လက်ဖက်များကို လက်ဖက်ဝိုင် အပါအဝင် တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ဆန်းသစ်သည့်နည်းလမ်းများဖြင့် ထုတ်လုပ်ရန်လိုအပ်ဟုဆို
913
ယွန်း (NP News) - သြဂုတ် ၁၇
လက်ဖက်များကို လက်ဖက်ဝိုင် အပါအဝင် တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ဆန်းသစ်တီထွင်သည့် နည်းလမ်း များဖြင့် ထုတ်လုပ်ရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းပြောကြားထားသည်။
စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က သြဂုတ်လ (၁၆)ရက်တွင် ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲ၌ အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ ၁၉၉၁- ၁၉၉၂ ခုနှစ်မှစ၍ လက်ဖက်တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရေးကို အမျိုးသားစီမံကိန်းအစီအစဥ်ဖြင့် ကာလတို(၅)နှစ် စီမံကိန်းများ ချမှတ်ဆောင်ရွက်ခဲ့ရာ ၂၀၂၀-၂၀၂၁ ခုနှစ်အထိ လက်ဖက်စိုက်ဧရိယာ ဧက(၂ ဒသမ ၃၉)သိန်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ထို့နောက် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် စိုက်ဧရိယာ ဧက(၂ ဒသမ ၄)သိန်းအထိ တိုးချဲ့စိုက်ပျိုးခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းသည် စီမံကိန်းမစတင်မီက ပိဿာ(၂၃၀)ခန့်ထွက်ရှိရာမှ စီမံကိန်းကာလနောက်ပိုင်းတွင် (၂၇၅)ပိဿာခန့်ထွက်ရှိခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားထားသည်။
အထွက်နှုန်းတိုးလာခဲ့သော်လည်း နိုင်ငံတကာအထွက်နှုန်းနှင့်နှိုင်းယှဥ်ပါက နည်းပါးနေခြင်းကြောင့် စိုက်ဧရိယာများကို ထပ်မံတိုးချဲ့ခဲ့ကြောင်း သိရသည်။
ထို့ပြင် တစ်ဧကအထွက်နှုန်းတိုးလာစေရန် မျိုးပြောင်းလဲခြင်း အပါအဝင် စိုက်ပျိုးရေးနည်းစနစ်များ၊ သွင်းအားစုထည့်သွင်းမှုများ၊ အပင်ပိုးမွှားရောဂါကာကွယ်ခြင်းနှင့် စက်ကိရိယာများ ပိုမိုသုံးစွဲခြင်းများကို မြန်မာနိုင်ငံလက်ဖက်အသင်းနှင့် ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းထားသည်။
အလားတူ လက်ဖက်များကို လက်ဖက်အစို၊ လက်ဖက်အခါးခြောက်၊ လက်ဖက်အချိုခြောက်၊ လက်ဖက်အချဥ်ခြောက်နှင့် လက်ဖက်ဝိုင် စသော တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ဆန်းသစ်တီထွင်သော နည်းလမ်းများဖြင့် ထုတ်လုပ်ရန်လည်းလိုကြောင်း ၎င်းက အသိပေးပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် လက်ဖက်စတင် ပေါက်ရောက်သည့် မူရင်းဒေသများတွင် ပါဝင်ပြီး မိရိုးဖလာစိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးပြီး မန္တလေးနှင့် စစ်ကိုင်းတို့တွင်လည်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။
၂၀၂၀-၂၀၂၁ ခုနှစ် စာရင်းများအရ စုစုပေါင်း လက်ဖက်အထွက် ပိဿာ(၆၉)သန်းခန့်ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် မြန်မာ့လက်ဖက်ကို ပြည်ပသို့တင်ပို့ရောင်းချခဲ့ရာ အမေရိကန်ဒေါ်လာ(၂ ဒသမ ၅)သန်းခန့်ရရှိခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
