အမေရိကန်မှာ ဆရာမတစ်ဦး စာသင်ခန်းအတွင်း လိင်ခွဲခြားမှုဆိုင်ရာစာအုပ် ဖတ်ပြခြင်းကြောင့် အလုပ်ထုတ်ခံရ

1190

ရောင်နီ (NP News) - ဩဂုတ် ၂၀
အမေရိကန်၊ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာမြို့ ဆင်ခြေဖုံးရပ်ကွက်ရှိ စာသင်ကျောင်းတစ်ခုမှာ ဆရာမတစ်ဦးက ပဉ္စမတန်း ကျောင်းသားတွေကို ကျားမလိင်ခွဲခြားမှုဆိုင်ရာ စာအုပ်တစ်အုပ်ကို ဖတ်ပြခဲ့ခြင်းကြောင့် အလုပ် ထုတ်ခံခဲ့ရကြောင်း သူမရဲ့ရှေ့နေက သောကြာနေ့(သြဂုတ်လ ၁၈ ရက်) မှာ ပြောကြားခဲ့ပါတယ်။
ကျောင်းအုပ်ကြီး မစ္စတာခရစ်ရက်ဒယ်လ်က အဆိုပါ စာအုပ်ဖတ်ပြခဲ့တဲ့ ကတ်သရင်းရင်ဒါလ်အမည်ရှိ ဆရာမကို စာချုပ်ရပ်စဲဖို့ ကြာသပတေးနေ့ (သြဂုတ်လ ၁၇ ရက်)မှာ Cobb County ပညာရေး ဘုတ်အဖွဲ့က ၄မဲ၊ ၃မဲနဲ့ အတည်ပြုခဲ့ကြောင်း အစည်းအဝေး မှတ်တမ်းတစ်ခုအရ သိရပါတယ်။
ဒီကိစ္စရပ်ကို ခရိုင်ကလည်း ကျေနပ်ပြီး "ကျွန်ုပ်တို့ရဲ့ စာသင်ခန်းတွေဟာ သင်ကြားမှု၊ သင်ယူမှုနဲ့ ကျောင်းသားများအတွက် အောင်မြင်မှုအတွက် အခွင့်အလမ်းတွေအပေါ် အာရုံစိုက်ထားဖို့အတွက်သာ အလေးအနက်ထားပါတယ်"လို့ Cobb County School District က သောကြာနေ့ (သြဂုတ်လ ၁၈ ရက်) ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။
မစ္စရင်ဒါလ်ဟာ အသက် ၃၃ နှစ်အ ရွယ် ဂျော်ဂျီယာပြည်နယ် အနောက် မြောက်ဘက်၊ အတ္တလန်တာမြို့ရှိ၊ Due West မူလတန်းကျောင်းမှ ဆရာမဖြစ်ပါတယ်။ ဖေဖော်ဝါရီလက သြစတြေးလျစာရေးဆရာ Scott Stuart ရဲ့ "My Shadow Is Purple" စာအုပ်တစ်အုပ်ကို ခရိုင်မှခွင့်ပြုထားတဲ့ စာအုပ်အရောင်းပြပွဲမှဝယ်ယူခဲ့ပြီး မတ်လ ၈ ရက်က အတန်းထဲမှာ ဖတ်ခဲ့တာ ဖြစ်ပါတယ်။ စာအုပ်ဟာ ကလေးရဲ့ အရိပ်အရောင်ကို ခရမ်းရောင်၊ ကလေးမိခင်ရဲ့ အရိပ်အရောင်ကို ပန်းရောင်၊ ဖခင်ရဲ့ အရိပ်အရောင်ကို အပြာရောင်နဲ့ ဖော်ပြထားတာ ဖြစ်ပါတယ်။ ၎င်းဟာ ကျားမ ခွဲခြားမှုကို အဓိကထားဖော်ပြထားတဲ့ စာအုပ်တစ်အုပ်ပါ။ သောကြာနေ့ (သြဂုတ်လ ၁၈ ရက်) က အင်တာဗျူးတစ်ခုမှာ မစ္စ ရိုင်ဒယ် က ကျောင်းသား၊ ကျောင်းသူတွေနဲ့ ကစားစရာများ၊ အားကစားများနဲ့ နှစ်သက်တဲ့ စာအုပ်များအကြောင်း ဆွေးနွေးခဲ့ကြရာမှ အဆိုပါ စာအုပ်ကို ဖတ်ပြခဲ့ခြင်း ဖြစ်ပါတယ်။ သူမ အဆိုပါ စာအုပ် ဖတ်ခြင်းကြောင့် မကျေမနပ်ဖြစ်နေတဲ့ မိဘအချို့ရဲ့ အီးမေးလ်များစွာ ရရှိခဲ့ပြီး ကျောင်းအုပ်ကြီး မစ္စတာရာဂ်ဒယ်လီ က မစ္စရင်ဒါလီကို စာတစ်စောင်နဲ့ တာဝန်တွေကို တမင်တကာ လျစ်လျူရှုမှု၊ အခြား လုံလောက်တဲ့ အကြောင်းတရားများအတွက် သူမရဲ့ အလုပ်အကိုင်ကို ရပ်စဲဖို့ ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါတယ်။
ကျား၊မ ခွဲခြားမှုဆိုင်ရာ “အငြင်းပွားဖွယ်” ခေါင်းစဉ်ဟာ အသက် ၁၀ နှစ်နဲ့ ၁၁ နှစ်အရွယ် ကျောင်းသားတွေအတွက် မသင့်လျော်ဘူး လို့ ၎င်းကဆိုခဲ့ပါတယ်။
ဒီအတွက် မစ္စရင်ဒယ်လ်ဟာ ပြည်နယ်ပညာရေးဘုတ်အဖွဲ့ဆီ အယူခံဝင်ရနိုင်တယ်လို့ သူရဲ့ ရှေ့နေ က ပြောကြားခဲ့ပါတယ်။
Zawgyi Version
အေမရိကန္မွာ ဆရာမတစ္ဦး စာသင္ခန္းအတြင္း လိင္ခြဲျခားမႈဆိုင္ရာစာအုပ္ ဖတ္ျပျခင္းေၾကာင့္ အလုပ္ထုတ္ခံရ
ေရာင္နီ (NP News) - ဩဂုတ္ ၂၀
အေမရိကန္၊ ေဂ်ာ္ဂ်ီယာျပည္နယ္၊ အတၱလန္တာၿမိဳ႕ ဆင္ေျခဖုံးရပ္ကြက္ရွိ စာသင္ေက်ာင္းတစ္ခုမွာ ဆရာမတစ္ဦးက ပၪၥမတန္း ေက်ာင္းသားေတြကို က်ားမလိင္ခြဲျခားမႈဆိုင္ရာ စာအုပ္တစ္အုပ္ကို ဖတ္ျပခဲ့ျခင္းေၾကာင့္ အလုပ္ ထုတ္ခံခဲ့ရေၾကာင္း သူမရဲ႕ေရွ႕ေနက ေသာၾကာေန႔(ၾသဂုတ္လ ၁၈ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။
ေက်ာင္းအုပ္ႀကီး မစၥတာခရစ္ရက္ဒယ္လ္က အဆိုပါ စာအုပ္ဖတ္ျပခဲ့တဲ့ ကတ္သရင္းရင္ဒါလ္အမည္ရွိ ဆရာမကို စာခ်ဳပ္ရပ္စဲဖို႔ ၾကာသပေတးေန႔ (ၾသဂုတ္လ ၁၇ ရက္)မွာ Cobb County ပညာေရး ဘုတ္အဖြဲ႕က ၄မဲ၊ ၃မဲနဲ႔ အတည္ျပဳခဲ့ေၾကာင္း အစည္းအေဝး မွတ္တမ္းတစ္ခုအရ သိရပါတယ္။
