ဝက်ကျောက်ကပ်ကို လူသားခန္ဓာကိုယ်ထဲ အစားထိုးကုသမှု ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နိုင်တော့မယ်လို့ဆို
1877
ရောင်နီ (NP News) - သြဂုတ် ၁၈
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ဝက်ရဲ့ကျောက်ကပ်ကို ကျောက်ကပ်ရောဂါခံစားနေရတဲ့ လူနာရဲ့ ခန္ဓာကိုယ် ထဲ ထည့်သွင်း ကုသမှုအောင်မြင်ခဲ့ပြီး ကျန်းမာရေးအခြေအနေတွေ ပိုမိုကောင်းမွန်လာတာကို တွေ့ရှိလာရတာ ကြောင့် အနာဂါတ်မှာ ဝက်ရဲ့ကျောက်ကပ်နဲ့ အစားထိုးကုသမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာနိုင်တော့မယ်လို့ ယူဆရပါတယ်။
နယူးယောက်မှာ အသက် ၅ဝ နှစ်အရွယ် အမျိုးသားဟာ ပြင်းထန်တဲ့ကျောက်ကပ်ရောဂါ နောက်ဆုံးအဆင့် ခံစားနေရပြီး ဝက်ရဲ့ကျောက်ကပ်နဲ့ အစားထိုးကုသမှုပြုလုပ်ပြီးနောက် မကြာမီ ၎င်းရဲ့ကိုယ်တွင်းအင်္ဂါတွေမှ ဆီး တွေ ပြန်ထွက်လာခဲ့ကြောင်း နယူးယောက်ရှိ NYU Langone Health မှ သုတေသီတွေက ဗုဒ္ဓဟူးနေ့ (သြဂုတ်လ ၁၅ ရက်) မှာ ပြောကြားခဲ့ပါတယ်။
အစားထိုး ကုသမှုကို လွန်ခဲ့တဲ့တစ်လကျော်က လုပ်ဆောင်ခဲ့တာဖြစ်ပြီး အခုထိ အစားထိုးထားတဲ့ ကျောက်ကပ်ဟာ ဆက်လက်အလုပ်လုပ်နေကြောင်း ၎င်းတို့က ဗုဒ္ဓဟူးနေ့ (သြဂုတ်လ ၁၆ ရက်) မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အဆိုပါ အစားထိုးကုသမှုဟာ လူ့ကိုယ်တွင်းအင်္ဂါတွေမှာ တိရစ္ဆာန်အင်္ဂါ ထည့်သွင်းအစားထိုး ကုသမှု ပြုလုပ်နိုင်ဖို့ အတွက် သိပ္ပံပညာရှင်တွေရဲ့နောက်ဆုံးပေါ် အောင်မြင်မှုဖြစ်ပါတယ်။ အမေရိကန်မှာ လူသန်း ၄ဝ နီးပါးဟာ နာတာရှည် ကျောက်ကပ်ရောဂါခံစားနေရပြီး နေ့စဉ် လူ ၁၇ ဦးခန့်ဟာ ကိုယ်တွင်းအင်္ဂါ အစားထိုးကုသဖို့ စောင့်ဆိုင်းနေကြရတယ်လို့ အမျိုးသားကျောက်ကပ်ဖောင်ဒေးရှင်းမှ ဖော်ပြချက်အရ သိရပါတယ်။
Xenotransplant လို့ ခေါ်တဲ့ အဆိုပါစမ်းသပ်မှု လုပ်ထုံးလုပ်နည်းဟာ "အသက်အန္တရာယ်ရှိ ရောဂါနဲ့ ရင်ဆိုင်နေရ တဲ့လူတွေအတွက် အစားထိုးအင်္ဂါတွေ ထောက်ပံ့မှုဖို့ အလားအလာရှိတဲ့ နောက်ထပ် အရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်တယ်" လို့ ဆေးဘက်ဆိုင်ရာစင်တာမှ ထုတ်ပြန်ခဲ့ပါတယ်။
ဝက်ရဲ့ကိုယ်တွင်းအင်္ဂါဟာ ၎င်းကို လူခန္ဓာကိုယ်မှာ ပိုမိုလက်ခံနိုင်စေဖို့ မျိုးဗီဇပြုပြင်မှုတွေလည်း ပြုလုပ်ခဲ့ရသေး တယ်လို့ သိရပါတယ်။