zawgyi version
လက္ဖက္မ်ားကို လက္ဖက္ဝိုင္ အပါအဝင္ တန္ဖိုးျမင့္ထုတ္ကုန္အျဖစ္ ဆန္းသစ္သည့္နည္းလမ္းမ်ားျဖင့္ ထုတ္လုပ္ရန္လိုအပ္ဟုဆို
ယြန္း (NP News) - ၾသဂုတ္ ၁၇
လက္ဖက္မ်ားကို လက္ဖက္ဝိုင္ အပါအဝင္ တန္ဖိုးျမင့္ထုတ္ကုန္အျဖစ္ ဆန္းသစ္တီထြင္သည့္ နည္းလမ္း မ်ားျဖင့္ ထုတ္လုပ္ရန္ ျပည္ေထာင္စုဝန္ႀကီးက တိုက္တြန္းေျပာၾကားထားသည္။
စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး ႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးမင္းေနာင္က ၾသဂုတ္လ (၁၆)ရက္တြင္ ဝန္ႀကီးဌာန အစည္းအေဝးခန္းမ၌က်င္းပခဲ့သည့္ အလုပ္႐ုံေဆြးေႏြးပြဲ၌ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံ၌ ၁၉၉၁- ၁၉၉၂ ခုႏွစ္မွစ၍ လက္ဖက္တိုးခ်ဲ႕စိုက္ပ်ိဳးထုတ္လုပ္ေရးကို အမ်ိဳးသားစီမံကိန္းအစီအစဥ္ျဖင့္ ကာလတို(၅)ႏွစ္ စီမံကိန္းမ်ား ခ်မွတ္ေဆာင္႐ြက္ခဲ့ရာ ၂၀၂၀-၂၀၂၁ ခုႏွစ္အထိ လက္ဖက္စိုက္ဧရိယာ ဧက(၂ ဒသမ ၃၉)သိန္းစိုက္ပ်ိဳးခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ၂၀၂၁-၂၀၂၂ ခုႏွစ္တြင္ စိုက္ဧရိယာ ဧက(၂ ဒသမ ၄)သိန္းအထိ တိုးခ်ဲ႕စိုက္ပ်ိဳးခဲ့ၿပီး တစ္ဧကပ်မ္းမွ်အထြက္ႏႈန္းသည္ စီမံကိန္းမစတင္မီက ပိႆာ(၂၃၀)ခန႔္ထြက္ရွိရာမွ စီမံကိန္းကာလေနာက္ပိုင္းတြင္ (၂၇၅)ပိႆာခန႔္ထြက္ရွိခဲ့ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက အသိေပးေျပာၾကားထားသည္။
အထြက္ႏႈန္းတိုးလာခဲ့ေသာ္လည္း ႏိုင္ငံတကာအထြက္ႏႈန္းႏွင့္ႏႈိင္းယွဥ္ပါက နည္းပါးေနျခင္းေၾကာင့္ စိုက္ဧရိယာမ်ားကို ထပ္မံတိုးခ်ဲ႕ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ တစ္ဧကအထြက္ႏႈန္းတိုးလာေစရန္ မ်ိဳးေျပာင္းလဲျခင္း အပါအဝင္ စိုက္ပ်ိဳးေရးနည္းစနစ္မ်ား၊ သြင္းအားစုထည့္သြင္းမႈမ်ား၊ အပင္ပိုးမႊားေရာဂါကာကြယ္ျခင္းႏွင့္ စက္ကိရိယာမ်ား ပိုမိုသုံးစြဲျခင္းမ်ားကို ျမန္မာႏိုင္ငံလက္ဖက္အသင္းႏွင့္ ဝန္ႀကီးဌာနတို႔ ပူးေပါင္းေဆာင္႐ြက္ရန္ ျပည္ေထာင္စုဝန္ႀကီးက တိုက္တြန္းထားသည္။
အလားတူ လက္ဖက္မ်ားကို လက္ဖက္အစို၊ လက္ဖက္အခါးေျခာက္၊ လက္ဖက္အခ်ိဳေျခာက္၊ လက္ဖက္အခ်ဥ္ေျခာက္ႏွင့္ လက္ဖက္ဝိုင္ စေသာ တန္ဖိုးျမင့္ထုတ္ကုန္မ်ားအျဖစ္ ဆန္းသစ္တီထြင္ေသာ နည္းလမ္းမ်ားျဖင့္ ထုတ္လုပ္ရန္လည္းလိုေၾကာင္း ၎က အသိေပးေျပာၾကားခဲ့သည္။
ျမန္မာႏိုင္ငံသည္ လက္ဖက္စတင္ ေပါက္ေရာက္သည့္ မူရင္းေဒသမ်ားတြင္ ပါဝင္ၿပီး မိ႐ိုးဖလာစိုက္ပ်ိဳးနည္းစနစ္မ်ားျဖင့္ စိုက္ပ်ိဳးထုတ္လုပ္လ်က္ရွိရာ ရွမ္းျပည္နယ္တြင္ အမ်ားဆုံးစိုက္ပ်ိဳးၿပီး မႏၲေလးႏွင့္ စစ္ကိုင္းတို႔တြင္လည္း စိုက္ပ်ိဳးထုတ္လုပ္လ်က္ရွိသည္။
၂၀၂၀-၂၀၂၁ ခုႏွစ္ စာရင္းမ်ားအရ စုစုေပါင္း လက္ဖက္အထြက္ ပိႆာ(၆၉)သန္းခန႔္ရွိခဲ့ၿပီး ၂၀၂၁ ခုႏွစ္တြင္ ျမန္မာ့လက္ဖက္ကို ျပည္ပသို႔တင္ပို႔ေရာင္းခ်ခဲ့ရာ အေမရိကန္ေဒၚလာ(၂ ဒသမ ၅)သန္းခန႔္ရရွိခဲ့ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။