ဒီကိစၥရပ္ကို ခ႐ိုင္ကလည္း ေက်နပ္ၿပီး "ကြၽႏ္ုပ္တို႔ရဲ႕ စာသင္ခန္းေတြဟာ သင္ၾကားမႈ၊ သင္ယူမႈနဲ႔ ေက်ာင္းသားမ်ားအတြက္ ေအာင္ျမင္မႈအတြက္ အခြင့္အလမ္းေတြအေပၚ အာ႐ုံစိုက္ထားဖို႔အတြက္သာ အေလးအနက္ထားပါတယ္"လို႔ Cobb County School District က ေသာၾကာေန႔ (ၾသဂုတ္လ ၁၈ ရက္) ထုတ္ျပန္ခ်က္မွာ ေျပာၾကားခဲ့ပါတယ္။
မစၥရင္ဒါလ္ဟာ အသက္ ၃၃ ႏွစ္အ ႐ြယ္ ေဂ်ာ္ဂ်ီယာျပည္နယ္ အေနာက္ ေျမာက္ဘက္၊ အတၱလန္တာၿမိဳ႕ရွိ၊ Due West မူလတန္းေက်ာင္းမွ ဆရာမျဖစ္ပါတယ္။ ေဖေဖာ္ဝါရီလက ၾသစေၾတးလ်စာေရးဆရာ Scott Stuart ရဲ႕ "My Shadow Is Purple" စာအုပ္တစ္အုပ္ကို ခ႐ိုင္မွခြင့္ျပဳထားတဲ့ စာအုပ္အေရာင္းျပပြဲမွဝယ္ယူခဲ့ၿပီး မတ္လ ၈ ရက္က အတန္းထဲမွာ ဖတ္ခဲ့တာ ျဖစ္ပါတယ္။ စာအုပ္ဟာ ကေလးရဲ႕ အရိပ္အေရာင္ကို ခရမ္းေရာင္၊ ကေလးမိခင္ရဲ႕ အရိပ္အေရာင္ကို ပန္းေရာင္၊ ဖခင္ရဲ႕ အရိပ္အေရာင္ကို အျပာေရာင္နဲ႔ ေဖာ္ျပထားတာ ျဖစ္ပါတယ္။ ၎ဟာ က်ားမ ခြဲျခားမႈကို အဓိကထားေဖာ္ျပထားတဲ့ စာအုပ္တစ္အုပ္ပါ။ ေသာၾကာေန႔ (ၾသဂုတ္လ ၁၈ ရက္) က အင္တာဗ်ဴးတစ္ခုမွာ မစၥ ႐ိုင္ဒယ္ က ေက်ာင္းသား၊ ေက်ာင္းသူေတြနဲ႔ ကစားစရာမ်ား၊ အားကစားမ်ားနဲ႔ ႏွစ္သက္တဲ့ စာအုပ္မ်ားအေၾကာင္း ေဆြးေႏြးခဲ့ၾကရာမွ အဆိုပါ စာအုပ္ကို ဖတ္ျပခဲ့ျခင္း ျဖစ္ပါတယ္။ သူမ အဆိုပါ စာအုပ္ ဖတ္ျခင္းေၾကာင့္ မေက်မနပ္ျဖစ္ေနတဲ့ မိဘအခ်ိဳ႕ရဲ႕ အီးေမးလ္မ်ားစြာ ရရွိခဲ့ၿပီး ေက်ာင္းအုပ္ႀကီး မစၥတာရာဂ္ဒယ္လီ က မစၥရင္ဒါလီကို စာတစ္ေစာင္နဲ႔ တာဝန္ေတြကို တမင္တကာ လ်စ္လ်ဴရႈမႈ၊ အျခား လုံေလာက္တဲ့ အေၾကာင္းတရားမ်ားအတြက္ သူမရဲ႕ အလုပ္အကိုင္ကို ရပ္စဲဖို႔ ရည္႐ြယ္ထားေၾကာင္း ေျပာၾကားခဲ့ပါတယ္။
က်ား၊မ ခြဲျခားမႈဆိုင္ရာ “အျငင္းပြားဖြယ္” ေခါင္းစဥ္ဟာ အသက္ ၁၀ ႏွစ္နဲ႔ ၁၁ ႏွစ္အ႐ြယ္ ေက်ာင္းသားေတြအတြက္ မသင့္ေလ်ာ္ဘူး လို႔ ၎ကဆိုခဲ့ပါတယ္။
ဒီအတြက္ မစၥရင္ဒယ္လ္ဟာ ျပည္နယ္ပညာေရးဘုတ္အဖြဲ႕ဆီ အယူခံဝင္ရႏိုင္တယ္လို႔ သူရဲ႕ ေရွ႕ေန က ေျပာၾကားခဲ့ပါတယ္။