Zawgyi Version;
ဝက္ေက်ာက္ကပ္ကို လူသားခႏၶာကိုယ္ထဲ အစားထိုးကုသမႈ က်ယ္က်ယ္ျပန႔္ျပန႔္ ျပဳလုပ္ႏိုင္ေတာ့မယ္လို႔ဆို
ေရာင္နီ (NP News) - ၾသဂုတ္ ၁၈
အေမရိကန္ႏိုင္ငံ၊ နယူးေယာက္ၿမိဳ႕မွာ ဝက္ရဲ႕ေက်ာက္ကပ္ကို ေက်ာက္ကပ္ေရာဂါခံစားေနရတဲ့ လူနာရဲ႕ ခႏၶာကိုယ္ ထဲ ထည့္သြင္း ကုသမႈေအာင္ျမင္ခဲ့ၿပီး က်န္းမာေရးအေျခအေနေတြ ပိုမိုေကာင္းမြန္လာတာကို ေတြ႕ရွိလာရတာ ေၾကာင့္ အနာဂါတ္မွာ ဝက္ရဲ႕ေက်ာက္ကပ္နဲ႔ အစားထိုးကုသမႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ျပဳလုပ္လာႏိုင္ေတာ့မယ္လို႔ ယူဆရပါတယ္။
နယူးေယာက္မွာ အသက္ ၅ဝ ႏွစ္အ႐ြယ္ အမ်ိဳးသားဟာ ျပင္းထန္တဲ့ေက်ာက္ကပ္ေရာဂါ ေနာက္ဆုံးအဆင့္ ခံစားေနရၿပီး ဝက္ရဲ႕ေက်ာက္ကပ္နဲ႔ အစားထိုးကုသမႈျပဳလုပ္ၿပီးေနာက္ မၾကာမီ ၎ရဲ႕ကိုယ္တြင္းအဂၤါေတြမွ ဆီး ေတြ ျပန္ထြက္လာခဲ့ေၾကာင္း နယူးေယာက္ရွိ NYU Langone Health မွ သုေတသီေတြက ဗုဒၶဟူးေန႔ (ၾသဂုတ္လ ၁၅ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။
အစားထိုး ကုသမႈကို လြန္ခဲ့တဲ့တစ္လေက်ာ္က လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး အခုထိ အစားထိုးထားတဲ့ ေက်ာက္ကပ္ဟာ ဆက္လက္အလုပ္လုပ္ေနေၾကာင္း ၎တို႔က ဗုဒၶဟူးေန႔ (ၾသဂုတ္လ ၁၆ ရက္) မွာ သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။
အဆိုပါ အစားထိုးကုသမႈဟာ လူ႔ကိုယ္တြင္းအဂၤါေတြမွာ တိရစာၦန္အဂၤါ ထည့္သြင္းအစားထိုး ကုသမႈ ျပဳလုပ္ႏိုင္ဖို႔ အတြက္ သိပၸံပညာရွင္ေတြရဲ႕ေနာက္ဆုံးေပၚ ေအာင္ျမင္မႈျဖစ္ပါတယ္။ အေမရိကန္မွာ လူသန္း ၄ဝ နီးပါးဟာ နာတာရွည္ ေက်ာက္ကပ္ေရာဂါခံစားေနရၿပီး ေန႔စဥ္ လူ ၁၇ ဦးခန္႔ဟာ ကိုယ္တြင္းအဂၤါ အစားထိုးကုသဖို႔ ေစာင့္ဆိုင္းေနၾကရတယ္လို႔ အမ်ိဳးသားေက်ာက္ကပ္ေဖာင္ေဒးရွင္းမွ ေဖာ္ျပခ်က္အရ သိရပါတယ္။
Xenotransplant လို႔ ေခၚတဲ့ အဆိုပါစမ္းသပ္မႈ လုပ္ထုံးလုပ္နည္းဟာ "အသက္အႏၲရာယ္ရွိ ေရာဂါနဲ႔ ရင္ဆိုင္ေနရ တဲ့လူေတြအတြက္ အစားထိုးအဂၤါေတြ ေထာက္ပံ့မႈဖို႔ အလားအလာရွိတဲ့ ေနာက္ထပ္ အေရးႀကီးတဲ့ ေျခလွမ္းတစ္ခု ျဖစ္တယ္" လို႔ ေဆးဘက္ဆိုင္ရာစင္တာမွ ထုတ္ျပန္ခဲ့ပါတယ္။
ဝက္ရဲ႕ကိုယ္တြင္းအဂၤါဟာ ၎ကို လူခႏၶာကိုယ္မွာ ပိုမိုလက္ခံႏိုင္ေစဖို႔ မ်ိဳးဗီဇျပဳျပင္မႈေတြလည္း ျပဳလုပ္ခဲ့ရေသးတယ္လို႔ သိရပါတယ္။