁၇ ရက်တွင် ယွမ်ပေး၊ ကျပ်ယူဈေးအရ ယွမ် ၁၀၀ လျှင် မြန်မာကျပ်ငွေ (၅၀,၀၅၀)အထိ တရုတ်ငွေဈေး ထိုးတက်လာကြောင်းသိရသည်။
ယွမ်ငွေသည် အတက်ဖြင့်ရပ်တည်နေခြင်းကြောင့် ကုန်ဈေးနှုန်းများ အဆမတန် ဈေးတက်လာပြီး အခက်အခဲဖြစ်ပေါ်နေကြောင်း တစ်ပိုင်တစ်နိုင် အရောင်းဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
"ဈေးကတော့ အတက်ပဲရှိတယ်။ အကျမရှိဘူး။ ရောင်းရခက်နေပြီ။ ရောင်းပြီးရင် အဲဒီဈေးနဲ့ ပြန်ဝယ်လို့ မရဘူး ဖြစ်နေတယ်"ဟု အိမ်ဆိုင်ရောင်းသူတစ်ဦးက ပြောသည်။
နယ်စပ်သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် တရုတ်ဘက်မှကုန်ဝယ်ရန် တရုတ်ယွမ် ဝယ်ရခက်ခဲနေကြောင်းသိရသည်။
လက်ရှိ မြန်မာ - တရုတ် နယ်စပ်တွင် ငွေကြေး တတ်နိုင်သည့်သူများက တန်ဖိုးထိုးကျနေသည့် မြန်မာကျပ်ငွေကို လက်ထဲမထားကြဘဲ တရုတ်ငွေကို ရသမျှဝယ်ထားကြကြောင်း နယ်စပ်ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

zawgyi version
မူဆယ္နယ္စပ္တြင္ ျမန္မာ-တ႐ုတ္ ေငြလဲႏႈန္း မတည္ၿငိမ္ျခင္းေၾကာင့္ တ႐ုတ္ေငြ အေရာင္းပိတ္
NP News - ဩဂုတ္ ၁၇
မူဆယ္နယ္စပ္တြင္ ျမန္မာ-တ႐ုတ္ ေငြလဲလွယ္ႏႈန္းထား ျမင့္တက္သြားျခင္းေၾကာင့္ တ႐ုတ္ေငြ အေရာင္းပိတ္ထားရေၾကာင္း ေငြလဲလုပ္ငန္းလုပ္ကိုင္သူမ်ားထံမွ သိရသည္။
"တ႐ုတ္ေငြ မေရာင္းေပးဘူး။ အေရာင္းပိတ္ထားတယ္။ တ႐ုတ္ေငြ အေရာင္းပိတ္သြားၿပီ အဝယ္ပဲရွိေတာ့တာ။ တ႐ုတ္ယြမ္ေပး က်ပ္ယူက ႀကိဳက္သေလာက္ လာလဲလို႔ရေပမယ့္ က်ပ္ေပး၊ ယြမ္ယူေတာ့ မေပးဘူး"ဟု ေငြလဲလွယ္လုပ္ငန္းလုပ္ေနသည့္အမ်ိဳးသမီးတစ္ဦးက ေျပာသည္။
ဩဂုတ္လ ၁၇ ရက္တြင္ ယြမ္ေပး၊ က်ပ္ယူေဈးအရ ယြမ္ ၁၀၀ လွ်င္ ျမန္မာက်ပ္ေငြ (၅၀,၀၅၀)အထိ တ႐ုတ္ေငြေဈး ထိုးတက္လာေၾကာင္းသိရသည္။
ယြမ္ေငြသည္ အတက္ျဖင့္ရပ္တည္ေနျခင္းေၾကာင့္ ကုန္ေဈးႏႈန္းမ်ား အဆမတန္ ေဈးတက္လာၿပီး အခက္အခဲျဖစ္ေပၚေနေၾကာင္း တစ္ပိုင္တစ္ႏိုင္ အေရာင္းဆိုင္ပိုင္ရွင္တစ္ဦးကေျပာသည္။
"ေဈးကေတာ့ အတက္ပဲရွိတယ္။ အက်မရွိဘူး။ ေရာင္းရခက္ေနၿပီ။ ေရာင္းၿပီးရင္ အဲဒီေဈးနဲ႔ ျပန္ဝယ္လို႔ မရဘူး ျဖစ္ေနတယ္"ဟု အိမ္ဆိုင္ေရာင္းသူတစ္ဦးက ေျပာသည္။
နယ္စပ္သြင္းကုန္လုပ္ငန္းရွင္မ်ားအေနျဖင့္ တ႐ုတ္ဘက္မွကုန္ဝယ္ရန္ တ႐ုတ္ယြမ္ ဝယ္ရခက္ခဲေနေၾကာင္းသိရသည္။
လက္ရွိ ျမန္မာ - တ႐ုတ္ နယ္စပ္တြင္ ေငြေၾကး တတ္ႏိုင္သည့္သူမ်ားက တန္ဖိုးထိုးက်ေနသည့္ ျမန္မာက်ပ္ေငြကို လက္ထဲမထားၾကဘဲ တ႐ုတ္ေငြကို ရသမွ်ဝယ္ထားၾကေၾကာင္း နယ္စပ္ေဒသခံမ်ား၏ ေျပာျပခ်က္အရ သိရသည္။